Connect with us

Latin America

မက္ကဆီကိုတွင် ကျင်းပမည့် ဒိုင်ဗင်ကမ္ဘာ့ဖလားပြိုင်ပွဲ World Aquatics ဖျက်သိမ်း

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးတွင် လုံခြုံရေးဝန်ထမ်းများ လမ်းမတွင် တာဝန်ထမ်းဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ Zapopan မြို့တွင် မူလက မတ် ၅ ရက်မှ ၈ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) ၏ ဒိုင်ဗင်ကမ္ဘာ့ဖလားပြိုင်ပွဲ (Diving World Cup) ကို ဖျက်သိမ်းလိုက်ကြောင်း World Aquatics က ဖေဖော်ဝါရီ ၂၆ ရက်၌ ကြေညာခဲ့သည်။
ပြိုင်ပွဲကျင်းပမည့် မြို့ဖြစ်သော Zapopan နှင့် ဂျလစ်စကိုပြည်နယ်၏ လက်ရှိ အများပြည်သူလုံခြုံရေးအခြေအနေအပေါ် ဘက်စုံအန္တရာယ်အကဲဖြတ်ချက်ကို အခြေခံ၍ ပြိုင်ပွဲတွင်ပါဝင်သူအားလုံး၏ လုံခြုံရေးကို သေချာစေရန်အတွက် မက္ကဆီကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ယင်းနေရာ၌ ပြိုင်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု World Aquatics က ပြောကြားခဲ့သည်။
ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) ၏ ဒိုင်ဗင်ကမ္ဘာ့ဖလားပြိုင်ပွဲ (Diving World Cup) အား ၂၀၂၆ ခုနှစ်တွင် နှစ်နေရာခွဲ ကျင်းပရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။ ယင်းတို့မှာ ကနေဒါနိုင်ငံ မွန်ထရီရယ်ဒေသတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁ ရက်အထိ လည်းကောင်း၊ မက္ကဆီကိုတွင် မတ်လဆန်း၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။ အဆိုပါ နှစ်နေရာ ပြိုင်ပွဲအသီးသီးမှ ထူးချွန်စွာစွမ်းဆောင်ခဲ့သူများသည် မေလ ၁ ရက်မှ ၃ ရက်အထိ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မက္ကဆီကိုတွင် ပြိုင်ပွဲကျင်းပရန် ဖျက်သိမ်းလိုက်သောကြောင့် ဗိုလ်လုပွဲအတွင်း ယှဉ်ပြိုင်မည့်အားကစားသမားများကို ကနေဒါ၌ ယှဉ်ပြိုင်မှုရလဒ်များအပေါ် အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။
မက္ကဆီကိုနိုင်ငံတွင် အဓိက မူးယစ်ဆေးဝါးရောင်းချသည့်ဂိုဏ်းများအနက် တစ်ခုဖြစ်သော “ဂျလစ်စကို မျိုးဆက်သစ်” ဂိုဏ်း ခေါင်းဆောင်သည် ဖေဖော်ဝါရီ ၂၂ ရက် မက္ကဆီကိုစစ်တပ်၏ ဖမ်းဆီးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့ရာ ယင်းနောက် ဂျလစ်စကိုပြည်နယ်နှင့် ၎င်းအိမ်နီးချင်းပြည်နယ်မှာတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
世界泳联取消跳水世界杯墨西哥站
新华社布达佩斯2月26日电(记者周欣)世界泳联26日宣布,取消原定于3月5日至8日在墨西哥萨波潘市举行的世界泳联跳水世界杯分站赛。
世界泳联表示,基于对赛事举办城市萨波潘市及所在的哈利斯科州当前公共安全形势进行的全面风险评估,为了确保所有参赛人员的安全,经与墨西哥相关方面协商后,决定取消该站赛事。
世界泳联跳水世界杯原计划2026年举行两场分站赛,分别是2月26日至3月1日的加拿大蒙特利尔站和3月初的墨西哥站,两站各项目佼佼者参加于5月1日至3日在中国北京举行的世界杯总决赛。墨西哥站取消后,总决赛参赛选手将依据加拿大站成绩决定。
墨西哥主要贩毒集团之一“哈利斯科州新生代”集团头目22日在墨西哥军方的抓捕行动中受伤身亡,哈利斯科州及其邻近州随后爆发骚乱。(完)
图说:2月23日,在墨西哥首都墨西哥城,安全人员在街头执勤。新华社发(弗朗西斯科·卡涅多摄)