Europe
ဂျပန်စစ်ရာဇဝတ်သား ၂၀ ဦး၏ အမည်စာရင်းအား ရုရှားထုတ်ပြန်၊ ဂျပန်စစ်ဝါဒပြစ်မှုများအား ဆက်လက်ဖော်ထုတ်ပြသမည်ဟု ဆို
မော်စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဂျပန်စစ်ရာဇဝတ်သား ၂၀ ဦး ပါဝင်သည့် အမည်စာရင်းတစ်ခုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်လိုက်ပြီး ဂျပန်စစ်ဝါဒီများ၏ ပြစ်မှုများကို ဆက်လက်ထုတ်ပြန်၍ ဖော်ထုတ်ပြသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလမှ နိုဝင်ဘာလတွင် ရုရှားရှေ့နေချုပ်ရုံးက ၁၉၈၀ ပြည့်လွန်နှစ်များမှ ၂၀၀၀ ပြည့်နှစ်အတွင်း ဂျပန်ပြည်သူအချို့အပေါ် ချမှတ်ခဲ့သည့် “နိုင်ငံရေးဂုဏ်သိက္ခာ ပြန်လည်ထူထောင်ခြင်း” ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်ဟု Maria Zakharova က ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ သတင်းအရ သိရသည်။
အဆိုပါပုဂ္ဂိုလ်များမှာ ဒုတိယကမ္ဘာစစ်ကာလတွင်သာမက ၁၉၄၅ ခုနှစ် ဂျပန်လက်နက်ချအညံ့ခံပြီးနောက်အထိ ဆိုဗီယက်ပြည်ထောင်စုကို ပစ်မှတ်ထားသည့် အဖျက်အမှောင့်နှင့် သူလျှိုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း၊ ရုရှားသက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ၎င်းတို့သည် “နိုင်ငံရေးဂုဏ်သိက္ခာ ပြန်လည်ထူထောင်ခြင်း” တောင်းဆိုချက်နှင့် ကိုက်ညီမှုမရှိသည်ကို ပြန်လည်စိစစ်အတည်ပြုခဲ့ပြီး ၎င်းတို့၏ပြစ်မှုများကို အပြည့်အဝ သက်သေဖြင့်အတည်ပြုခဲ့ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုတပ်မတော်၏ အရေအတွက်နှင့် ဖြန့်ကြက်မှု သတင်းအချက်အလက်များကို ရယူရန်အတွက် ၎င်းတို့အနက် အချို့မှာ ဆိုဗီယက်ပြည်ထောင်စု တပ်နီတော်ထံတွင် လက်နက်ချပြီးနောက် ထောက်လှမ်းရန် စီစဉ်ကြိုးပမ်းမှုရှိခဲ့သလို အချို့မှာ ဆိုဗီယက်ပြည်ထောင်စုအနီးရှိ နယ်စပ်ဒေသတွင် အဖျက်သမားများအား လေ့ကျင့်ပေးခြင်းရှိကြောင်း၊ ထို့အပြင် အချို့မှာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် အမှတ် ၇၃၁ တပ်ဖွဲ့ပြုလုပ်သည့် လူသားခန္ဓာကိုယ်ဖြင့် စမ်းသပ်မှုတွင်လည်း ပါဝင်ခဲ့သေးကြောင်း သိရသည်။
ဂျပန်စစ်ဝါဒီများ၏ အကြမ်းဖက်လုပ်များအပေါ် စွဲချက်တင်သည့် အချိန်အကန့်အသတ်မရှိသလို သက်ဆိုင်ရာလူပုဂ္ဂိုလ်များအပေါ် ဥပဒေအရ အရေးယူမှုလုပ်ငန်းစဉ်များမှာ ယနေ့တိုင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ရုရှားနိုင်ငံအနေဖြင့် ဂျပန်စစ်ဝါဒီများ၏ ပြစ်မှုများကို ဆက်လက်ဖော်ထုတ်ကာ အများရှေ့တွင် ပြသသွားမည် ဖြစ်ကြောင်း Maria Zakharova က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
俄罗斯公布20名日本战犯名单 将继续揭露日本军国主义罪行
新华社莫斯科1月3日电 俄罗斯外交部发言人扎哈罗娃2日公布一份包含20名日本战犯的名单,并表示俄方将继续揭露并公布日本军国主义分子的罪行。
据俄外交部网站消息,扎哈罗娃表示,2025年4月至11月,俄总检察院废除1980年代至2000年代对一些日本公民作出的“平反”决定。这些人在二战期间乃至1945年日本投降后,参与了针对苏联的破坏和间谍活动。俄相关机构复核后认定这些人不符合“平反”条件,其罪行已完全被证实。他们当中有人在向苏联红军投降后试图组织情报搜集活动,以获取苏联军队的数量和部署信息;有人在与苏联邻近的边境地区训练破坏分子;还有人参与臭名昭著的731部队人体实验。
扎哈罗娃说,对日本军国主义分子的暴行没有诉讼时效限制,对相关人员进行法律制裁的程序至今仍在继续。2026年,俄方将继续揭露日本军国主义分子的罪行,并公之于众。(完)
1. 这张视频截图显示,12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发
