Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ မြို့တော်တွင် ကျယ်လောင်သောအသံများစွာ ပေါ်ထွက်၊ အချို့သောဒေသများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် လမ်းမမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် ဇန်နဝါရီ ၃ ရက် နံနက် ၂ နာရီခန့်တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် ဝေဟင်ထက်၌ ကျယ်လောင်သောအသံများစွာ ပေါ်ထွက်လာခဲ့သည်ကို ဆင်ဟွာသတင်းထောက်က ကြားခဲ့ရသည်။
လူမှုမီဒီယာ၌ ပေါ်ထွက်နေသည့် ဓာတ်ပုံနှင့်ဗီဒီယိုများအရ မြို့တော်နေရာများစွာတွင် မီးခိုးများ ထွက်ပေါ်လာကြောင်း၊ လမ်းမထက်တွင် ထွက်ပြေးသွားလာနေသော ပြည်သူများရှိကြောင်းကို တွေ့မြင်ရသည်။ ကရာကတ်စ်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခု စသည့်ဒေသများတွင် ယာယီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုရှိသည်ဟုလည်း သတင်းဖော်ပြမှုများရှိသည်။
ထို့ပြင် အချို့သော အင်တာနက်အသုံးပြုသူများက ရဟတ်ယာဉ်များအား တွေ့မြင်သည်ဟုဆိုကာ ဓာတ်ပုံများ ပို့စ်တင်မှုများရှိသည်။ လက်ရှိတွင် အဆိုပါသတင်းအချက်အလက်များ၏ စစ်မှန်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ (Xinhua)

——————-
(Chinese Version)
委内瑞拉首都传出多声巨响 部分区域停电
新华社加拉加斯1月3日电(记者田睿)当地时间3日2时左右,新华社记者在委内瑞拉首都加拉加斯听到当地上空传出多声巨响。
社交媒体上流传的照片和视频显示,首都多处地点升起烟雾,有民众在街上逃散。有消息称,加拉加斯一处军事基地等区域短暂停电。
此外,有网民称看到直升机并发布照片,目前尚无法判断这些信息的真伪。(完)
图说:这是2025年12月31日拍摄的委内瑞拉加拉加斯街头的资料照片。 新华社发(马科斯·萨尔加多摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.