International Organizations
ဂျပန် စသည့် အနည်းစုနိုင်ငံများ၏ မမှန်မကန် ပြောကြားချက်ကို တရုတ်ကိုယ်စားလှယ် ပြင်းပြင်းထန်ထန် ချေပပြောကြား
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဂျပန် စသည့် အနည်းစုနိုင်ငံမှ ကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် မမှန်မကန် ပြောကြားချက်များကို တရုတ်ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၅ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် အစည်းအဝေး အဆင့်မြင့်ဆွေးနွေးပွဲတွင် ပြင်းပြင်းထန်ထန် ချေပပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၊ ရှီးဇန့်ဒေသ၏ စီးပွားရေးမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး လူမှုရေး တည်ငြိမ်မှုရှိကာ တိုင်းရင်းသားပြည်သူအသီးသီး၏ အခွင့်အရေးအမျိုးမျိုးသည်လည်း အာမခံချက်အပြည့်အဝရရှိခဲ့ကြောင်း တရုတ်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ ဖော်ဆောင်ခဲ့ချိန်မှစ၍ ဟောင်ကောင်သည် စီမံအုပ်ချုပ်မှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့လျှောက်လှမ်းသော အဆင့်သစ်များဆီ ရောက်ရှိခဲ့ကြောင်း၊ ဂျပန် စသည့် နိုင်ငံများက အတုအယောင်သတင်းများ ဖြန့်ကာ တရုတ်နိုင်ငံကို ပုတ်ခတ်တိုက်ခိုက် ပြောဆိုခဲ့ရာ တရုတ်နိုင်ငံသည် အပြင်းအထန် ကန့်ကွက်သလို အခိုင်အမာ ပယ်ချကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြားနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ဂျပန်နိုင်ငံက ထင်ရာလျှောက်ပြောနေခြင်းသည် ၎င်းပင်ကို၏ လူ့အခွင့်အရေးဆိုင်ရာ သိမ်ဖျင်းခြင်းကို ဖုံးကွယ်၍မရနိုင်ကြောင်း၊ ဂျပန်နိုင်ငံသည် “အမျိုးသမီးလိင်ကျွန်” စသည့် ကိစ္စရပ်များတွင် သမိုင်းတာဝန်များကို တာဝန်ယူရန် ငြင်းဆိုခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့ပြီး လက်စားချေခြင်း၊ ဖိအားပေးခြင်းဖြင့် နှုတ်ဆိတ်စေသည့် သက်ရောက်မှု (Chilling Effect) ကို ဖန်တီးခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ကျူးကျော်မှုစစ်ပွဲများ စတင်လုပ်ဆောင်ခဲ့ပြီး ပြင်းထန်သော စစ်ရာဇဝတ်မှုများ ကျူးကျော်ခဲ့သော်လည်း အမှားများကို မည်သည့်အခါကမျှ နက်ရှိုင်းစွာ ပြန်လည်ဆင်ခြင်ခြင်းမရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား အမှားများကို ချက်ချင်း ပြန်လည်ဆင်ခြင်ရန် တိုက်တွန်းကြောင်း၊ သို့မဟုတ်ပါက သမိုင်းဖြစ်ရပ်အမှားများ ထပ်မံဖြစ်ပွားမည်ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ်က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
中国代表严厉驳斥日本等少数国家不实言论
新华社日内瓦2月26日电 中国代表25日在联合国人权理事会第61届会议高级别会议上对日本等少数国家发表涉华不实言论予以严厉驳斥。
中国代表指出,当前新疆、西藏经济持续发展,社会稳定,各族人民各项权利得到充分保障。香港国安法实施以来,香港进入了由治及兴的新阶段。日本等国家散布虚假信息,攻击抹黑中国,中方强烈反对、坚决拒绝。
中国代表强调,日本对别国人权状况说三道四掩盖不了自身人权劣迹。日本在“慰安妇”等问题上拒不承担历史责任,无视联合国人权机制关切,通过报复施压制造“寒蝉效应”。日本曾发动侵略战争,犯下严重战争罪行,却从未深刻反省。中方敦促日本立即反省,否则将重蹈历史覆辙。(完)
图说:这是2025年6月16日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄
