Connect with us

Asia

နာအဲ တာကာအိချိ၏ အန္တရာယ်ရှိသော မူဝါဒဦးတည်ချက်များကို ဂျပန်ပြည်သူလူထု စုဝေးဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အောက်လွှတ်တော် ဒုတိယမြောက် လွှတ်တော်အမတ်အဆောက်အဦ ရှေ့၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ကြသော ပြည်သူလူထုအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဂျပန်ပြည်သူလူထုအမြောက်အမြားသည် ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် တိုကျိုမြို့ရှိ အောက်လွှတ်တော် ဒုတိယမြောက် လွှတ်တော်အမတ် အဆောက်အဦရှေ့တွင် စုဝေးကာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လတ်တလော အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ လက်နက်ပြင်ဆင်မှု ဖြည့်တင်းတိုးချဲ့ခြင်းနှင့် နိုင်ငံထောက်လှမ်းရေးစွမ်းရည်ကို အားကောင်းစေခြင်း စသည့် မူဝါဒများကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဂျပန်၏ အနာဂတ်ဦးတည်ချက်နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။

ယခုအကြိမ် လူထုစုဝေးပွဲကို မြို့နေပြည်သူအဖွဲ့အစည်းများစွာက ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများသည် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို ဆန့်ကျင်ပါတယ်”၊ “ဖက်ဆစ်ဝါဒကို လှောင်အိမ်ကနေ မလွှတ်ပေးပါနဲ့” ဟု ရေးသားထားသော ဘုတ်ပြားများကို ကိုင်ဆောင်ထားပြီး “စစ်ပွဲအလိုမရှိ” စသည့် ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြသူ Noriko Kashikawa က မိမိသည် တာကာအိချိ၏ မူဝါဒ အဆိုပြုချက်ကို “ရာခိုင်နှုန်းပြည့် ကန့်ကွက်တယ်” ဟု သတင်းထောက်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် “အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားသည့်” လမ်းကြောင်းပေါ်ကို ခေါ်ဆောင်သွားခံနေရလျက်ရှိပြီး အကယ်၍ စစ်ပွဲသို့ လျှောက်လှမ်းရန် စဉ်ဆက်မပြတ် လှုံ့ဆော်ခံရပါက “နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းဆီကိုသာ ဦးတည်သွားလိမ့်မယ်” ဟု ၎င်းက ယူဆသည်။ ဂျပန်နိုင်ငံအနေဖြင့် အပြန်အလှန်ဆွေးနွေးမှု အဟန့်အတားဖြစ်စေသော ဥပဒေများ ရေးဆွဲခြင်း သို့မဟုတ် ပြင်ပထံ သဘောထားတင်းမာသော လူမှုရေးပတ်ဝန်းကျင် ဖန်တီးခြင်းတို့ မပြုလုပ်သင့်ဘဲ အပြန်အလှန်ဆွေးနွေးမှုနှင့် သံတမန်ရေး နည်းလမ်းများမှတစ်ဆင့် အခက်အခဲများကို ကျော်လွှားသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စုဝေးပွဲတွင် လူငယ်များစွာလည်း ပါဝင်ဆန္ဒပြခဲ့သည်။ တက္ကသိုလ်ကျောင်းသူ Matsubara က တာကာအိချိ၏ လတ်တလော မူဝါဒများစွာ ဦးတည်ချက်အပေါ် စိုးရိမ်ပူပန်ကြောင်း၊ “အဲဒီမူဝါဒတွေက စစ်ပွဲစတင်ဖို့ အသင့်ပြင်နေပုံနဲ့တူတယ်”၊ ပြည်သူများ၏ တောင်းဆိုသံကို ပိုမိုထင်ထပ်စေနိုင်မည့် အစိုးရတစ်ရပ် ထွက်ပေါ်လာရန် ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယခုလ ၂၀ ရက်တွင် တာအာအိချိက လွှတ်တော်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ မူဝါဒမိန့်ခွန်းအား လွှတ်တော်၌ ပြောကြားစဉ် မြှင့်တင်ဆောင်ရွက်လျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြင်းပြသော ဆန္ဒကို ထပ်မံ ပြောကြားခဲ့ပြီး အခြေခံမှ ဂျပန် ခုခံကာကွယ်ရေးအင်အားကို အားကောင်းစေရန်၊ သေစေနိုင်သော လက်နက်များ တင်ပို့မှုကို တိုးချဲ့ရန်၊ နိုင်ငံထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ရန် စသည့် ကွန်ဆာဗေးတစ် အငွေ့အသက် ပြင်းထန်သော မူဝါဒများကို အဆိုပြုခဲ့သည်။ သက်ဆိုင်ရာ ပြောကြားချက်များသည် ဂျပန်လူမှုရေးအသိုင်းအဝိုင်းတွင် စိုးရိမ်ပူပန်မှု၊ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အောက်လွှတ်တော် ဒုတိယမြောက် လွှတ်တော်အမတ်အဆောက်အဦရှေ့၌ ပြည်သူများက စာရေးသားထားသော ဘုတ်ပြားများ ကိုင်ဆောင်၍ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
日本民众集会抗议高市早苗危险政策动向
新华社东京2月25日电(记者李子越 杨智翔)大批日本民众24日晚在东京众议院第二议员会馆前举行集会,抗议首相高市早苗近期推动加速修宪、扩充军备、强化国家情报能力等政策,对日本未来走向表达担忧。
此次集会由多个市民团体联合发起,现场民众手举“反对修宪”“不要把法西斯主义从牢笼里放出来”等标语牌,高喊“不要战争”等口号。
抗议者柏川典子在接受记者采访时表示,自己“百分之百反对”高市的政策主张。她认为,日本正被引向“随时准备打仗”的轨道,如果被持续煽动走向战争,“最终只会走向自我毁灭”。她还表示,日本应通过对话和外交的方式克服困难,而非制定妨碍对话的法律,或营造对外强硬的社会氛围。
现场也有不少年轻面孔。大学生松原对高市近期一系列政策动向感到担忧,“这些政策看起来都像是在为发动战争做准备”。她希望出现一个更能反映国民声音的政府。
本月20日,高市在国会发表施政方针演说时,再次表达强烈的修宪意愿,并提出将从根本上强化日本防卫力量、扩大杀伤性武器出口、提升国家情报能力等具有强烈保守色彩的政策。相关表态在日本社会引发广泛担忧与批评。(完)
图说1:2月24日,在日本东京的众议院第二议员会馆前,民众参加抗议活动。新华社记者 贾浩成 摄
图说2:2月24日,在日本东京的众议院第二议员会馆前,民众手持标语参加抗议活动。 新华社记者 贾浩成 摄