North America
ရေနံအရန်သိုလှောင်မှုမှ ရေနံပမာဏအများဆုံး ထုတ်ပေးခြင်းက လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်၊ ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက် မြင့်တက်လျက်ရှိ
နယူးယောက်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံများက မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှု ထုတ်ပေးမည့်သတင်းကို ဈေးကွက်က ထည့်သွင်းတွက်ချက် တုံ့ပြန်ပြီးဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများက ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှု ပြတ်တောက်ခြင်းအပေါ် ဆက်လက် အာရုံစိုက်လျက်ရှိရာ ကမ္ဘာ့ရေနံဈေးနှုန်းများ လှုပ်ခတ်မှု မြင့်မားလာသည်။ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မတ် ၁၁ ရက် ညပိုင်းမှစတင်သည့် နောက်ထပ်အရောင်းအဝယ်နေ့ ဈေးကွက်ဖွင့်လှစ်ပြီးနောက် မေလအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ အရောင်းအဝယ်ပြုလုပ်ချိန်အတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်အထိ ပြန်လည် မြင့်တက်ခဲ့သည်။
မတ် ၁၁ ရက် ဈေးကွက်ပိတ်သိမ်းချိန်တွင် နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၃.၈ မြင့်တက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၇.၂၅ ဖြင့် ဈေးကွက်ပိတ်သိမ်းခဲ့ရာ ၄.၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မေလအတွက် ပေးပို့မည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၄.၁၈ မြင့်တက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၉၁.၉၈ ဖြင့် ဈေးကွက်ပိတ်သိမ်းခဲ့ရာ ၄.၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မတ် ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုများ အကျပ်အတည်းဖြစ်နေသည့် အခင်းအကျင်းကို ရင်ဆိုင်ကိုင်တွယ်ရန် မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှ ရေနံစည် သန်း ၄၀၀ ထုတ်ပေးရန် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံလုံးက တစ်ပြေးညီ သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ Fatih Birol က မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှ ထုတ်ပေးရာတွင် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အသေးစိတ်အခြေအနေအရ သင့်လျော်သည့်အချိန်ကာလမူဘောင်အတွင်း အဆင့်အလိုက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုမတိုင်မီ သတင်းထုတ်ပြန်ချက်တစ်ခုတွင် Fatih Birol က လက်ရှိ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံများတွင် အများပြည်သူဆိုင်ရာ အရေးပေါ် ရေနံအဖြစ် ရေနံစည် ၁.၂ ဘီလီယံကျော် အရန်သိုလှောင်ထားကြောင်း၊ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရတို့ စီမံထိန်းချုပ်သော လုပ်ငန်းသုံးအရန်သိုလှောင်မှု ရေနံစည် သန်း ၆၀၀ ခန့်လည်း ရှိသေးကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ရေနံ အရန်သိုလှောင်မှုမှ ထုတ်ပေးခြင်းသည် သမိုင်းတွင် ပမာဏအများဆုံးဖြစ်သော်လည်း ဈေးကွက်သုံးသပ်သူများက ယင်း၏ အကျိုးသက်ရောက်မှုကို သုံးသပ်အကဲဖြတ်ရာတွင် အထူးသတိထားလျက်ရှိပြီး အဓိကအာရုံစူးစိုက်မှုများက အမေရိကန်၊ အစ္စရေးနှင့် အီရန် တိုက်ပွဲ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုကို အထူးဂရုပြုနေဆဲပင် ဖြစ်သည်။
ဗြိတိန် AJ Bell ကုမ္ပဏီ၏ ဈေးကွက်သုတေသနရေးရာ တာဝန်ခံ Dan Coatsworth က အရန်ရေနံသိုလှောင်မှုမှ ရေနံ ထုတ်ပေးခြင်းသည် ဈေးကွက်၏ စိုးရိမ်ပူပန်မှုကို ကာလတို ပြေလျော့စေနိုင်သော်လည်း ဈေးကွက်၏ သံသယများကို လုံးဝဖယ်ရှားနိုင်ရန်မှာ တိုက်ပွဲ အပြည့်အဝ အဆုံးသတ်ခြင်း သို့မဟုတ် အနည်းဆုံးအားဖြင့် ပဋိပက္ခ အရှိန်ပြေလျော့ရေးအတွက် ရှင်းလင်းသည့်လမ်းစ ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပင်လယ်ကွေ့နိုင်ငံများ၏ ရေနံ တင်ပို့မှု စုစုပေါင်း ပမာဏသည် များစွာ ကျဆင်းလျက်ရှိရာ အရန်သိုလှောင်ထားသည့် ရေနံ ထုတ်ပေးခြင်းနှင့် အခြားသော အစားထိုး အရင်းအမြစ်များက လက်ရှိထောက်ပံ့မှုလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် အရန်ရေနံသိုလှောင်မှု ပမာဏ အကြီးဆုံးဖြစ်သော အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် အမေရိကန်၏ မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှာ နည်းပါးလျက်ရှိခြင်းကြောင့် ၎င်းအနေဖြင့် အရန်ရေနံ ထုတ်ပေးပြီး ဈေးကွက်ထောက်ပံ့ရေးလိုအပ်ချက် ဖြေလျှော့ပေးနိုင်သည့် အလားအလာ အကန့်အသတ် ရှိကြောင်း ဗြိတိန် Wood Mackenzie အတိုင်ပင်ခံကုမ္ပဏီ၏ ဆန်းစစ်သုံးသပ်မှုများက ယူဆသည်။
Wood Mackenzie ဥက္ကဋ္ဌနှင့် ထိပ်တန်း ဆန်းစစ်သုံးသပ်သူ Simon Flowers က တိုက်ပွဲကာလ ကြာမြင့်လာသည်နှင့်အမျှ ကမ္ဘာ့ရေနံဈေးများ ဆက်လက် မြင့်မားမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။
ဗြိတိန် Marex ကုမ္ပဏီ လေ့လာသုံးသပ်သူ Sasha Foss က အရန်ရေနံထုတ်ပေးမှုသည် ဈေးကွက်အတွက် အချိန်ပိုရစေသော်လည်း အဓိကအချက်အချာအကြောင်းရင်းမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားသည့် ကြာချိန်နှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှု အခြေအနေပေါ်တွင် မူတည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
综述|最大规模石油储备释放难补缺口 国际油价继续走高
由于市场已消化国际能源署成员国释放战略石油储备的信息,投资者继续聚焦霍尔木兹海峡航运中断,国际油价震荡走高。在美国东部时间11日晚开始的下一个交易日开盘后,5月交货的伦敦布伦特原油期货价格盘中重回每桶100美元上方。
11日收盘时,纽约商品交易所4月交货的轻质原油期货价格上涨3.80美元,收于每桶87.25美元,涨幅为4.55%;5月交货的伦敦布伦特原油期货价格上涨4.18美元,收于每桶91.98美元,涨幅为4.76%。
国际能源署11日发表声明说,32个成员国一致同意释放4亿桶战略石油储备,以应对中东局势造成的全球石油供应紧张局面。国际能源署署长法提赫·比罗尔表示,战略石油储备的释放将根据各成员国具体情况,在适当时间框架内分步实施。
比罗尔此前在一份新闻公报中说,目前国际能源署成员国共持有超过12亿桶公共应急石油储备,此外还有约6亿桶受成员国政府管控的企业储备。
此次释放石油储备是历史上规模最大的一次,市场分析人士对其影响评估较为谨慎,关注点依然聚焦于美以伊战事进展以及霍尔木兹海峡通行状况。
英国AJ贝尔公司市场研究负责人丹·科茨沃思说,释放石油储备可能短期缓解市场担忧,但要完全打消市场疑虑需战事彻底结束或至少存在冲突降级的清晰路径。
英国伍德麦肯兹咨询公司分析认为,当前海湾国家石油出口总量大幅下降,释放石油储备及其他替代性来源尚无法完全填补当前供应缺口。另外,作为拥有最大规模石油储备的国际能源署成员国,美国战略石油储备处于低位,限制了其通过释放石油储备缓解市场供应缺口的空间。伍德麦肯兹董事长兼首席分析师西蒙·弗劳尔斯预计,随着战事延宕,国际油价将继续走高。
英国马雷克斯公司分析师萨莎·福斯说,释放石油储备确实为市场赢得时间,但关键因素依然取决于战事持续时长以及霍尔木兹海峡通行状况。(完)
1. 这是3月11日,油轮在靠近埃及苏伊士运河入口处的红海海域行驶。 新华社发(艾哈迈德·戈马摄)
