Asia
ဆာနာအဲ တာကာအိချိက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များအား ဂျပန်ယန်းငွေ သောင်းချီတန်ဖိုးရှိ လက်ဆောင်ပဏ္ဏာများ ပေးဝေခဲ့သည်ဟု သတင်းထွက်ပေါ်
တိုကျို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက “ရွေးကောက်ခံရမှုအတွက် ဂုဏ်ပြုခြင်း” ဟူသောအမည်ဖြင့် အောက်လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးချယ်ခံရသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ်များအား ဂျပန်ယန်းငွေ သောင်းချီတန်ဖိုးရှိသည့် လက်ဆောင်ပဏ္ဏာများ ပေးဝေခဲ့ရာ ယင်းလုပ်ရပ်မှာ လူထုကြားတွင် အကြီးအကျယ် ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဂျပန် ကျိုဒိုသတင်းဌာနက သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက်တွင် အောက်လွှတ်တော်ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် တာကာအိချိ၏ ရုံး သက်ဆိုင်ရာဝန်ထမ်းများက ရွေးကောက်ခံရသော လွှတ်တော်အမတ်များ၏ဌာနဆိုင်ရာများသို့ လက်ဆောင်ပဏ္ဏာများ သီးခြားစီ သွားရောက်ဝေပေးခဲ့ကြောင်း၊ လက်ဆောင်ထုပ်ပေါ်တွင် ဂုဏ်ပြုကြောင်း စာသားနှင့်အတူ “ဆာနာအဲ တာကာအိချိ” ၏ လက်မှတ်ရှိရာ ၎င်းတို့အနက် အချို့လက်ဆောင်ပဏ္ဏာများ၏တန်ဖိုးမှာ ဂျပန်ယန်းငွေ ၃ သောင်းခန့် ရှိကြောင်း သတင်းအရ သိရသည်။
ဂျပန် “နိုင်ငံရေးရန်ပုံငွေ ထိန်းညှိတည့်မတ်ရေး ဥပဒေ” တွင် အစိုးရရာထူးဝင် ကိုယ်စားလှယ်လောင်းများ၏ နိုင်ငံရေးလှုပ်ရှားမှုများအား လှူဒါန်းပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ တာကာအိချိ၏ ဤလုပ်ရပ်မှာ သက်ဆိုင်ရာဥပဒေကို ချိုးဖောက်မှု ရှိ၊ မရှိနှင့်စပ်လျဉ်း၍ အကြီးအကျယ် အငြင်းပွားဖွယ်ဖြစ်စေခဲ့သည်။
ဂျပန်နိုင်ငံ ဟိုဆေးတက္ကသိုလ် ပါမောက္ခ Hiroshi Shiratori က လက်ဆောင်ပဏ္ဏာ ပေးဝေသည့် ရည်ရွယ်ချက်၊ သက်ဆိုင်ရာ ငွေကြေးအရင်းအမြစ်နှင့်စပ်လျဉ်း၍ တာကာအိချိအနေဖြင့် ပြည်သူများအပေါ် ရှင်းပြရန် တာဝန်ရှိကြောင်း ထောက်ပြခဲ့သည်။ သို့သော် ထိုမတိုင်မီကပင် တာကာအိချိ၏ ပင်ကိုယ် ကိုယ်ကျင့်တရားစံနှုန်းအပေါ် သံသယဖြစ်မှုများရှိခဲ့ကြောင်း၊ “ရန်ပုံငွေ အရှုပ်တော်ပုံ” အကျည်းတန်သတင်းသည် အတိုင်းအတာတစ်ခုအထိ အဆုံးသတ်သွားပြီဟု ထင်ရသည့်အခြေအနေတွင် ယခုလုပ်ရပ်မှာ အောက်လွှတ်တော်ရွေးကောက်ပွဲ၌ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က အမတ်နေရာ တိုးမြင့်လာပြီးနောက် အထင်ကြီးရောင့်တက်မှုနှင့် မောက်မာမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခံရခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အတိုက်အခံပါတီအင်အားစုကလည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တာကာအိချိအပေါ် ပို၍ ဝေဖန်တိုက်ခိုက်လာမည်မှာ မုချမသွေဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်သည်လည်း တာကာအိချိ၏ မတ်လကုန်မတိုင်မီ အတည်ပြုရန် စီစဉ်ထားသည့် ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကျိုဒိုသတင်းဌာနက ထောက်ပြထားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ “ရန်ပုံငွေ အရှုပ်တော်ပုံ” အကျည်းတန်သတင်း ထွက်ပေါ်ခဲ့သည်။ ယင်းမှာ အချို့သော အစုအဖွဲ့များက ၎င်းတို့၏ လွှတ်တော်အမတ်များကို နိုင်ငံရေး ရန်ပုံငွေရှာပွဲလက်မှတ်များအား ရည်ညွှန်းသတ်မှတ်ချက်များအတိုင်း ရောင်းချရန် တောင်းဆိုပြီး ကျော်လွန်သည့်ပမာဏကို “ကော်မရှင်စား” ပုံစံဖြင့် လွှတ်တော်အမတ်များအား ပြန်ပေးခဲ့ရာ သက်ဆိုင်ရာငွေကြေးများသည် နိုင်ငံရေး ရန်ပုံငွေ အရအသုံးအစီရင်ခံစာတွင် ထည့်သွင်းခြင်း မရှိဘဲ ကြီးကြပ်စီမံမှုမခံရသည့် လျှို့ဝှက် ငွေကြေးဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တာကာအိချိက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း “ရန်ပုံငွေ အရှုပ်တော်ပုံ” အကျည်းတန်သတင်းနှင့်ပတ်သက်သည့် နိုင်ငံရေးပုဂ္ဂိုလ်များစွာကို အစိုးရ၏ အရေးကြီးရာထူးနေရာများတွင် ခန့်အပ်ခဲ့ရုံသာမက ၎င်းကိုယ်တိုင်ကလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီလုပ်ငန်းများထံမှ နိုင်ငံရေးအလှူငွေကို စည်းမျဉ်းချိုးဖောက်၍ လက်ခံမှုကြောင့် တရားစွဲဆိုခံရပြီး ဂျပန်လူမှုအသိုက်အဝန်းတွင် ပြင်းပြင်းထန်ထန်မကျေနပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)


——————–
(Chinese Version)
高市早苗被曝向自民党议员发放数万日元礼品
新华社东京2月25日电(记者李子越 陈泽安)日本共同社24日援引多名相关人士消息报道,日本首相高市早苗以“祝贺当选”为名,向在众议院选举中当选的自民党议员发放价值数万日元的礼品,此举引发巨大舆论争议。
据报道,8日众议院选举结束后,高市事务所相关人员曾前往当选议员的事务所逐一发放礼品。礼品包装纸上标有表示祝贺的字样,并落款“高市早苗”,其中部分礼品价值约3万日元。
日本《政治资金规正法》中对于向公职候选人政治活动进行捐赠有严格规定。高市此举是否涉嫌违反相关法律引发巨大争议。日本法政大学教授白鸟浩指出,关于礼品发放目的及相关资金来源,高市对国民负有说明责任。但在此之前,高市本人的道德水准已受到质疑;在“黑金”丑闻看似告一段落的氛围下,此举难免被解读为自民党在众议院选举中议席增加后的自满与傲慢。
共同社还指出,在野党势必会围绕这一问题对高市加以批评,该事件也可能影响高市计划于3月底前通过2026年度预算案。
2023年底,自民党被曝出“黑金”丑闻,部分派阀要求所属议员按指标出售政治筹款派对券,将超额部分以“回扣”形式返还给议员,而相关资金并未登记在政治资金收支报告中,成为不受监管的秘密资金。高市2025年10月就任首相后,不仅任命多名涉“黑金”丑闻的政治人物担任政府要职,其本人还于同年12月因违规收受企业政治捐款遭到起诉,引发日本社会强烈不满。(完)
1. 2月24日,在日本东京的众议院第二议员会馆前,民众手持标语参加抗议活动。新华社记者 贾浩成 摄
