Connect with us

Africa & Middle East

“အဆုံးမဲ့ စစ်ပွဲ” မဆင်နွှဲလို၊ အီရန်အပေါ် လှုပ်ရှားမှုများ အဆုံးသတ်မည့်အချိန် အမေရိကန်နှင့်ညှိနှိုင်းသွားမည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်များလုပ်ဆောင်ခြင်းအား ဆန္ဒပြနေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အစ္စရေးသည် အီရန်နှင့် “အဆုံးမဲ့ စစ်ပွဲ” ဆင်နွှဲရန် မလိုလားကြောင်း၊ သင့်တင့်လျောက်ပတ်သည့် အခွင့်အခါတွင် အမေရိကန်နှင့်ဆွေးနွေးညှိနှိုင်းကာ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ မည်သည့်အချိန်၌ အဆုံးသတ်မည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
Gideon Sa’ar က အစ္စရေးသို့ ခရီးစဉ်ရောက်ရှိနေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul နှင့် ဂျေရုဆလမ်မြို့၌ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ရေးလှုပ်ရှားမှု အချိန်ဇယား အသေးစိတ်ကိုမူ Gideon Sa’ar က ပြောကြားခဲ့ခြင်း မရှိပေ။
အစ္စရေးနှင့် ၎င်း၏ မိတ်ဖက်များက ရပ်တန့်သင့်ပြီဟု ယူဆသည်အထိ အစ္စရေးအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

အစ္စရေး၏ ရည်မှန်းချက်မှာ “အီရန်၏ အစ္စရေးအပေါ် ဖြစ်ပေါ်စေသော ရှင်သန်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို ရေရှည်ဖယ်ရှားရှင်းလင်းရန်” ဖြစ်ကြောင်း၊ သို့သော် အီရန်လက်ရှိအစိုးရ တည်ရှိနေသည့် အခြေအနေမျိုးတွင် ဖော်ဆောင်နိုင်ရန် အလွန်ခဲယဉ်းကြောင်း Gideon Sa’ar က ပြောကြားခဲ့သည်။ အီရန်အစိုးရပြောင်းလဲမှုသည် “စစ်ရေးလှုပ်ရှားမှု အဆုံးသတ်ပြီးနောက်တွင် ဖြစ်ပေါ်နိုင်ကြောင်း”၊ လက်ရှိ စစ်ရေးလှုပ်ရှားမှုသည် အစိုးရပြောင်းလဲရေးအတွက် အခြေအနေဖန်တီးရန် ရည်ရွယ်ကြောင်း အစ္စရေးအနေဖြင့် ယူဆသည်ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ အကြီးအကျယ်လုပ်ဆောင်ခဲ့ရာ အီရန်က အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ စသည်တို့အား ပစ်မှတ်ထား၍ တန်ပြန်တိုက်ခိုက်ခဲ့သည်။ (Xinhua)

——————-
(Chinese Version)
以外长称不寻求“无休止战争” 将与美协商对伊朗行动结束时间
新华社耶路撒冷3月10日电(记者冯国芮 庞昕熠)以色列外交部长萨尔10日称,以色列并不寻求与伊朗进行“无休止的战争”,将在适当时机与美国协调,决定何时结束对伊朗的军事行动。
萨尔在耶路撒冷与到访的德国外长瓦德富尔共同举行记者会时作出上述表态。
萨尔没有给出当前军事行动的具体时间表。他强调,以色列将继续军事行动,直到以方及其伙伴认为“适合停止”为止。
萨尔声称,以方目标是“从长远上消除伊朗对以色列构成的生存性威胁”,但在伊朗现政权存在的情况下很难实现。以方认为,伊朗政权更迭“可能在军事行动结束后发生”,当前军事行动旨在为政权更迭创造条件。
美国和以色列2月28日对伊朗发起大规模军事打击,伊朗对以色列以及美国在中东地区的军事基地等目标发起还击。(完)
1. 3月7日,人们在美国纽约参加集会游行,抗议美国和以色列对伊朗发动军事打击。 新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.