Connect with us

Africa & Middle East

အမေရိကန်၏ စစ်ရေးဖိအားက အီရန်အား ကြောက်လန့်စေမည် မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို

အိုမန်နိုင်ငံ မြို့တော်မက်စ်ကတ်ရှိ တွေ့ဆုံဆွေးနွေးရာနေရာသို့ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ သွားရောက်နေသော အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi (အလယ်) အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အီရန်က ၎င်း၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုခြင်း အစီအစဉ်အတွက် “ဧရာမကြီးမားသော ပေးဆပ်မှု” လုပ်ဆောင်ခဲ့ရကြောင်း၊ အီရန်က “မည်သည့်အရာကို ပိုင်ဆိုင်သင့်ပြီး မည်သည့်အရာအား မပိုင်ဆိုင်သင့်သည်” ကို မည်သူကမျှ သတ်မှတ်ပိုင်ခွင့်မရှိကြောင်း၊ အမေရိကန်၏ စစ်ရေးဖိအားသည် အီရန်အား ကြောက်လန့်စေမည် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က ဖေဖော်ဝါရီ ၈ ရက် အများပြည်သူအားမိန့်ခွန်းပြောကြားမှုအတွင်း ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

“သူတို့ (အမေရိကန်) က ဒီဒေသမှာ စစ်ရေးဖြန့်ကြက်နေရာချထားမှုက ကျွန်တော်တို့ကို ကြောက်လန့်စေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သံတမန်ဆက်ဆံရေး ကျွမ်းကျင်တဲ့ လူမျိုးစုဖြစ်သလို ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်။ စစ်ကိုလိုလားတာ မဟုတ်ဘဲ ဘယ်သူမှ ကျွန်တော်တို့နဲ့ ရန်သူမဖြစ်ဝံ့အောင် အချိန်မရွေးတိုက်ပွဲဝင်ဖို့ အသင့်ရှိနေတာပါ” ဟု Seyed Abbas Araghchi က ပြောကြားခဲ့သည်။

အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကအချက်သည် “လွတ်လပ်မှု” ပင်ဖြစ်ကြောင်း၊ ယူရေနီယံသန့်စင်မှုအပေါ် မည်သည့် သံသယရှိမှု သို့မဟုတ် စိုးရိမ်ပူပန်မှုရှိပါက အီရန်က တုံ့ပြန်သွားလိုကြောင်း၊ အီရန်အနေဖြင့် အခြားနိုင်ငံက ၎င်း၏ အခွင့်အရေးနှင့် အကျိုးစီးပွားအား “အသိအမှတ်ပြုရန်” မလိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ အခွင့်အရေးနှင့် အကျိုးစီးပွားကိုယ်တိုင်၌ကပင် သတ်မှတ်ထားပြီးသားနှင့် တရားဝင်သောကြောင့်ဖြစ်ကြောင်း၊ အခြားနိုင်ငံများအနေဖြင့် လုပ်ဆောင်သင့်သည်မှာ အဆိုပါအခွင့်အရေးနှင့် အကျိုးစီးပွားအား လေးစားခြင်းပင်ဖြစ်ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယားလက်နက်အား မဖော်ဆောင်ကြောင်း၊ အီရန်အင်အား၏ လျှို့ဝှက်ချက်မှာ နိုင်ငံကြီးအပေါ် “ငြင်းဆိုခြင်း” ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လေးစားမှုရှိတဲ့ ပြောဆိုချက်နဲ့ အီရန်ပြည်သူတွေအပေါ် ဆက်ဆံရင် အီရန်ကလည်း လေးစားမှုနဲ့ တုံ့ပြန်မှာပါ။ အာဏာပြတဲ့ပြောဆိုချက်နဲ့ ဆက်ဆံမယ်ဆိုရင်တော့ အီရန်ကလည်း အင်အားနဲ့ တုံ့ပြန်သွားမှာပါ” ဟု Seyed Abbas Araghchi က ဆိုသည်။ အီရန် သံတမန်ဆက်ဆံရေးမူဝါဒ၏ အရေးကြီးဆုံး အခြေခံမူမှာ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
伊朗外长:美国军事施压吓不倒伊朗
新华社德黑兰2月8日电(记者陈霄 沙达提)据伊朗迈赫尔通讯社8日报道,伊朗外长阿拉格齐当天发表公开讲话说,伊朗为其和平核计划付出了“巨大代价”,任何人都无权规定伊朗“应该拥有什么、不应该拥有什么”。美国的军事施压吓不倒伊朗。
阿拉格齐说:“他们(美国)在该地区的军事部署吓不倒我们。我们是善于外交的民族,也是骁勇善战的民族——并非好战,而是随时准备战斗,让任何人都不敢与我们为敌。”
他表示,伊朗宪法的核心是“独立”。若对铀浓缩存在任何疑问或关切,伊朗愿作出回应。伊朗并不需要其他国家“承认”其权利,因为这些权利本身就是既定和合法的;其他国家应当做的是尊重这一权利。伊朗不寻求核武器,伊朗力量的密码在于对大国说“不”。
阿拉格齐说:“若以尊重的语言对待伊朗人民,伊朗将以尊重回应;若以强权语言相向,伊朗亦将以力量回应。”他重申,伊朗外交政策的首要原则是尊严。(完)
图说:2月6日,伊朗外长阿拉格齐(前中)率团前往位于阿曼首都马斯喀特的会谈地点。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.