Africa & Middle East
အီရန်နိုင်ငံခြားရေးဝန်ကြီး အိုမန်နိုင်ငံသို့ သွားရောက်၊ နျူကလီးယားအရေးနှင့် ပတ်သက်၍ တရားမျှတသော “နားလည်မှု” ကို ရှာဖွေမည်
တီဟီရန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက သံတမန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ အိုမန်နိုင်ငံ မြို့တော် မက်စ်ကတ်သို့ သွားရောက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက ဖေဖော်ဝါရီ ၅ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား ယခုအကြိမ် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုသည် “နျူကလီးယားအရေးနှင့်ပတ်သက်၍ တရားမျှတသော၊ အပြန်အလှန်အသိအမှတ်ပြုပြီး ဂုဏ်သိက္ခာရှိသော နားလည်မှုတစ်ခုရရှိရေး” အတွက် ကြိုးပမ်းရန်ဖြစ်ကြောင်း ဘဂါအီက လူမှုမီဒီယာတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ဘဂါအီက အီရန်နျူးကလီးယားအရေး ဘက်စုံသဘောတူညီချက် (JCPOA) ကို ချိုးဖောက်သည့် လုပ်ရပ်များ၊ လွန်ခဲ့သည့်နှစ် ဇွန်လက အီရန်ကို စစ်ရေးကျူးကျော်မှုနှင့် လတ်တလော အီရန်အခြေအနေတွင် “ပြင်ပဝင်ရောက်စွက်ဖက်မှု” များ အပါအဝင် အတိတ်က နာကျင်စရာသင်ခန်းစာများအပေါ် အီရန်အနေဖြင့် အစဉ်အမြဲ မှတ်သားထားကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ဖို့ တာဝန်ကို အစဉ်အမြဲ ကိုယ်တိုင်သတိဖြင့် ထမ်းဆောင်နေတဲ့ တစ်ချိန်တည်းမှာပဲ သံတမန်ရေးလမ်းကြောင်းများမှတစ်ဆင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ဖို့ ဘယ်သံတမန်ရေးလမ်းကြောင်းကိုမဆို လက်လွှတ်မခံဖို့လည်း တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ သံတမန်ရေးလုပ်ငန်းစဉ်များကို မြှင့်တင်ပေးသော ဒေသတွင်းနိုင်ငံများအားလုံးအပေါ် ဘဂါအီက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ဘက်အနေဖြင့် တာဝန်ယူမှုရှိသော၊ လက်တွေ့ကျသော၊ လေးနက်သော သဘောထားဖြင့် ဤသံတမန်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် အစိုးရသည် လတ်တလောတွင် အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှုများ အစဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သလို အီရန်အနီးဝန်းကျင်သို့ စစ်ရေးအင်အား တိုးမြှင့်စေလွှတ်ခဲ့ပြီး အီရန်ဘက်အား အမေရိကန်နှင့် အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက်ရရှိရန် တောင်းဆိုခဲ့သည်။ အာရက်ဂ်ချီက အီရန်အနေဖြင့် အမေရိကန်နှင့် ဖေဖော်ဝါရီ ၆ ရက်တွင် အိုမန်နိုင်ငံ မြို့တော် မတ်စ်ကတ်၌ နျူကလီးယားအရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည်။ (Xinhua)
………………..
(Chinese Version)
伊朗外长前往阿曼 寻求就核问题达成公平“谅解”
新华社德黑兰2月5日电(记者陈霄 沙达提)伊朗外交部发言人巴加埃5日晚宣布,伊朗外交部长阿拉格齐已率领一个外交代表团前往阿曼首都马斯喀特,与美国就核问题开展谈判。
巴加埃在社交媒体发表声明说,伊美此次外交接触力求“就核问题达成公平、双方认可且体面的谅解”。
巴加埃表示,对于以往的沉痛经验,伊朗始终铭记在心,其中包括对伊朗核问题全面协议的违约行为,去年6月伊朗遭到军事侵略,以及近期伊朗局势遭到“外部干涉”。“我们始终自觉肩负起维护伊朗人民权利的责任;同时,也有责任不放弃任何通过外交途径维护国家利益、守护地区和平与稳定的机会。”
巴加埃对所有推动当前外交进程的地区国家表示感谢,并希望美方亦能以负责任、务实和严肃的态度参与这一外交进程。
美国政府近来持续对伊朗发出军事威胁,并向伊朗周边增派军事力量,要求伊方尽快与美方谈判并达成协议。阿拉格齐4日晚证实,伊朗定于6日与美国在马斯喀特就核问题举行谈判。(完)
图说:1月12日,伊朗外长阿拉格齐(右)在首都德黑兰出席外国使节会议。新华社发(扎瓦德摄)
