North America
အမေရိကန်-အီရန် ဆွေးနွေးတော့မည့်အချိန် ထရမ့်တွင် ရွေးချယ်စရာ များစွာရှိသည်ဟု အိမ်ဖြူတော် ပြောကြား
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ဖေဖော်ဝါရီ ၅ ရက်တွင် မကြာမီ ကျင်းပမည့် အမေရိကန်-အီရန် ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ သဘောထား ဖော်ပြရာတွင် အမေရိကန်အနေဖြင့် သံတမန်ရေးနည်းလမ်းအပြင် “ထည့်သွင်းစဉ်းစားလို့ရတဲ့ ရွေးချယ်စရာ အများကြီး ရှိသေးတယ်” ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်တွင် အီရန်နှင် ဆွေးနွေးမှုက “သံတမန်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရန်” အဓိကထား မည် ဖြစ်ပြီး “နျူကလီးယားစွမ်းရည် ကင်းစင်ရေး” မှာ သမ္မတ ထရမ့် အဖန်တလဲလဲ အလေးထားသည့် ရပ်တည်ချက်ဖြစ်ကြောင်း၊ “သူက သဘောတူညီချက် ရနိုင်မလားဆိုတာ ကြည့်ချင်တာပါ” ဟု Karoline Leavitt က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် Karoline Leavitt က ”ဆွေးနွေးမှု ပြုလုပ်တဲ့အခါ သမ္မတ ထရမ့်ဟာ သံတမန်ရေးနည်းလမ်းအပြင် ထည့်သွင်းစဉ်းစားလို့ရတဲ့ ရွေးချယ်စရာ အများကြီး ရှိသေးတယ်ဆိုတာကို သတိပြုဖို့ ကျွန်မ အီရန်ဘက်ကို သတိပေးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် မကြာသေးမီက အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး အီရန်အနီးတစ်ဝိုက်သို့ စစ်ရေးအင်အား တိုးမြှင့်စေလွှတ်ခဲ့ကာ အီရန်ကို အမေရိကန်နှင့် အမြန်ဆုံးဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရယူရန် တောင်းဆိုခဲ့သည်။ အမေရိကန်နှင့် အီရန်သည် ဖေဖော်ဝါရီ ၆ ရက်တွင် အိုမန်နိုင်ငံ မြို့တော် မတ်စကတ်၌ နျူကလီးယားအရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသည်။ ဆွေးနွေးပွဲအား မည်သည့်ပုံစံဖြင့် ကျင်းပမည်ကိုမူ နှစ်ဖက်အနေဖြင့် ရှင်းလင်းပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
美伊谈判在即 白宫称特朗普有“诸多选项”
新华社华盛顿2月5日电 美国白宫发言人莱维特5日就即将进行的美伊谈判表态,称美国除了外交手段外,“还拥有诸多选项可供考虑”。
莱维特在回答记者提问时说,6日与伊朗的谈判将聚焦“推进外交进程”,实现“零核能力”是特朗普总统反复强调的立场,“他想看看能否达成协议”。
莱维特同时说:“在谈判进行之际,我要提醒伊朗方面注意,特朗普总统除了外交手段外,还拥有诸多选项可供考虑。”
美国政府近来持续对伊朗发出军事威胁,并向伊朗周边增派军事力量,要求伊方尽快与美方谈判并达成协议。美国与伊朗定于6日在阿曼首都马斯喀特举行核问题谈判。双方尚未说明会谈将以何种方式举行。(完)
1. 2月5日,在美国首都华盛顿白宫,白宫新闻秘书莱维特出席记者会。新华社发(李源清摄)
