Connect with us

Asia

မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယား သမ္မတ ဆို

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော် ဧည့်ဂေဟာတွင် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က နိုင်ငံခြားမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆက်လက်ကြိုးပမ်းပြီး ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကိုရီးယားကျွန်းဆွယ်သည် နောက်ဆုံးတွင် ဖွဲ့စည်းပုံအသွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

လီဂျေမြောင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် သမ္မတအိမ်တော် အိမ်‌ပြာတော်၌ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေး ပုံမှန်အသွင်ဖော်ဆောင်ရန်အတွက် ကြာရှည်သည့်ကာလအတွင်း စုပုံလာသော ရန်လိုမှုခံစားချက်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း၊ ယင်းကို ခေတ်ကိုပြောင်းလဲစေနိုင်သည့် အစီအမံတစ်ခုဖြင့် တဒင်္ဂအတွင်း ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ယနေ့အထိ မြောက်ကိုရီးယားကို အရှက်ခွဲခြင်း ဒါမှမဟုတ် ခြိမ်းခြောက်ခြင်း လုပ်ရပ်တွေက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ တောင်ကိုရီးယားရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် အထောက်အကူပြုခြင်း ရှိ၊ မရှိကို ကျွန်တော်တို့ ပြန်လည်လေးလေးနက်နက် ဆန်းစစ်သင့်ပါတယ်” ဟု လီဂျေမြောင်က အလေးထားပြောကြားခဲ့သည်။

ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းသည် ၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံကာလအတွင်း လုပ်ငန်းအစီရင်ခံစာတင်ပြရာ၌ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ဆက်ဆံရေးနှင့်စပ်လျဉ်း၍ မြောက်ကိုရီးယားသည် တောင်ကိုရီးယားအား “လုံးဝရန်သူနိုင်ငံ၊ ရာသက်ပန်ရန်သူ” အဖြစ်ရှုမြင်ကြောင်း၊ မြောက်ကိုရီးယားသည် မြောက်ကိုရီးယား-တောင်ကိုရီးယားဆက်ဆံရေးကို ရန်လိုမှုအရှိဆုံးနိုင်ငံနှင့်နိုင်ငံအကြား ဆက်ဆံရေးအဖြစ် သတ်မှတ်ထားပြီး ယင်းသည် မြောက်ကိုရီးယား၏ မပြောင်းလဲသော အခြေခံမူရပ်တည်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု KCNA သတင်းဌာန၏ ဖေဖော်ဝါရီ ၂၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

——————-
(Chinese Version)
韩国总统:将持续努力与朝鲜对话
新华社首尔2月26日电(记者黄昕欣)据韩联社报道,韩国总统李在明26日表示,必须持续努力与朝鲜进行对话与合作,积累信任,这样朝鲜半岛最终将迎来结构性的和平与稳定。
李在明26日在总统府青瓦台表示,要实现韩朝关系正常化,必须消除长期积累的敌对情绪,而这并非通过一项划时代的举措就能在瞬间实现。
李在明强调:“我们应当认真反思,迄今对朝鲜的羞辱或威胁行为,究竟是否有助于朝鲜半岛的和平与稳定以及韩国的国家利益与安全。”
据朝中社26日报道,朝鲜劳动党总书记金正恩在朝鲜劳动党第九次代表大会期间作工作总结报告时就朝韩关系表示,朝鲜将韩国视为“彻底的敌国、永远的敌人”。朝鲜已将朝韩关系定位为最敌对的国家与国家关系,这是朝方不变的原则立场。(完)
图说:2025年12月3日,在韩国首尔青瓦台迎宾馆,韩国总统李在明举行外媒记者会。新华社记者姚琪琳摄