Latin America
ဗင်နီဇွဲလားအစိုးရက အမေရိကန်၏ စစ်ရေးကျူးကျော်မှုကို ပြစ်တင်ရှုတ်ချ၍ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ
ကရာကတ်စ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ၏ နယ်မြေပိုင်နက်နှင့် ပြည်သူများအပေါ် အမေရိကန်နိုင်ငံ လက်ရှိအစိုးရ၏ “အလွန်တရာ ဆိုးရွားသည့် စစ်ရေးကျူးကျော်မှုများ” ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကြောင်း ဗင်နီဇွဲလားအစိုးရက ဇန်နဝါရီ ၃ ရက်တွင် တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုအကြိမ် စစ်ရေးတိုက်ခိုက်မှု၏ ပစ်မှတ်များမှာ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်နှင့် မီရန်ဒါပြည်နယ်၊ အာရာကွာပြည်နယ်၊ လကွာအီရာပြည်နယ်များရှိ အရပ်ဘက်သုံးနှင့် စစ်ရေးပစ်မှတ်များ ဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရ၏ ကြေညာချက်တွင် ထောက်ပြထားသည်။
အမေရိကန်၏ ဤလုပ်ရပ်သည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး အထူးသဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဥပဒေတန်းတူညီမျှမှုနှင့် လက်နက်အင်အားသုံးမှု တားမြစ်ခြင်းနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအကြောင်းအရာများ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုက ဥပဒေအမိန့်တစ်ရပ် လက်မှတ်ရေးထိုးပြီးဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာကြောင်း၊ အင်ပါယာဝါဒ ကျူးကျော်မှုကို အနိုင်တိုက်ရန် ပြည်သူတစ်ရပ်လုံးအနေဖြင့် “လက်နက်ကိုင်တိုက်ပွဲသို့ ချက်ချင်းဝင်ရောက်ရန်” နှိုးဆော်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မာဒူရိုက နိုင်ငံတစ်ဝန်း ပြည်နယ်၊ မြို့ အသီးသီးတွင် “ဘက်စုံကာကွယ်ရေးကွပ်ကဲမှုဌာန” များကို ဖြန့်ကြက်ထားရန် အမိန့်ချထားပြီဖြစ်ကြောင်း သိရသည်။
ဗင်နီဇွဲလားအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” အရ တရားဝင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အား တင်းတင်းကျပ်ကျပ် ထိန်းသိမ်းသွားမည် ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ စသည်တို့ထံသို့ စွဲချက်တင်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် အလေးထားဖော်ပြထားသည်။ (Xinhua)
——————
(Chinese Version)
委内瑞拉政府谴责美军事侵略并宣布国家紧急状态
新华社加拉加斯1月3日电(记者李子健 田睿)委内瑞拉政府3日发表官方公告,强烈谴责美国现政府对委内瑞拉领土和人民实施“极其严重的军事侵略”,并宣布在全国范围内实施国家紧急状态。
委政府在公告中指出,此次军事打击针对的是委首都加拉加斯以及米兰达州、阿拉瓜州和拉瓜伊拉州的民用及军事目标。公告称,美方此举公然违反了《联合国宪章》,特别是涉及国家主权、法律平等及禁止使用武力的相关条款。
公告说,委内瑞拉总统马杜罗已签署法令,宣布在全国范围内实施国家紧急状态,号召全体人民“立即转入武装斗争”以击败帝国主义侵略。此外,马杜罗已下令在全国各州、市部署“综合防御指挥部”。
公告强调,委内瑞拉将严格根据《联合国宪章》保留行使合法自卫的权利,并将向联合国安理会等提出控诉。(完)
1. 图说:这是2025年12月31日拍摄的委内瑞拉加拉加斯街头的资料照片。 新华社发(马科斯·萨尔加多摄)
