North America
ကန်ဒေါ်လာ ၁ ဘီလီယံ “လျော်ကြေး” ပေးရန် ဟားဗက်တက္ကသိုလ်အား တောင်းဆိုထားကြောင်း ထရမ့်ဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက “လျော်ကြေး” ကန်ဒေါ်လာ ၁ ဘီလီယံ ပေးရန် ဟားဗက်တက္ကသိုလ်ထံ တောင်းဆိုထားပြီး နောင်အနာဂတ်တွင် ဟားဗက်တက္ကသိုလ်နှင့် မည်သည့်ပတ်သက်မှုမျှမရှိရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လူမှုမီဒီယာပို့စ်တစ်ခု၌ ဟားဗက်တက္ကသိုလ်အား “ကာလရှည်ကြာစွာ စွမ်းဆောင်ရည်အလွန်ညံ့ဖျင်းသည်”၊ မီဒီယာများအပေါ် “အခြေအမြစ်မရှိ လျှောက်ပြောသည်” ဟု တိုက်ခိုက်ခဲ့ပြီး ဟားဗက်တက္ကသိုလ်သည် ရှုပ်ထွေးသော အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေး အယူအဆတစ်ခုကို လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း၊ သို့သော် အဆိုပါအစီအစဉ်ကို ဖက်ဒရယ်အစိုးရက ငြင်းပယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
“ဒါဟာ ဟားဗက်တက္ကသိုလ်က (အမေရိကန်အစိုးရနဲ့ သဘောတူညီရရှိထားတဲ့) ကျေအေးကြေး ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပေးဆောင်ရမှာကို ရှောင်လွှဲဖို့ ကြိုးစားနေတဲ့အကွက်ဖြစ်တယ်… ဟားဗက်တက္ကသိုလ်က သူ့ရဲ့ မလျော်ကန်တဲ့ အပြုအမူရဲ့ အကျိုးဆက်တွေကို မဖြစ်မနေတာဝန်ယူရလိမ့်မယ်” ၊ “အခု ကန်ဒေါ်လာ ၁ ဘီလီယံရှိတဲ့ လျော်ကြေး ပေးဖို့ ကျွန်တော်တို့တောင်းဆိုပြီး နောင်အနာဂတ်မှာလည်း ဟားဗက်တက္ကသိုလ်နဲ့ ဘာပတ်သက်မှုမှမရှိဖို့ မျှော်လင့်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် လွန်ခဲ့သည့်နှစ်တွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိချိန်မှစ၍ ဟားဗက်တက္ကသိုလ်စသည့် တက္ကသိုလ်များတွင် “ဂျူးမုန်းတီးရေးဝါဒ” ရှိသည်ဟု ကြိမ်ဖန်များစွာ ပြစ်တင်ခဲ့ပြီး ဤတက္ကသိုလ်များအား “ပြင်ဆင်မှု” ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက ဖက်ဒရယ်အစိုးရမှ ထောက်ပံ့သော ရန်ပုံငွေများကို လျှော့ချ သို့မဟုတ် ဖြတ်တောက်မည်ဟု ဆိုခဲ့သည်။ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထရမ့်က အမေရိကန်အစိုးရနှင့် ဟားဗက်တက္ကသိုလ်တို့အကြား သဘောတူညီရရှိရန် “အလွန်နီးစပ်လာပြီ” ဖြစ်ကြောင်း၊ ဟားဗက်က ဒေါ်လာ သန်း ၅၀၀ ခန့်ပေးဆောင်မည်ဖြစ်ပြီး သက်မွေးအတတ်ပညာသင်ကျောင်း တည်ထောင်ဖွင့်လှစ်ကာ ထရမ့်အစိုးရနှင့်အတူ သက်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ (Xinhua)
………………………….
(Chinese Version)
特朗普说寻求哈佛大学“赔偿”10亿美元
新华社华盛顿2月2日电 美国总统特朗普2日说,美国政府向哈佛大学寻求10亿美元“赔偿”,并希望未来与哈佛大学“再无瓜葛”。
特朗普在社交媒体帖文中攻击哈佛大学“长期以来表现极差”,对媒体“胡言乱语”,并称哈佛大学曾试图推行一个复杂的职业培训概念,但该方案被联邦政府否决。
“这只是哈佛大学试图逃避支付(同美国政府达成的)超过5亿美元和解金的手段……哈佛大学将不得不承担其不当行为带来的后果。”特朗普说,“我们现在要求10亿美元的赔偿,并希望未来与哈佛大学再无瓜葛。”
特朗普去年重返白宫以来,多次指责哈佛大学等高校存在“反犹主义”,要求这些高校进行“整改”,否则将削减或切断联邦政府提供的经费。去年9月,特朗普曾说美国政府与哈佛大学“非常接近”达成协议,哈佛将支付约5亿美元,并且开办职业学校,以解决同特朗普政府的有关纠纷。(完)
图说:5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。 新华社发(朱子于摄)
