Europe
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံများက မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှ ရေနံစည် သန်း ၄၀၀ ထုတ်ပေးရန် တစ်ပြေးညီ သဘောတူ
ပဲရစ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မတ် ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုများ အကျပ်အတည်းဖြစ်နေသည့် အခင်းအကျင်းကို ရင်ဆိုင်ကိုင်တွယ်ရန် မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှ ရေနံစည် သန်း ၄၀၀ ထုတ်ပေးရန် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံလုံးက တစ်ပြေးညီ သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ Fatih Birol က မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှုမှ ထုတ်ပေးရာမှာ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အသေးစိတ်အခြေအနေအရ သင့်လျော်သည့်အချိန်ကာလမူဘောင်အတွင်း အဆင့်အလိုက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရန်သိုလှောင်ထားမှုမှ ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးသည့် အသေးစိတ်အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက နောက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်၏ အပြောင်းအလဲကို ဆက်လက်အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမတိုင်မီ သတင်းထုတ်ပြန်ချက်တစ်ခုတွင် Fatih Birol က လက်ရှိ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံများတွင် အများပြည်သူဆိုင်ရာ အရေးပေါ် ရေနံအဖြစ် ရေနံစည် ၁.၂ ဘီလီယံကျော် အရန်သိုလှောင်ထားကြောင်း၊ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရတို့ စီမံထိန်းချုပ်သော လုပ်ငန်းသုံးအရန်သိုလှောင်မှု ရေနံစည် သန်း ၆၀၀ ခန့်လည်း ရှိသေးကြောင်း ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ယန္တရားများအရ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံများသည် ရေနံအရန်သိုလှောင်မှုအဆင့်ကို အနည်းဆုံး ရက်ပေါင်း ၉၀ စာ အသားတင် တင်သွင်းမှုပမာဏ ရှိစေရန် မဖြစ်မနေ အာမခံထားဆောင်ရွက်ရသည့်အပြင် ကမ္ဘာ့ရေနံဈေးကွက်တွင် ဖြစ်ပေါ်နိုင်သည့် ထောက်ပံ့မှု ဆိုးရွားစွာ ပြတ်တောက်ခြင်းအား ရင်ဆိုင်ကိုင်တွယ်ရန်အတွက်လည်း အသင့်ပြင်ထားရကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းအဝင်ဝအနီးရှိ ပင်လယ်နီရေပြင်တွင် မောင်းနှင်သွားသော ရေနံသင်္ဘောတစ်စင်းအား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းအဝင်ဝအနီးရှိ ပင်လယ်နီရေပြင်တွင် မောင်းနှင်သွားသော ရေနံသင်္ဘောတစ်စင်းအား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
国际能源署成员国一致同意释放4亿桶战略石油储备
新华社巴黎3月11日电(记者崔可欣)国际能源署11日发表声明说,32个成员国一致同意释放4亿桶战略石油储备,以应对因美国和以色列军事打击伊朗导致全球石油供应紧张的局面。
国际能源署署长法提赫·比罗尔表示,战略石油储备的释放将根据各成员国的具体情况,在适当的时间框架内分步实施。国际能源署将在晚些时候公布释放4亿桶石油储备的具体方案,并将继续密切关注全球石油和天然气市场的变化。
比罗尔此前在一份新闻公报中表示,目前国际能源署成员国共持有超过12亿桶公共应急石油储备,此外还有约6亿桶受成员国政府管控的企业储备。根据相关机制,国际能源署成员国必须确保石油储备水平相当于至少90天的净进口量,并为应对全球石油市场可能出现的严重供应中断做好准备。(完)
1. 这是国际能源署署长法提赫·比罗尔3月10日在法国首都巴黎抵达爱丽舍宫准备参加核能峰会晚宴的资料照片。 新华社记者 邬惠我 摄
2, 3. 这是3月11日,油轮在靠近埃及苏伊士运河入口处的红海海域行驶。 新华社发(艾哈迈德·戈马摄)
3, 这是3月11日,油轮在靠近埃及苏伊士运河入口处的红海海域行驶。 新华社发(艾哈迈德·戈马摄)
