North America
စည်းကြပ်ခွန်အန္တရာယ်များက အာဖရိကအား ကန်ဒေါ်လာဖြင့်ငွေပေးချေမှုအပေါ် မှီခိုမှုကို လျှော့ချရန် တွန်းအားပေးသည်ဟု အမေရိကန်မီဒီယာ ဖော်ပြ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်၏ စည်းကြပ်ခွန်အန္တရာယ်များသည် အာဖရိကနိုင်ငံများနှင့် ကုမ္ပဏီလုပ်ငန်းများအပေါ် ဖိအားပေးနေပြီး ကုန်သွယ်ရေးငွေပေးချေမှုများအတွင်း ကန်ဒေါ်လာအပေါ် မှီခိုမှုကို အမြန်ဆုံး လျှော့ချရန် အာဖရိကအား တွန်းအားပေးကြောင်း အမေရိကန် Bloomberg သတင်းဌာန၏ ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
အာဖရိကနှင့် အမေရိကန်၏ ကုန်သွယ်ရေးပမာဏမှာ ကြီးမားသည်မဟုတ်သော်ငြားလည်း အာဖရိကသည်လည်း အမေရိကန် စည်းကြပ်ခွန်ဆုံးဖြတ်ချက်၏ သက်ရောက်မှုများကို ခံစားရလျက်ရှိကြောင်း အာဖရိကတစ်ဝန်းရှိ ချေးငွေအဖွဲ့အစည်းဖြစ်သော Ecobank စီအီးအို Jeremy Awori က မကြာသေးမီရက်တွင် မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။
အာဖရိကအပေါ် အမေရိကန်၏ ကုန်သွယ်ရေးသဘောတူညီချက် အစီအစဉ်များ သက်တမ်းတိုးခြင်းကို နှစ်စဉ်ပြန်လည်သုံးသပ်ရန်လိုအပ်ပြီး အာဖရိကထုတ်လုပ်သူများနှင့် တင်ပို့သူများအတွက် မသေချာမရေမရာမှုအသစ်များ ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် စည်းကြပ်ခွန်မူဝါဒ မသေချာမရေမရာမှုသည် အာဖရိကအား ကုန်သွယ်ရေးငွေပေးချေမှုတွင် ကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချရန် တွန်းအားပေးနေပြီး အာဖရိက ကုမ္ပဏီလုပ်ငန်းများသည် မိမိနိုင်ငံ၏ငွေကြေးနှင့် အခြားနိုင်ငံ ငွေကြေးများကို ပိုမိုအသုံးပြုလာရန် စူးစမ်းလေ့လာလျက်ရှိကြောင်း Awori က ပြောကြားခဲ့သည်။ “တကယ်လို့ ကျွန်တော်တို့ မိမိနိုင်ငံရဲ့ ငွေကြေးနဲ့ အရောင်းအဝယ်လုပ်နိုင်မယ်ဆိုရင် ကန်ဒေါ်လာအပေါ် လိုအပ်ချက်ကို လျှော့ချနိုင်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အာဖရိက-အမေရိကန် ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၈၃.၄ ဘီလီယံဖြစ်ကြောင်း အမေရိကန်၏တရားဝင်အချက်အလက်များအရ သိရသည်။ ထို့အပြင် ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် အာဖရိကတိုက်အတွင်း ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၂၂၀ ဘီလီယံခန့်ရှိပြီး အာဖရိကတိုက် ကုန်သွယ်မှုစုစုပေါင်းပမာဏ၏ ၁၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အာဖရိကတိုက် ကုန်တွင်းပိုင်း ကုန်သွယ်မှုကို အားကောင်းစေခြင်းသည် ပြင်ပ ပထဝီနိုင်ငံရေး မသေချာမရေရာမှုများကို ခုခံကာကွယ်ရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဒေသအသီးသီးအနေဖြင့် ကုန်သွယ်ရေး ကူးလူးဆက်ဆံမှုကို အားကောင်းစေကာ ပိုမိုမြင့်မားသော ထပ်တိုးတန်ဖိုးများ ဖော်ဆောင်သင့်ပြီး ယင်းမှတစ်ဆင့် အာဖရိကတိုက်အတွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သင့်ကြောင်း Awori က ထောက်ပြခဲ့သည်။ (Xinhua)
……………………
(Chinese Version)
全球瞭望|美媒:关税风险促使非洲降低对美元结算依赖
新华社北京2月27日电 美国彭博社26日刊文说,美国关税风险给非洲国家及企业带来压力,促使非洲加速降低在贸易结算中对美元的依赖。文章摘要如下:
泛非贷款机构伊科银行首席执行官杰里米·阿沃里日前接受采访时表示,尽管非洲与美国的贸易规模相对不大,但非洲同样受到美方关税决定的影响。美国针对非洲的贸易安排续期需接受年度审查,给非洲制造商和出口商带来新的不确定性。
阿沃里表示,美国关税政策不确定性促使非洲减少在贸易结算中使用美元,非洲企业正探索更多使用本币和其他国家货币。“如果我们能够用本币交易,就能减少对美元的需求。”
根据美国官方数据,2025年非美贸易总额为834亿美元。此外,根据联合国数据,2024年非洲内部贸易额约2200亿美元,占非洲贸易总额的15%。
阿沃里指出,加强非洲大陆内部贸易是抵御外部地缘政治不确定性的重要手段。各地区应加强贸易往来,实现更高附加值,从而推动非洲内部贸易发展。(完)
图说:这是2月11日拍摄的位于埃塞俄比亚首都亚的斯亚贝巴的非洲联盟(非盟)总部。新华社记者 谢剑飞 摄
