Europe
အမေရိကန်ဘက်က “အထက်စီးကနေ၍ ကွဲလွဲမှုများဖန်တီးနေသည်” ဟု ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် ပြစ်တင်ရှုတ်ချ
အော်စလို၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
ဂရင်းလန်းကျွန်းအပေါ် အမေရိကန်၏ စဉ်ဆက်မပြတ် ဖိအားပေးခြင်းသည် “လက်ခံနိုင်ဖွယ်မရှိကြောင်း” ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်ဘက်က “အထက်စီးကနေ၍ ကွဲလွဲမှုများဖန်တီးနေသည်” ဟု ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းလွှတ်တော်က ထိုနေ့တွင် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။ လွန်ခဲ့သည့် ၁၄ လအကြာအတွင်း ဂရင်းလန်းကျွန်း၏အခြေအနေမှာ အလွန်ခက်ခဲလှပြီး ထိုအကျပ်အတည်းများမှာ အမေရိကန်၏ “ရေရှည်နှင့် လတ်တလောအထိ စဉ်ဆက်မပြတ်ဖြစ်နေသည့်” ဂရင်းလန်းကျွန်းကိုရယူလိုသော ကြိုးပမ်းမှုနှင့် ပတ်သက်သည့် ပြောကြားချက်များကြောင့် ဖြစ်သည်ဟု Nielsen က အစည်းအဝေးမတိုင်မီ ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အမေရိကန်က မကြာသေးမီရက်ပိုင်းတွင် ဂရင်းလန်းကျွန်းကို စစ်ရေးအရ လက်လွှဲယူမည့် ဖြစ်နိုင်ခြေကို ငြင်းဆိုခဲ့သော်ငြားလည်း အမေရိကန်၏ အခြေခံသဘောထားမှာ ပြောင်းလဲမှုမရှိကြောင်း၊ ၎င်း၏ ရည်မှန်းချက်မှာ ဂရင်းလန်းကျွန်းအား အမေရိကန်နိုင်ငံထဲသို့သိမ်းသွင်းကာ ၎င်းတို့ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း Nielsen က ပြောကြားခဲ့သည်။ ဤပြောကြားချက်များသည် အမေရိကန်သမ္မတ ထရမ့်ထံကသာမဟုတ်ဘဲ အမေရိကန်၏ အခြား အဓိကကျသော မူဝါဒချမှတ်သူများနှင့် အမေရိကန်၏ ရင်းနှီးသော မဟာမိတ်များထံမှလည်း ဖြစ်ကြောင်း၊ ထိုသူတို့သည် ဂရင်းလန်းကျွန်းနှင့် ၎င်းတို့ပြည်သူများ အားလုံးအပေါ် တွင် “အထက်စီးမှနေကာ ကွဲလွဲမှုများဖန်တီးဖို့” ကြိုးပမ်းမှုများရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် ဤကြံစည်ကြိုးပမ်းမှုများသည် “လက်ခံနိုင်ဖွယ်မရှိ” ကြောင်းနှင့် ဂရင်းလန်းကျွန်းသည် ဒိန်းမတ်ဘုရင့်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အခြေအနေတင်းမားနေသော်ငြားလည်း ဂရင်းလန်းကျွန်းသည် အဆင့်မြင့်အလွှာ အစိုးရ လမ်းကြောင်းမှတစ်ဆင့် အမေရိကန်နှင့် အပြန်အလှန်ဆွေးနွေးမှုများ စတင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် အပြန်အလှန်ဆွေးနွေးမှုမှ “တိကျသော ရလဒ်များ” ရရှိရန် ကြိုးစားမြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း Nielsen က ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
格陵兰岛自治政府总理谴责美方“居高临下、制造分裂”
新华社奥斯陆2月2日电(记者姚雨璘 张玉亮)哥本哈根消息:格陵兰岛自治政府总理延斯-弗雷德里克·尼尔森2日发表声明,重申美方对格陵兰岛持续施压“不可接受”,并谴责美方“居高临下、制造分裂”。
格陵兰岛议会当天举行紧急会议。尼尔森在会前发表声明说,格陵兰岛在过去14个月里处境艰难,并将此困境归因于美国“长期且持续至近期的”意图获取格陵兰岛的言论。
尼尔森表示,尽管美国近日否认了军事接管格陵兰岛的可能性,但美国的根本立场并未改变,其目标仍是将格陵兰岛并入美国并由其统治。他指出,此类言论不仅来自美国总统特朗普,也来自美国其他关键决策者和美国亲密盟友,他们对格陵兰岛及其民众均持有“居高临下、制造分裂”的意图。格陵兰岛自治政府已宣布这些企图“不可接受”,并重申格陵兰岛是丹麦王国的一部分。
尼尔森还说,尽管局势紧张,格陵兰岛通过高层官方渠道与美国的对话已经开始,自治政府将努力推动对话取得“具体成果”。(完)
图说:1月17日,人们在丹麦自治领地格陵兰岛首府努克参加示威游行。新华社发(孔斯豪格摄)
