Latin America
အမေရိကန်၏ စည်းကြပ်ခွန်အသစ် တိုးမြှင့်ကောက်ခံခြင်းက နိုင်ငံတကာကုန်သွယ်ရေးပြိုင်ဆိုင်မှု အခင်းအကျင်းကို ပြောင်းလဲစေမည်ဟု ဘရာဇီး စီးပွားရေးပညာရှင်များ ယူဆ
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဘရာဇီး စီးပွားရေးပညာရှင်အများအပြားက အမေရိကန်သမ္မတထရမ့်၏ နိုင်ငံနှင့်ဒေသအားလုံးမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် မကြာသေးမီရက်က ကြေညာချက်သည် ကုန်သွယ်ဖက်အသီးသီးအပေါ် မတူညီသောသက်ရောက်မှုများ ရှိခဲ့ပြီး ရေရှည်ကြည့်လျှင် ဤလုပ်ဆောင်ချက်သည် နိုင်ငံတကာကုန်သွယ်ရေးပြိုင်ဆိုင်မှု အခင်းအကျင်းကို ပြောင်းလဲစေကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှေးကွေးစေမည်ဟု ယူဆကြသည်။
၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန်နှုန်းထားသည် ယခင်က ဘရားဇီမှ အချို့ကုန်စည်များအပေါ် ကောက်ခံသော အခွန်နှုန်းထားများထက် နည်းသော်ငြားလည်း ဤလုပ်ရပ်သည် အမေရိကန်နိုင်ငံ၏ အလုံးစုံ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးအဆင့်ကို မြှင့်တင်လိုက်ပြီး နောက်ဆုံးတွင် ဘရာဇီးစသည့် ကုန်စည်တင်ပို့သည့်နိုင်ငံများကို ထိခိုက်စေမည်ဖြစ်ကြောင်း ဘရာဇီးစီပွားရေးမီဒီယာ ထုတ်ပြန်သော သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံက စည်းကြပ်ခွန်နှုန်းထားကို တစ်ပြေးညီ လုပ်ဆောင်ခြင်းသည် ပို့ကုန်နိုင်ငံများအကြား ယှဉ်ပြိုင်မှုအခင်းအကျင်းကို ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ “နိုင်ငံအားလုံးက တူညီတဲ့စည်းကြပ်ခွန်အတားအဆီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယှဉ်ပြိုင်မှုအားသာချက်တွေက ကုန်သွယ်ရေးသဘောတူညီချက် ဒါမှမဟုတ် သီးခြားပိတ်ဆို့မှုတွေအပေါ်မှာ မူတည်တော့မှာမဟုတ်ဘဲ ငွေလဲလှယ်နှုန်း၊ ထုတ်လုပ်နှုန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ် စတဲ့ ဖွဲ့စည်းပုံဆိုင်ရာအချက်တွေပေါ်မှာ ပိုပြီး မူတည်လိမ့်မယ်” ဟု ဘရာဇီးနိုင်ငံ ဆော်ပေါ်လို The Pontifical Catholic University မှ နိုင်ငံရေးစီးပွားရေးပါမောက္ခ André Portela က ယူဆသည်။
အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် နိုင်ငံတကာကုန်သွယ်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာကုန်စည်ဝယ်လိုအားအပေါ် အပျက်သဘော သက်ရောက်စေနိုင်ကြောင်း André Portela က သတိပေးခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအားသာချက်ရဲ့ နေ့စဉ်ကွဲပြားလာမှုဟာ တိုးတက်မှုနှေးကွေးစေပြီး နောက်ဆုံးမှာ ကုန်စည်တင်ပို့တဲ့နိုင်ငံတွေကို ထိခိုက်စေမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စည်းကြပ်ခွန် အသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စီးဆင်းမှုကို နှောင့်ယှက်နိုင်ပြီး နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ပြန်လည်ဖွဲ့စည်းမှု ဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် လက်ရှိတွင် စီးပွားရေးအုပ်စုအချို့သည် အချို့သော မဟာဗျူဟာမြောက် ထုတ်ကုန်များ ပေးသွင်းသူများအပေါ် မှီခိုမှုကို လျှော့ချရန် ရှာဖွေလျက်ရှိသည်ကို ထည့်သွင်းစဉ်စားမိကြောင်း၊ “အကယ်၍ အခြားနိုင်ငံတွေကလည်း အလားတူအစီအမံတွေနဲ့ တုံ့ပြန်ပါက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု နှေးကွေးသွားနိုင်စေတယ်” ဟု XP ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ စီးပွားရေးပညာရှင် Luiza Pinese ကလည်း ယူဆထားသည်။ (Xinhua)
………………….
(Chinese Version)
巴西专家认为美加征新关税将改变国际贸易竞争格局
新华社里约热内卢2月24日电(记者赵焱)多名巴西经济学家认为,美国总统特朗普日前宣布对来自所有国家和地区的商品加征15%的关税,对各贸易伙伴产生不同影响,从长远来看此举将改变国际贸易竞争格局,导致全球经济增长放缓。
巴西经济媒体发布的评估报告显示,虽然15%的关税税率低于此前美方对巴西部分商品征收的税率,但此举提高了美国整体的贸易保护力度,最终会影响巴西等大宗商品出口国。
巴西圣保罗天主教大学政治经济学教授安德烈·佩尔费托认为,美国采用统一关税税率会改变出口国之间的竞争格局。“当所有国家都面临相同关税壁垒时,竞争优势不再取决于贸易协议或特定制裁,而是更多取决于汇率、生产率和物流成本等结构性因素。”
佩尔费托警告,美国推行保护主义可能对国际贸易增长和全球大宗商品需求产生负面影响。“全球经济优势的日益分散会导致增长放缓,最终会影响到大宗商品出口国。”
XP投资公司经济学家路易莎·皮内塞也认为,新关税可能扰乱全球贸易流动,并导致国际供应链重组,特别是考虑到目前一些经济体正寻求降低对某些战略产品供应商的依赖度,“如果其他国家采取类似措施予以回应,可能会导致全球贸易放缓”。(完)
图说1:这是2025年12月2日在美国首都华盛顿拍摄的白宫。新华社记者胡友松摄
