Connect with us

Latin America

ထရမ့်က ဗင်နီဇွဲလားအား တိုက်ခိုက်ရန် အမိန့်ချဟု အမေရိကန်မီဒီယာများဆို၊ မာဒူရိုက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်/ဝါရှင်တန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် ဇန်နဝါရီ ၃ ရက် နံနက် ၂ နာရီခန့်တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် ဝေဟင်ထက်၌ ကျယ်လောင်သောအသံများစွာ ပေါ်ထွက်လာခဲ့သည်ကို ဆင်ဟွာသတင်းထောက်က ကြားခဲ့ရသည်။ လူမှုမီဒီယာ၌ ပေါ်ထွက်နေသည့် ဓာတ်ပုံနှင့်ဗီဒီယိုများအရ မြို့တော်နေရာများစွာတွင် မီးခိုးများ ထွက်ပေါ်လာကြောင်း၊ လမ်းမထက်တွင် ထွက်ပြေးသွားလာနေသော ပြည်သူများရှိကြောင်းကို တွေ့မြင်ရသည်။ ကရာကတ်စ်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခု စသည့်ဒေသများတွင် ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိသည်ဟုလည်း သတင်းဖော်ပြမှုများရှိသည်။

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် စစ်ရေးအဆောက်အဦ အပါအဝင် ဗင်နီဇွဲလားနိုင်ငံ ပြည်တွင်းရှိ ပစ်မှတ်များစွာအား တိုက်ခိုက်မှုလုပ်ဆောင်ရန် အမိန့်ချခဲ့သည်ဟု အိမ်ဖြူတော်အရာရှိက ထုတ်ဖော်ပြောကြားခဲ့ကြောင်း အမေရိကန် CBS သတင်းဌာန၏ အိမ်ဖြူတော်သတင်းထောက်က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု ဗင်နီဇွဲလားနိုင်ငံ အစိုးရက ဇန်နဝါရီ ၃ ရက်တွင် ပြောခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအပေါ် “စစ်ရေးကျူးကျော်မှု” လုပ်ဆောင်ခြင်းအား ပြစ်တင်ရှုတ်ချခဲ့သည်။

ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရိုက ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်သည် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုခံနေရကြောင်း ပြောခဲ့သည်။ “တစ်ကမ္ဘာလုံးကို သတိပေးချက် ထုတ်ပြန်ပါတယ်။ ဗင်နီဇွဲလားက တိုက်ခိုက်မှုခံနေရပါတယ်။ သူတို့က ဒုံးကျည်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်” ဟု ပို့စ်အတွင်း၌ ၎င်းကဆိုသည်။ အမေရိကတိုက် နိုင်ငံ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအနေဖြင့် ချက်ချင်းတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

——————-
(Chinese Version)
美媒说特朗普下令打击委内瑞拉 马杜罗宣布国家紧急状态
新华社加拉加斯/华盛顿1月3日电 当地时间3日2时左右,新华社记者在委内瑞拉首都加拉加斯听到当地上空传出多声巨响。社交媒体上流传的照片和视频显示,首都多处地点升起烟雾,有民众在街上逃散。有消息称,加拉加斯一处军事基地等区域短暂停电。
美国哥伦比亚广播公司报道白宫新闻的记者当日在社交媒体发文称,有美国官员透露,美国总统特朗普下令对包括军事设施在内的多个委内瑞拉境内目标发动袭击。
委内瑞拉政府3日说,委内瑞拉总统马杜罗已宣布国家紧急状态。
委内瑞拉外交部当日发表声明,谴责美国对委进行“军事侵略”。
哥伦比亚总统佩特罗3日凌晨在社交媒体发文说,委内瑞拉首都加拉加斯正遭受导弹轰炸。他在文中说:“向全世界发出警报:委内瑞拉遭到袭击!他们正在发射导弹进行轰炸。”他呼吁美洲国家组织和联合国立即举行会晤。(完)
图说:这是2025年12月8日拍摄的加拉加斯的资料照片。 新华社记者 李木子 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.