Asia
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ နယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွား
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက် နေရာများစွာ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်သတင်းအရင်းအမြစ်က ထိုနေ့တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ပစ်ခတ်မှုအတွင်း လက်နက်ကြီးများ အသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ လူထိခိုက်သေဆုံးကြောင်း အစီရင်ခံတင်ပြမှု မရှိသေးဟု သတင်းအရင်းအမြစ်က ဆိုသည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်သည် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် နှစ်နိုင်ငံနယ်စပ်ရှိ Torkham နှင့် Tirah ဒေသတို့၌ ယာယီပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုနေ့အစောပိုင်းတွင် ပါကစ္စတန် ဝန်ကြီးချုပ် ပြောခွင့်ရပုဂ္ဂိုလ်က လူမှုမီဒီယာပလက်ဖောင်းတွင် အတည်ပြုခဲ့သည်။ အာဖဂန်နစ္စတန်ဘက်က အထက်ပါဒေသတွင် အမြောက်ဖြင့်ပစ်ခတ်မှု စတင်လုပ်ဆောင်ခဲ့ရာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ချက်ချင်းတုံ့ပြန်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်အစိုးရအနေဖြင့် “မိမိနိုင်ငံသားများအား ဆက်လက်ကာကွယ်၍ မိမိပိုင်နက်နယ်မြေပြည့်စုံမှုအား စောင့်ရှောက်သွားမည်” ဖြစ်ကြောင်း ထို ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Mawlawi Siddiqullah Nusrat က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ပါကစ္စတန်စစ်တပ်က ပုံမှန်ကင်းလှည့်မှု လုပ်ဆောင်နေသော အာဖဂန်နစ္စတန်လူပုဂ္ဂိုလ်များအား ပစ်ခတ်ခြင်းကြောင့်ဖြစ်သည်ဟု ထိုနေ့တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်အဖွဲ့ဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုခဲ့သည်။ ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်ဒေသအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၁၈ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
巴基斯坦与阿富汗再度发生边境交火
新华社伊斯兰堡2月24日电(记者杨恺)巴基斯坦军方消息人士24日告诉新华社记者,巴基斯坦与阿富汗部队当天夜间在巴阿边境沿线多点发生交火,目前交火正在进行中。
消息人士表示,双方在交火中均使用了重型武器,截至目前尚未有人员伤亡的报告。
24日早些时候,巴基斯坦总理新闻发言人在社交媒体平台上证实,巴基斯坦与阿富汗当天下午在两国边境的多尔哈姆和蒂拉赫地区发生短暂交火。该发言人说,阿方在上述地区发起炮击,巴安全部队立即做出回应,巴基斯坦政府将“继续保护其公民,捍卫其领土完整”。
阿富汗国防部副发言人西迪库拉·努斯拉特当天对新华社记者说,双方发生交火的原因是巴基斯坦军队向正在进行例行巡逻的阿富汗人员开火。
巴基斯坦军方21日夜间对巴阿边境地区发动空袭,称空袭导致超过80名恐怖分子死亡。阿富汗政府发言人穆贾希德22日说,巴军方空袭了阿巴边境地区,造成18人死亡、5人受伤。(完)
图说:2月22日,当地居民在阿富汗东部楠格哈尔省遭空袭的地点附近查看。新华社发(塞夫拉赫曼·萨菲摄)
