Connect with us

Asia

အာဖဂန်နစ္စတန်အပေါ် “ပွင့်လင်းသည့် စစ်ပွဲ” ဆင်နွှဲလိုက်ပြီ ဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ထုတ်ပြန်ကြေညာ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ် မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ပါကစ္စတန်အနေဖြင့် အာဖဂန်နစ္စတန်အပေါ် “ပွင့်လင်းသည့် စစ်ပွဲ” ဆင်နွှဲနေပြီဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Asif က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော်တို့ရဲ့ စိတ်ရှည်မှုက ကုန်ဆုံးနေပါပြီ။ အခုက ကျွန်တော်တို့နဲ့ ခင်ဗျားတို့ (အာဖဂန်နစ္စတန်) ရဲ့ ပွင့်လင်းတဲ့ စစ်ပွဲပဲ ဖြစ်ပါတယ် … အိမ်နီးချင်းအနေနဲ့ ကျွန်တော်တို့က ခင်ဗျားတို့အကြောင်းကို အကုန်သိပါတယ်” ဟု Khawaja Asif က ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ပါကစ္စတန်သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်၏ ကဘူးလ်မြို့၊ Kandahar ပြည်နယ်၊ Paktia ပြည်နယ်ရှိ အရေးကြီးစစ်ရေးအဆောက်အဦများအား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက် သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်ထံ ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရခြင်းသည် အာဖဂန်နစ္စတန်ဘက်က ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ပါကစ္စတန်ဘက် နယ်စပ်ကင်းစခန်းအား တိုက်ခိုက်မှုကို တုံ့ပြန်ရန် ရည်ရွယ်ပြီး လှုပ်ရှားမှုအတွင်း အာဖဂန်နစ္စတန်ဘက်၏ ကွပ်ကဲရေးဌာန၊ လက်နက်တိုက်နှင့် ထောက်ပံ့ပို့ဆောင်ရေးစခန်းများစွာကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကဘူးလ်မြို့၊ Kandahar ပြည်နယ်၊ Paktia ပြည်နယ် စသည့်ဒေသများတွင် ပါကစ္စတန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ခံရပြီးနောက် အာဖဂန်နစ္စတန်ဘက်က Kandahar ပြည်နယ်နှင့် Helmand ပြည်နယ်မှ ပါကစ္စတန် စစ်ရေးပစ်မှတ်ထံသို့ အကြီးစားလက်တုံ့ပြန်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း အာဖဂန်နစ္စတန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
巴基斯坦防长宣布对阿富汗展开“公开战争”
新华社伊斯兰堡2月27日电(记者杨恺)巴基斯坦国防部长赫瓦贾·阿西夫27日宣布,巴基斯坦已对阿富汗展开“公开战争”。
阿西夫当天在社交媒体上写道,“我们的耐心已经耗尽。现在是我们和你们(阿富汗)的公开战争……作为邻居,我们对你们了如指掌。”
巴基斯坦军方消息人士告诉新华社记者,巴方27日凌晨空袭阿方在喀布尔、坎大哈省和帕克蒂亚省的重要军事设施。空袭行动旨在回应阿方26日晚间攻击巴方边境哨所,行动摧毁阿方多处指挥所、弹药库及后勤基地。
阿富汗政府发言人27日在社交媒体上说,在喀布尔、坎大哈等地遭到巴基斯坦军队空袭后,阿方从坎大哈省和赫尔曼德省向巴基斯坦军事目标发起大规模报复行动。(完)
图说:这是2月27日清晨拍摄的阿富汗首都喀布尔。新华社记者 李昂 摄