Connect with us

North America

ကုလသမဂ္ဂတွင် အမေရိကန် ပေးရန်ကျန်ရှိနေသော အကြွေးများကို ပေးချေရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ထရမ့် ငြင်းဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ထွက်ခွာလာသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က ၎င်းအနေဖြင့် ကုလသမဂ္ဂ ဘဏ္ဍာရေးအကျပ်အတည်းကို “အလွယ်တကူ” ဖြေရှင်းပေးနိုင်သည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန် မီဒီယာတစ်ခု၏ ဖုန်းဖြင့်မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သော်လည်း အမေရိကန် ပေးရန်ကျန်ရှိနေသော ကုလသမဂ္ဂအဖွဲ့ဝင်ကြေးများကို ပေးချေမည်၊ မပေးချေမည်ကိုမူ လုံးဝ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
ထရမ့်က အမေရိကန်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်ကြေးများ ပေးဆောင်ရန်ကျန်ရှိသည်ဟူသော အခြေအနေကို မသိရှိကြောင်း၊ သို့သော် “ဒါက အလွယ်တကူဖြေရှင်းလို့ရတဲ့ ကိစ္စ ဖြစ်တယ်” ဆိုတာ ၎င်းအနေဖြင့် ယုံကြည်ကြောင်း၊ ကုလသမဂ္ဂကသာ ဖွင့်ဟအကူအညီတောင်းလျှင် ၎င်းအနေဖြင့် “အခြားနိုင်ငံတွေကို ပေးချေခိုင်းလို့ရကြောင်း” ထိုနေ့တွင် အမေရိကန် Politico သတင်းဌာနထံ ပြောကြားခဲ့သည်။

“ပေးချေဖို့ကျန်နေတဲ့ လူအားလုံးကို ကျွန်တော် ပေးချေခိုင်းလို့ရတယ်၊ ကျွန်တော်က နေတိုးနိုင်ငံတွေကို ပေးချေဖို့ကျန်တဲ့ငွေတွေ အရှင်းချေခိုင်းခဲ့သလိုပေါ့” ၊ “အဲဒီနိုင်ငံတွေကို ကျွန်တော်ဖုန်းဆက်လိုက်ရုံနဲ့… မိနစ်ပိုင်းအတွင်း သူတို့ ချက်လက်မှတ်ပို့လာလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးထံ စာတစ်စောင်ပေးပို့၍ ကုလသမဂ္ဂတွင် လက်ရှိရင်ဆိုင်နေရသော ခက်ခဲကြမ်းတမ်းသည့် ဘဏ္ဍာရေးအခြေအနေကို သတိပေးကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် အဖွဲ့ဝင်နိုင်ငံ ၁၅၀ ကျော်က အဖွဲ့ဝင်ကြေးကို ပေးဆောင်ခဲ့သော်လည်း လက်ရှိတွင် ပေးဆောင်ရန်ကျန်ရှိသည့် စုစုပေါင်းငွေပမာဏမှာ ကန်ဒေါ်လာ ၁.၅၆ ဘီလီယံအထိ မြင့်မားနေဆဲဖြစ်ပြီး ယခင်နှစ်ထက် နှစ်ဆပိုများကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
အကယ်၍ ရန်ပုံငွေ အသုံးပြု၍ ကုန်ဆုံးသွားပါက ကုလသမဂ္ဂအနေဖြင့် လုပ်ငန်းအသီးသီး၏ လုပ်ဆောင်မှု အတိုင်းအတာကို မဖြစ်မနေ လျှော့ချရနိုင်ခြေရှိပြီး နယူးယောက်ရှိ ဌာနချုပ်ကိုပါ ပိတ်သိမ်းရသည်အထိ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတစ်ဦးက သတိပေးခဲ့ကြောင်း အခြား “The New York Times” ၏ သတင်းဖော်ပြချက်အရ သိရသည်။
“ကုလသမဂ္ဂက နယူးယောက်ကနေ စွန့်ခွာသွားမှာမဟုတ်သလို အမေရိကန်ကနေ ထွက်သွားမှာမဟုတ်ဘူး” လို့ ထရမ့်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂတွင် ကြီးမားသော အလားအလာရှိကြောင်း၊ “စစ်ပွဲမှာ ကျေအေးဖို့ ကျွန်တော်မလုပ်နိုင်တဲ့အခါ ကုလသမဂ္ဂ လုပ်နိုင်တယ်၊ သူ့မှာ ကြီးမားတဲ့ အလားအလာရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
特朗普拒谈支付美国拖欠的联合国会费
新华社华盛顿2月1日电 美国总统特朗普2月1日接受美国媒体电话采访时称,他能“轻松”解决联合国财政危机,但他绝口不提美国是否会支付拖欠的联合国会费。
特朗普当天对美国《政治报》称,并未意识到美国拖欠联合国会费这一情况,但他确信可以“轻松解决这个问题”,只要联合国开口请求,他就能“让其他国家付钱”。
“我会让所有人都付清欠款,就像我让北约国家付清欠款那样。”他说,“我只要给这些国家打电话……几分钟内他们就会寄来支票。”
联合国秘书长古特雷斯的副发言人哈克1月30日说,古特雷斯已致信所有联合国会员国,警示联合国当前面临的严峻财政形势。尽管去年有150多个会员国缴纳了会费,但目前拖欠会费总额仍高达15.6亿美元,较前年增加一倍。
另据《纽约时报》报道,有联合国高官警告,若资金耗尽,联合国可能被迫缩减各项行动的规模,甚至关闭纽约总部。
“联合国不会离开纽约,也不会离开美国。”特朗普说,联合国拥有巨大潜力,“当我不能平息战争时,联合国可以做到,它拥有巨大潜力”。(完)
图说:1月22日,美国总统特朗普在瑞士达沃斯与乌克兰总统泽连斯基会谈后离开。 新华社记者 彭子洋 摄