Europe
ဘူဒါပတ်စ်-ဘဲလ်ဂရိတ်ရထားလမ်း၏ ဟန်ဂေရီလမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မှု စတင်လုပ်ဆောင်
ဘူဒါပတ်စ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဟန်ဂေရီနိုင်ငံ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက်သို့အကူး သန်းခေါင်ယံအချိန်ခန့်တွင် ကုန်တင်ရထားတစ်စင်းသည် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၏ Ferencvaros ဘူတာမှ စတင်ထွက်ခွာသွားခဲ့ရာ ဘူဒါပတ်စ် – ဘဲလ်ဂရိတ်ရထားလမ်း၏ ဟန်ဂေရီလမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မှု စတင်လုပ်ဆောင်ကြောင်း အမှတ်သင်္ကေတပြုလျက်ရှိသည်။
ဘူဒါပတ်စ်-ဘဲလ်ဂရိတ် ရထားလမ်းသည် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့နှင့် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်အား ချိတ်ဆက်ထားပြီး တရုတ်နိုင်ငံနှင့် ဗဟိုဥရောပ၊ အရှေ့ဥရောပနိုင်ငံများက “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း၏ အထင်ကရစီမံကိန်းဖြစ်သလို တရုတ်နိုင်ငံ ရထားလမ်း နည်းပညာစက်ပစ္စည်းနှင့် ဥရောပသမ္ဂရထားလမ်း အပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ နည်းပညာ စည်းမျဉ်းစည်းကမ်းများ ချိတ်ဆက်ခြင်း၏ ပထမဆုံးစီမံကိန်းလည်းဖြစ်သည်။
ဘူဒါပတ်စ်-ဘဲလ်ဂရိတ် ရထားလမ်း၏ ဟန်ဂေရီလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၅၈.၆ ကီလိုမီတာရှိပြီး ခရီးသည်တင်နှင့် ကုန်စည်ပို့ဆောင်ရေး နှစ်မျိုးသုံးအတွက် လျှပ်စစ်ဓာတ်အားသုံးအသွင်ပြောင်းထားသည့် ရထားလမ်းဖြစ်ကာ ဒီဇိုင်းရေးဆွဲထားသည့် အမြင့်ဆုံးအမြန်နှုန်းသည် ၁၆၀ ကီလိုမီတာဖြစ်သည်။ အဆိုပါစီမံကိန်းကို China Railway Group Limited သက်ဆိုင်ရာဌာနနှင့် ဟန်ဂေရီ ဒေသတွင်းလုပ်ငန်းကုမ္ပဏီတို့ ပူးတွဲတာဝန်ယူတည်ဆောက်ခြင်းဖြစ်ကာ ၂၀၂၀ ပြည့် ဇူလိုင်လတွင် လုပ်ငန်းစတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းအဆင့်သို့ ဝင်ရောက်ခဲ့သည်။
ဘူဒါပတ်စ်-ဘဲလ်ဂရိတ် ရထားလမ်းတစ်ခုလုံး စတင်ပြေးဆွဲပြီးနောက် ဟန်ဂေရီနှင့် ဆာဘီးယား နှစ်နိုင်ငံမြို့တော်များအကြား ရထားလမ်းပြေးဆွဲမှုကြာချိန်သည် ၈ နာရီမှ ၃ နာရီခွဲဝန်းကျင်အထိ လျော့နည်းသွားမည်ဖြစ်ရာ နှစ်နိုင်ငံလူပုဂ္ဂိုလ် သွားလာမှုနှင့် ကုန်စည်ပို့ဆောင်ရေးကို သိသိသာသာ အထောက်အကူပြု၍ လမ်းကြောင်းတစ်လျှောက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးကာ ဗဟိုဥရောပနှင့် အရှေ့ဥရောပဒေသများ အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ (Xinhua)
——————
(Chinese Version)
匈塞铁路匈牙利段正式开启货运运输
新华社布达佩斯2月27日电(记者陈浩 周欣)匈牙利当地时间27日零时许,一列货运列车从匈牙利首都布达佩斯的费伦茨城火车站驶出,标志着匈塞铁路匈牙利段正式开启货运运输。
匈塞铁路连接布达佩斯与塞尔维亚首都贝尔格莱德,是中国与中东欧国家共建“一带一路”的标志性项目,也是中国铁路技术装备与欧盟铁路互联互通技术规范对接的首个项目。
匈塞铁路匈牙利段全长约158.6公里,为客货共线电气化铁路,设计最高时速160公里。项目由中国中铁股份有限公司所属单位与匈牙利本地企业联合承建,于2020年7月开工,2022年2月进入土建工程施工阶段。
匈塞铁路全线通车后,匈塞两国首都之间的铁路运行时间将由8小时缩短至3个半小时左右,显著便利两国人员往来和物流运输,带动沿线地区经济发展,促进中东欧地区互联互通。(完)
图说:2月27日,在匈牙利布达佩斯,一列货运列车驶入匈塞铁路匈牙利段绍罗克沙尔火车站。新华社发(鲍洛格·达维德摄)
