Asia
အမေရိကန် စည်းကြပ်ခွန်မူဝါဒ မသေချာမရေရာမှုက ဂျပန်လုပ်ငန်းရှင်လောကကို စိုးရိမ်မှုဖြစ်စေ
တိုကျို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရက နိုင်ငံနှင့် ဒေသအားလုံးမှ လာသော ကုန်စည်ပစ္စည်းများကို စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည့်အပေါ် ဂျပန်လုပ်ငန်းရှင်လောကအနေဖြင့် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန် စည်းကြပ်ခွန်မူဝါဒ မသေချာမရေရာမှုက ရင်းနှီးမြှုပ်နှံမှု အန္တရာယ်များကို ပိုမို သယ်ဆောင်လာနိုင်သည်ဟု ယူဆကြသည်။
ဂျပန်စီးပွားရေးလုပ်ငန်းအသင်းချုပ် (Keidanren) ဥက္ကဋ္ဌ Yoshinobu Tsutsui က အမေရိကန် စည်းကြပ်ခွန်မူဝါဒ မသေချာမရေရာမှုကြောင့် ဂျပန်ကုမ္ပဏီလုပ်ငန်းများက အလွန် ဝေဝေဝါးဝါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ “ကုမ္ပဏီလုပ်ငန်းလည်ပတ်သည့်ပတ်ဝန်းကျင်၏ ကြိုတင်ခန့်မှန်းနိုင်မှု ကျဆင်းလာပြီး ရင်းနှီးမြှုပ်နှံမှု သုံးသပ်ဆုံးဖြတ်မှုအန္တရာယ်က ထပ်တိုးလာကြောင်း” ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဂျပန် ကော်ပိုရိတ် အမှုဆောင်များအသင်း (Keizai Doyukai) အမှုဆောင်ကိုယ်စားလှယ် Akio Yamaguchi က ကျိုဒိုသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် “စောင့်ကြည့်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိဘူး” ဟု ပြောကြားခဲ့သည်။
လုပ်ငန်းများအနေဖြင့် အန္တရာယ်အသိကို တိုးမြှင့်သင့်သလို ထောက်ပံ့ရေးကွင်းဆက် အစီအမံများအား ကဏ္ဍစုံလင်စေရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ယူဆသည်။
အမေရိကန် စည်းကြပ်ခွန်မူဝါဒ အပြင်းအထန်ပြောင်းလဲမှုများက ဂျပန်လုပ်ငန်းရှင်များကို များစွာအခက်တွေ့စေပြီး ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲစေသည်ဟု ဆိုကြကြောင်း ဂျပန်မီဒီယာသတင်းတွင် ဖော်ပြထားသည်။
အမေရိကန် တရားရုံးချုပ်က အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” တွင် သမ္မတကို စည်းကြပ်ခွန် အကြီးအကျယ်ကောက်ခံသည့် အခွင့်အာဏာပေးအပ်ထားခြင်း မရှိကြောင်း ယူဆသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စီရင်ချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် ထရမ့်က နိုင်ငံနှင့် ဒေသအားလုံးမှလာသော ကုန်ပစ္စည်းများအပေါ် ၁၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်စည်းကြပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ကမ္ဘာ့ကုန်သွယ်ရေး မရေရာမှုများကို တစ်ဖန်ပြန်၍ အရှိန်မြင့်တက်စေခဲ့သည်။ (Xinhua)
—————–
(Chinese Version)
美关税政策不确定性令日本企业界担忧
新华社东京2月25日电(记者刘春燕 李诗萌)特朗普政府日前宣布对来自所有国家和地区的商品加征15%的关税,日本企业界表示担忧,认为美国关税政策不确定性将带来更多投资风险。
日本经济团体联合会会长筒井义信24日表示,美国关税政策不确定性令日本企业面临非常不透明的状况,“企业经营环境的可预见性下降,投资判断风险加大”。
同一天,日本经济同友会代表干事山口明夫在接受共同社采访时表示,企业“别无选择,只能静观其变”。他认为,企业应增强风险意识,考虑供应链多元化措施。
日本媒体报道说,美关税政策剧烈变动使日本企业人士叫苦不迭,表示难以应对。
美国最高法院20日公布裁决,认定美国《国际紧急经济权力法》未授权总统大规模征收关税。随后,特朗普宣布对来自所有国家和地区的商品加征15%的关税,令全球贸易不确定性再度上升。(完)
1. 2月20日,在日本东京,顾客在一家咖啡厅内休憩。新华社记者 贾浩成 摄
