North America
အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု မည်သည့်အခါတွင် အဆုံးသတ်မည်နည်းနှင့်စပ်လျဉ်း၍ ထရမ့်က အမြန်ဆုံး အဆုံးသတ်မည်ဖြစ်သော်လည်း ယခုသီတင်းပတ်အတွင်း မဖြစ်နိုင် ဟုဆို
ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများက အမြန်ဆုံး အဆုံးသတ်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် မတ် ၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း အဆုံးသတ်နိုင်မည်လောဟု မေးမြန်းရာတွင် ထရမ့်က “မဖြစ်နိုင်ဘူး” ဟု ပြန်လည်းဖြေကြားခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် CBS သတင်းထောက်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု၌ ထရမ့်က အီရန်အပေါ် စစ်ရေးဆင်နွှဲမှုအခြေအနေမှာ အလွန်ပင် ပြည့်ပြည့်ဝဝရှိခဲ့ပြီးသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောကြားခဲ့သည်။
အီရန်သည် ယခုအခါ “ရေတပ်မရှိ၊ ဆက်သွယ်ရေးအဆောက်အဦမရှိ၊ လေတပ်မရှိ၊ ဒုံးကျည်လက်ကျန် သိပ်မရှိ၊ ဒရုန်းနဲ့ ဒရုန်းတည်ဆောက်တဲ့ စက်ရုံ ဖျက်ဆီးခံထားရတယ်”၊ “စစ်ရေးရှုထောင့်က ပြောမယ်ဆိုရင် သူတို့မှာ ဘာမှမကျန်တော့ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် စစ်တပ်က အီရန်၏ ပစ်မှတ် ၅,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သလို အီရန်ရေတပ် သင်္ဘော ၅၁ စင်းကိုလည်း နစ်မြုပ်အောင် ပစ်ခတ်ပြီး ဒုံးကျည်ပစ်ကိရိယာ ၉၀ ရာခိုင်နှုန်းကျော်နှင့် ဒရုန်းပစ်ကိရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့ကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အရေးအကြီးဆုံးပစ်မှတ်အချို့ကို နောင်အတွက် ချန်ထားမယ်”၊ “ဒီပစ်မှတ်တွေက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ အခြားကဏ္ဍတွေနဲ့ သက်ဆိုင်တယ်” ဟုလည်း ၎င်းက ခြိမ်းခြောက်ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် မို့ချ်တာဘာ ခါမေနီ ရွေးချယ်တင်မြှောက်ခံရခြင်းနှင့်စပ်လျဉ်း၍ ထရမ့်က မိမိအနေဖြင့် “စိတ်ပျက်မိကြောင်း” ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ထရမ့်က ၎င်းအနေဖြင့် အီရန်နိုင်ငံ အတွင်းပိုင်းက ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦး အာဏာရစေရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံ တောင်ပိုင်းရှိ မိန်းကလေးစာသင်ကျောင်းကို Tomahawk ခရုဇ်ဒုံးကျည်ဖြင့် ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်းနှင့်စပ်လျဉ်း၍ အမေရိကန်အနေဖြင့် တာဝန်ယူမည်လောဟု မေးမြန်းခံရရာတွင် ထရမ့်က Tomahawk ဒုံးကျည်ကို ရောင်းချထားပြီးဖြစ်ရာ အခြားနိုင်ငံက အသုံးပြုနေကြောင်း၊ အီရန်တွင်လည်း Tomahawk ဒုံးကျည် အချို့ရှိကြောင်း၊ လက်ရှိတွင် ယင်းကိစ္စကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန် တောင်ပိုင်း Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းသည် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုအတွင်း တိုက်ခိုက်မှုခံခဲ့ရသည်။
အီရန်မီဒီယာများ၏ မတ် ၁ ရက် သတင်းများအရ ယင်းမူလတန်းကျောင်းတွင် အနည်းဆုံး လူ ၁၆၅ ဦး သေဆုံးခဲ့ရာ ၎င်းတို့အနက် အများစုမှာ ၁၀ နှစ်ဝန်းကျင် မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။ အမေရိကန် မီဒီယာအများအပြားက မတ် ၈ ရက်တွင် အွန်လိုင်း၌ ပို့စ်တင်ခဲ့သည့် ဗီဒီယိုအပိုင်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များအရ Tomahawk ခရုဇ်ဒုံးကျည်တစ်စင်းသည် Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းနံဘေးရှိ ရေတပ်အခြေစိုက်စခန်းကို ထိမှန်ခဲ့ကြောင်း၊ ယင်းပဋိပက္ခအတွင်း အမေရိကန်စစ်တပ်သည် ယင်းအမျိုးအစား ဒုံးကျည်ကို အသုံးပြုသည့် တစ်ခုတည်းသော စစ်ပွဲပါဝင်ဆင်နွှဲသည့် စစ်တပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
何时结束对伊朗军事行动 特朗普:“很快”但“不在本周”
新华社华盛顿3月9日电 美国总统特朗普9日在佛罗里达州迈阿密举行的新闻发布会上说,美国对伊朗的军事行动会“很快”结束,当被问及是否可能在本周结束时,特朗普回答说“不会”。
特朗普当天下午在接受哥伦比亚广播公司记者电话采访时说,他认为对伊朗的战事已进行得“非常彻底”,并称伊朗现在“没有海军,没有通讯设施,没有空军,导弹已经所剩无几,无人机、无人机制造厂被摧毁”,“从军事角度说,他们什么都没剩下”。
特朗普在新闻发布会上说,美军已经打击了伊朗5000多个目标,击沉了伊朗海军51艘军舰,摧毁了伊朗90%以上的导弹发射器和80%以上的无人机发射器。他还威胁称“将一些最重要的目标留到以后”,“这些目标与电力生产和许多其他方面有关”。
在谈到穆杰塔巴·哈梅内伊当选伊朗最高领袖时,特朗普表示自己“感到失望”。特朗普同时表示,他仍然有意由一名伊朗“内部候选人”来执政。 在被问及很可能是“战斧”巡航导弹摧毁了伊朗南部的女子学校,美国会否承担责任时,特朗普称“战斧”导弹被出售并被其他国家使用,并称伊朗“也有一些‘战斧’导弹”。目前这件事正在调查之中。
2月28日,伊南部米纳卜市的一所小学在美国和以色列的军事行动中遭袭。据伊朗媒体3月1日报道,这所小学至少165人遇难,其中大多是10岁左右的小女孩。美国多家媒体根据8日发布在网络上的一段视频分析判断,一枚“战斧”巡航导弹击中了米纳卜市一所小学旁边的海军基地。在这场冲突中,美军是唯一使用该型导弹的参战部队。(完)
1. 1月22日,美国总统特朗普在瑞士达沃斯与乌克兰总统泽连斯基会谈后离开。新华社记者 彭子洋 摄
