Connect with us

Africa & Middle East

အမေရိကန်-အီရန် လာမည့်သီတင်းပတ်တွင် ဆက်လက်ဆွေးနွေးမည်၊ စစ်ပွဲအန္တရာယ် နီးကပ်လာ ဟု အမေရိကန်မီဒီယာများ ဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်အကြား တတိယအကြိမ် တစ်ဆင့်ခံ ဆွေးနွေးပွဲသည် ဖေဖော်ဝါရီ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြီးဆုံးခဲ့သည်။
အီရန်ဘက်က ဆွေးနွေးပွဲမှာ ကောင်းမွန်သည့် တိုးတက်မှု ရရှိခဲ့ရာ လာမည့်သီတင်းပတ်တွင် နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်က စစ်ပွဲပြင်ဆင်မှုများ ဆက်လက်အရှိန်မြှင့်လုပ်ဆောင်နေပြီး အမေရိကန် သမ္မတ ထရမ့်က ယင်းနေ့တွင်ပင် အီရန်အပေါ် စစ်ရေးအရ ရွေးချယ်ချက်များနှင့်စပ်လျဉ်း၍ အမေရိကန်စစ်တပ် အစီရင်ခံတင်ပြမှုများကို နားထောင်ခဲ့သည်။ အမေရိကန် မီဒီယာအချို့က အမေရိကန်-အီရန် စစ်ပွဲအန္တရာယ် နီးကပ်လာနေပြီဟု ယူဆကြသည်။

အမေရိကန်-အီရန်တို့အကြား ယင်းနေ့က ပြုလုပ်ခဲ့သည့် တစ်ဆင့်ခံဆွေးနွေးပွဲကို ဂျီနီဗာမြို့အခြေစိုက် အိုမန်နိုင်ငံ သံတမန်ကိုယ်စားလှယ်ရုံး၌ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ဟူ၍ နှစ်ပိုင်းခွဲ ကျင်းပခဲ့သည်။

အမေရိကန်က အီရန်ကို ၎င်း၏ Fordow ၊ Natanz နှင့် Isfahan တွင် ရှိသည့် အဓိက နျူကလီးယားအဆောက်အဦများအား ဖြိုချရှင်းလင်းရန်၊ ကျန်ရှိသော သန့်စင်ပြီးယူရေနီယံများကို အမေရိကန်သို့ ပို့ဆောင်ရန် တောင်းဆိုထားကြောင်း အမေရိကန် Wall Street Journal က သတင်းဖော်ပြထားသည်။
သို့သော် ဆွေးနွေးပွဲကာလတွင် အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနကလည်း အီရန်နိုင်ငံအနေဖြင့် ၎င်း၏ သန့်စင်ပြီးယူရေနီယံများကို နိုင်ငံပြင်ပသို့ လွှဲပြောင်းရန် ငြင်းဆိုထားကြောင်း သတင်းဖော်ပြခဲ့သည်။
အီရန်အစိုးရ သတင်းအချက်အလက်ကောင်စီ ဥက္ကဋ္ဌ Elyas Hazrati က လူမှုကွန်ရက်မီဒီယာတွင် “ယူရေနီယံသန့်စင်မှုလုပ်ငန်းတွေကို လိုအပ်ချက်အရ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်နျူကလီးယားကုန်ကြမ်းကိုမှ အီရန်ကနေ ပြင်ပကို ပို့ဆောင်သွားမှာ မဟုတ်ဘူး” ဟု ရေးသားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ကြားဝင်ညှိနှိုင်းပေးသူ အိုမန် နိုင်ငံခြားရေးဝန်ကြီး Badr က လူမှုကွန်ရက်မီဒီယာတွင် ဆွေးနွေးပွဲသည် သိသာထင်ရှားသည့်တိုးတက်မှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များက မိမိနိုင်ငံ အစိုးရထံသို့ ကိုယ်စီ အစီရင်ခံပြီးနောက် ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊ “နည်းပညာအလွှာဆွေးနွေးမှု” ကို လာမည့် သီတင်းပတ်တွင် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကလည်း အလားတူ သဘောထား ဖော်ပြခဲ့ရာ ဆွေးနွေးမှုမှာ ကောင်းမွန်သော တိုးတက်မှုရရှိခဲ့ကြောင်း၊ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးနှင့် နျူကလီးယားအရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းစဉ်များ အပါအဝင် သဘောတူညီချက်ရရှိရန် မဖြစ်မနေလိုအပ်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်နည်းပညာအဖွဲ့က မတ်လ ၂ ရက်နေ့တွင် ဗီယင်နာ၌ နည်းပညာပိုင်း ဆွေးနွေးမှုများနှင့် သက်ဆိုင်ရာ စိစစ်မှုများ စတင်ရန် စီစဉ်ထားကြောင်း၊ နောက်တစ်ကြိမ်ဆွေးနွေးမှုကို လာမည့်ရက်သတ္တပတ် တစ်ပတ်အတွင်း ကျင်းပရန် ခန့်မှန်းထားကြောင်း သိရသည်။

Abbas Araghchi က ယခုအကြိမ် ဆွေးနွေးပွဲသည် ယနေ့အချိန်အထိ အလေးနက်ဆုံး၊ အချိန်အကြာမြင့်ဆုံးသော နျူကလီးယားဆွေးနွေးပွဲများအနက် တစ်ခုဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် “နက်ရှိုင်းသည့် နားလည်မှု” ရရှိခဲ့သော်လည်း ကဏ္ဍအချို့တွင်မူ ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်သည် အချို့သော အချက်အချာကျသည့် ဆွေးနွေးမှုအကြောင်းအရာများတွင် သဘောတူညီချက်ရရှိရန် ပို၍ နီးစပ်လာကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

အမေရိကန် သမ္မတ၏ အထူးကိုယ်စားလှယ် Witkoff နှင့် ထရမ့်၏ သားမက်ဖြစ်သူ Kushner တို့က အမေရိကန်ဘက် ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော်လည်း ဆွေးနွေးမှုရလဒ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက ဆွေးနွေးပွဲအပြီးတွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားရာ၌ ယင်းနေ့ ဆွေးနွေးမှုက “အပြုသဘောဆောင်သည်” ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုမှုမရှိပေ။
Witkoff နှင့် Kushner တို့က ဆွေးနွေးပွဲ ပထမအပိုင်းတွင် အီရန်ဘက်က ပြောကြားသည့် အကြောင်းအရာများအပေါ် စိတ်ပျက်မိသည်ဟု ဖော်ပြခဲ့ကြောင်း အဆိုပါမီဒီယာကပင် ယင်းနေ့အစောပိုင်းတွင် ဖော်ပြထားသည်။

အမေရိကန်ဘက်က မကြာသေးမီကာလတွင် အီရန်အပေါ် စစ်ရေးဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အား အလုံးအရင်းဖြင့် စုဆောင်းလျက်ရှိသည်။
အမေရိကန်၏ အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သော “Gerald R. Ford” သည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဂရိနိုင်ငံတောင်ပိုင်း Crete ကျွန်း Souda ပင်လယ်အော်ရှိ အခြေစိုက် ရေတပ်စခန်းမှ ထွက်ခွာခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ ဦးတည်သွားလျက်ရှိရာ ၂၄ နာရီအတွင်း အစ္စရေးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ဂရိနိုင်ငံ Kathimerini နေ့စဉ်သတင်းစာ၏ သတင်းများအရ သိရသည်။ “Gerald R. Ford” ကို အမေရိကန်က အီရန်အပေါ် စစ်ရေးဖြန့်ကြက်မှု၏ နောက်ဆုံးအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြရာ နေရာချထားပြီးနောက် “Abraham Lincoln” နှင့်အတူ အရှေ့အလယ်ပိုင်းဒေသတွင် “လေယာဉ်တင်သင်္ဘောနှစ်စင်း” အခင်းအကျင်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ABC သတင်းဖော်ပြချက်များအရ အမေရိကန်-အီရန် တတိယအကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပသည့်နေ့တွင်ပင် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးလှုပ်ရှားမှုကို တာဝန်ယူထားသည့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Admiral Brad Cooper က အီရန်အပေါ် အသုံးပြုနိုင်မည့် စစ်ရေးရွေးချယ်မှုနှင့်ပတ်သက်၍ သမ္မတ ထရမ့်ထံ အစီရင်ခံ တင်ပြခဲ့ကြောင်း၊ ထရမ့်၏ ရွေးချယ်မှုတစ်ခုမှာ အီရန်၏ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်သည့်နေရာနှင့် နျူကလီးယားအဆောက်အဦများကို အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်ဖြစ်ကြောင်း၊ ယင်းကို သတိပေးမှုအဖြစ် ထားရှိပြီး ထရမ့်၏ တောင်းဆိုချက်များကို တီဟီရန် လိုက်လျောစေရန် ဖိအားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထရမ့်က အကြီးစား စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန်၊ အချိန်အတိုင်းအတာတစ်ခုအတွင်း ပစ်မှတ်အများအပြားကို ဆက်တိုက် တိုက်ခိုက်ရန်လည်း စဉ်းစားနေကြောင်း သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
ယခုရက်ပိုင်းများတွင် ရီပက်ဘလစ်ကန်ပါတီဝင်အချို့နှင့် ထရမ့်အစိုးရ အရာရှိတို့က အီရန်ကို အမေရိကန်က စတင် တိုက်ခိုက်ခြင်းထက် အစ္စရေးကို ဦးဆောင်တိုက်ခိုက်စေရန် တိတ်တဆိတ် အဆိုပြုလျက်ရှိကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် အီရန်သည် လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သော်လည်း အမေရိကန်ဘက်မှ အရှေ့အလယ်ပိုင်းဒေသတွင် တိုက်လေယာဉ်များနှင့် စစ်ရေယာဉ်အုပ်စု အမြောက်အမြားကို စုရုံးလာခြင်းနှင့်အတူ နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ် “နီးကပ်လာနေပြီ” ဖြစ်ကြောင်း AP သတင်းဌာနက ယူဆထားသည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော် တီဟီရန်၏ မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အိုမန်နိုင်ငံ သံတမန်ကိုယ်စားလှယ်ရုံးအနီးတွင် ရပ်နားထားသော ရဲကားအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
综合消息|美伊下周继续谈判 美媒称战争风险“迫近”
新华社北京2月27日电 综合新华社驻外记者报道:美国与伊朗第三轮间接谈判26日在瑞士日内瓦结束。伊朗方面表示,谈判取得“良好进展”,下周双方继续谈判。与此同时,美国继续加强战争准备,美国总统特朗普当天听取美军对伊军事选项汇报。一些美国媒体认为,美伊战争风险正在“迫近”。
美伊当天的间接谈判在阿曼驻日内瓦外交代表机构分上午和下午两阶段举行。美国《华尔街日报》报道,美方要求伊方拆除其位于福尔道、纳坦兹和伊斯法罕的主要核设施,并将所有剩余浓缩铀运往美国。但伊朗国家电视台在谈判期间报道说,伊朗拒绝向国外转移其浓缩铀。伊朗政府信息委员会主席亚斯·哈兹拉蒂在社交媒体上写道:“铀浓缩活动将根据需要继续进行,不会从伊朗运出任何核材料。”
谈判结束后,斡旋方阿曼外交大臣巴德尔在社交媒体上说,谈判取得“显著进展”。美伊代表各自向本国政府汇报后,谈判将尽快恢复,“技术层面的讨论”将于下周在奥地利首都维也纳举行。
伊朗外交部长阿拉格齐作出类似表态,称谈判取得“良好进展”,“将继续围绕达成协议所必需的事项进行更深入磋商,包括解除制裁和采取核问题相关步骤”。双方技术团队计划于3月2日在维也纳开始技术讨论并进行相关审查,下一轮谈判预计于一周内举行。
阿拉格齐说,此轮谈判是迄今最严肃、持续时间最长的核谈判之一。双方达成“深入理解”,但在某些领域仍然存在分歧。他强调,伊美“在一些关键议题上更接近达成共识”。
美国总统特使威特科夫和特朗普的女婿库什纳作为美方代表参与谈判,但未对谈判结果作出公开表态。一名匿名美国官员在谈判结束后告诉美国阿克西奥斯新闻网站,当天谈判“积极”,但没有提供更多细节。该媒体当天早些时候报道说,威特科夫和库什纳对伊朗方面在谈判第一阶段所告知的内容表示“失望”。
美方近期持续对伊朗施加军事压力,在中东地区大规模集结兵力。据希腊《每日报》报道,美军最大航母“福特”号26日上午离开位于希腊南部克里特岛苏达湾的海军基地,前往中东,预计将在24小时内抵达以色列。“福特”号被视为美国对伊军事部署的“最后一块拼图”,部署到位后将与“林肯”号在中东地区形成“双航母”格局。
据美国广播公司报道,美伊举行第三轮谈判当天,负责中东地区军事行动的美军中央司令部司令库珀向特朗普汇报对伊朗可能的军事选项。特朗普的选项之一是对伊朗的弹道导弹发射场和核设施进行有限打击,以此作为警告,逼迫德黑兰同意特朗普的要求。报道援引消息人士的话说,特朗普也在考虑发动大规模军事行动,在一段时间内持续打击大量目标。报道还说,近日一些共和党人和特朗普政府官员私下里主张由以色列带头打击伊朗,而不是由美国发动敌对行动。
美联社报道认为,虽然美伊下周将继续谈判,但随着美国在中东集结庞大战机与战舰群,两国发生战争的风险正在“迫近”。(完)
1. 1月21日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会发表演讲。 新华社记者 连漪 摄
2. 这是2月22日拍摄的伊朗首都德黑兰景色。新华社记者 沙达提 摄
3. 这是2月26日在瑞士日内瓦阿曼驻日内瓦外交代表机构附近拍摄的警车。新华社记者 连漪 摄