Asia
အာဖဂန်နစ္စတန် မြို့တော်ကဘူးလ် စသည့်ဒေသများအား ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ကဘူးလ်/အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်၊ Kandahar ပြည်နယ်၊ Paktia ပြည်နယ် အချို့ဒေသများတွင် ပါကစ္စတန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုခံရကြောင်း၊ လက်ရှိတွင် လူထိခိုက်သေဆုံးသည်ဟု အစီရင်ခံတင်ပြမှု မရှိသေးကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ၌ အတည်ပြုခဲ့သည်။
ထိုနေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် ကဘူးလ်မြို့လယ်၌ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး လေယာဉ်ပျံသန်းသွားသည့် အသံရှိကာ ဆက်လက်ပြီး ပြင်းထန်သော သေနတ်သံများ ပေါ်ထွက်ခဲ့သည်။
ပါကစ္စတန်သည် ယင်းနေ့နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်၏ ကဘူးလ်မြို့၊ Kandahar ပြည်နယ်၊ Paktia ပြည်နယ်ရှိ အရေးကြီးစစ်ရေးအဆောက်အဦများအား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက် သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်ထံ ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရခြင်းသည် အာဖဂန်နစ္စတန်ဘက်က ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ပါကစ္စတန်ဘက် နယ်စပ်ကင်းစခန်းအား တိုက်ခိုက်မှုကို တုံ့ပြန်ရန် ရည်ရွယ်ပြီး လှုပ်ရှားမှုအတွင်း အာဖဂန်နစ္စတန်ဘက်၏ ကွပ်ကဲရေးဌာန၊ လက်နက်တိုက်နှင့် ထောက်ပံ့ပို့ဆောင်ရေးစခန်းများစွာကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကဘူးလ်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အာဖဂန်နစ္စတန်ဘက်က အပစ်ရပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် ပါကစ္စတန်ဘက်က ရည်ရွယ်ချက် လုံးဝပြီးမြောက်သည်အထိ ဆက်လက်လေကြောင်းတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ဆိုသည်။
ကဘူးလ်မြို့အပေါ် လေကြောင်းတိုက်ခိုက်မှုသည် နှစ်နိုင်ငံနယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်စစ်တပ်၏ “ရန်စမှု” အား တုံ့ပြန်ရန်အတွက် အာဖဂန်နစ္စတန်ဘက်က ပါကစ္စတန်ဘက် နယ်စပ်ဒေသ စစ်ရေးအဆောက်အဦအား တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု Zabihullah Mujahid က ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထို့နောက်မကြာ ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန်ဘက်၏ စစ်ရေးကင်းစခန်း ၁၅ နေရာအား သိမ်းပိုက်ရယူခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် ပါကစ္စတန် စစ်သည် ၅၅ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif ၏ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန်ဘက် လုံခြုံရေးတပ်ဖွဲ့များသည် ထိရောက်မှုရှိသော တုံ့ပြန်ချက်များ လုပ်ဆောင်ခဲ့ရာ အာဖဂန်နစ္စတန် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၇၂ ဦး သေဆုံးပြီး ၁၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာဖဂန်နစ္စတန်ဘက် ကင်းစခန်း ၁၆ နေရာအား ဖျက်ဆီး၍ ကင်းစခန်း ၇ နေရာအား သိမ်းပိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari ကလည်း လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန်သည် ငြိမ်းချမ်းရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကဏ္ဍတွင် မည်သည့်လိုက်လျောမှုမျှ လုပ်ဆောင်မည်ဟုတ်ကြောင်း၊ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့၏ တုံ့ပြန်မှုသည် ဘက်စုံ၍ ပြတ်သားကြောင်း၊ ပါကစ္စတန်ဘက်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းလိုသောဆန္ဒကို ပျော့ညံ့မှုအဖြစ် ရှုမြင်သူများသည် အားကောင်းသော တုံ့ပြန်မှုခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည့် အာဖဂန်နစ္စတန် အရှေ့ပိုင်းနှင့် ပါကစ္စတန် အနောက်မြောက်ပိုင်း ထိစပ်ရာဒေသ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားရခြင်းမှာ ပါကစ္စတန်ဘက်က ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းမှ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းအထိ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပါကစ္စတန်ဘက်က အကြမ်းဖက်အဖွဲ့ဝင်များစခန်းဟု အတည်ပြုသတ်မှတ်ထားသော နေရာများစွာအား လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပါကစ္စတန်ဘက်က လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်အဖွဲ့ဝင် ၈၀ ဦး သေဆုံးခဲ့သည်ဟုဆိုပြီး အာဖဂန်နစ္စတန်ဘက်ကမူ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး၊ ကလေးငယ်များ အပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့သည်ဟု ဆိုခဲ့သည်။ (Xinhua)
—————–
(Chinese Version)
巴基斯坦空袭阿富汗首都喀布尔等地
新华社喀布尔/伊斯兰堡2月27日电(记者张艺缤 杨恺)阿富汗政府发言人穆贾希德27日凌晨在社交媒体上证实,阿富汗首都喀布尔、坎大哈省和帕克蒂亚省部分地区遭到巴基斯坦军队空袭,目前尚无人员伤亡报告。
当天凌晨2时10分左右,喀布尔市中心传出爆炸巨响,疑似有飞机飞过的声音,后续传出激烈枪声。
巴基斯坦军方消息人士告诉新华社记者,巴方当天凌晨空袭阿方在喀布尔、坎大哈省和帕克蒂亚省的重要军事设施。空袭行动旨在回应阿方26日晚间攻击巴方边境哨所,行动摧毁阿方多处指挥所、弹药库及后勤基地。
这名消息人士称,喀布尔遭到空袭后,阿方请求停火,但巴方决定继续空袭直至完全达成目标。
对喀布尔的空袭发生在两国边境爆发冲突几小时后。穆贾希德26日晚在社交媒体发文称,为回应巴基斯坦军方“挑衅”,阿方打击巴方边境地区军事设施。阿富汗国防部稍后发表声明,声称夺取巴方15处军事哨所,打死55名巴方士兵。
巴基斯坦总理夏巴兹的发言人发表声明称,巴方安全部队采取有效反击,打死72名阿富汗武装人员、打伤120人,摧毁16处阿方哨所,占领7处阿方哨所。
巴基斯坦总统扎尔达里在社交媒体发表声明说,巴基斯坦不会在和平与领土完整问题上作出任何妥协。巴方安全部队的回应全面且果断。那些将巴方维护和平的意愿误认为软弱的人将会面临强有力反击。
过去几天,阿富汗与巴基斯坦在阿东部与巴西北部接壤地带发生间歇性交火。起因系巴方21日夜间至22日凌晨空袭两国边境地区多处巴方指认的恐怖分子营地。巴方称空袭打死80多名恐怖分子,阿方称空袭造成包括妇女儿童在内的18人死亡。(完)
图说:2月22日,当地居民在阿富汗东部楠格哈尔省遭空袭的地点附近查看。新华社发(塞夫拉赫曼·萨菲摄)
