Connect with us

Africa & Middle East

အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း အစ္စရေးနှင့် အိန္ဒိယ ကြေညာ

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း ဖလှယ်ရေးအခမ်းအနား တက်ရောက်လာကြသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (အရှေ့၊ ယာ) နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (အရှေ့၊ ဝဲ) ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ ခရီးစဉ်ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တွေ့ဆုံဆွေးနွေးကာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား “ငြိမ်းချမ်းရေး၊ ဆန်းသစ်တီထွင်ရေးနှင့် သာယာဝပြောရေးကို မျက်နှာမူသော အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် မြှင့်တင်ကြောင်း ကြေညာခဲ့သည်။
မိုဒီ၏ ယခုအကြိမ် အစ္စရေးခရီးစဉ်သည် “ရလဒ် ကြွယ်ဝ” ကြောင်း၊ နှစ်ဖက်အနေဖြင့် အိန္ဒိယနိုင်ငံတွင် အစိုးရများအကြား အစည်းအဝေးကျင်းပရန် အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို လက်တွေ့ကျသော ရလဒ်များအဖြစ် တစ်ဆင့်တိုး ပြောင်းလဲသွားမည်ဖြစ်ကြောင်း နေတန်ယာဟုက မိုဒီနှင့်အတူ ထိုနေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းနောက် နှစ်ဖက် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် လက်ရှိ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်၊ အစိုးရများ၊ ကုမ္ပဏီလုပ်ငန်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအကြား အလွှာပေါင်းစုံတွင် ယန္တရားအသွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို လက်တွေ့အကောင်အထည်ဖော်မှုကို သေချာစေရန်၊ အစ္စရေးနှင့် အိန္ဒိယအကြား အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ပူးတွဲကြေညာချက်အရ နှစ်ဖက်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လုံခြုံရေးနှင့် ဒေသတွင်းအခြေအနေ စသည်တို့နှင့် စပ်လျဉ်း၍ ဘုံရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး သိပ္ပံနည်းကျသုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ငွေပေးချေမှု အပြန်အလှန်ချိတ်ဆက်မှု၊ စိုက်ပျိုးရေးနည်းပညာ တိုးချဲ့မြှင့်တင်ရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေး စသည့် ကဏ္ဍများတွင် ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီသည် ဖေဖော်ဝါရီ ၂၅ ရက်က အစ္စရေးနိုင်ငံသို့ရောက်ရှိခဲ့ပြီး နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်ကို စတင်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
以色列和印度宣布建立“特殊战略伙伴关系”
新华社耶路撒冷2月27日电(记者冯国芮 陈君清)以色列总理内塔尼亚胡26日在耶路撒冷同到访的印度总理莫迪举行会谈并发表联合声明,宣布将双边关系提升为“面向和平、创新与繁荣的特殊战略伙伴关系”。
内塔尼亚胡当天在与莫迪共同会见媒体时表示,莫迪此次访以“成果丰硕”,双方将尽快推动在印度举行政府间会议,进一步把合作设想转化为实际成果。
双方在随后发布的联合声明中表示,决定将既有战略伙伴关系升级,推动政府、企业和民间多层面的机制化合作,确保合作成果落地见效,推动以印特殊战略伙伴关系不断发展。
根据联合声明,双方就反恐、安全及地区局势等表达了共同立场,并将在科研创新、产业对接、贸易投资便利化、支付互联互通、农业技术推广及水资源管理等方面加强协作。
印度总理莫迪25日抵达以色列开始为期两天的访问。(完)
图说:2017年7月5日,以色列总理内塔尼亚胡(前右)与印度总理莫迪(前左)在耶路撒冷出席两国合作文件交换仪式。新华社记者郭昱摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.