International Organizations
တစ်ကမ္ဘာလုံးတွင် တည်ဆောက်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ စက်တပ်ဆင်အား စံချိန်သစ်တင်ဟု IEA အကြီးအကဲ ဆို
အစ္စတန်ဘူလ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)
လက်ရှိ တစ်ကမ္ဘာလုံးတွင် တည်ဆောက်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ စက်တပ်ဆင်အားသည် ၇၀ ဂဂ္ဂါဝပ် ခန့်ရှိပြီဖြစ်ပြီး နှစ် ၄၀ အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ Fatih Birol က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၁ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP31) ကို ယခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ တူကီယဲနိုင်ငံ အန်တယ်လ်ရာမြို့၌ ကျင်းပမည်ဖြစ်သည်။
Fatih Birol က ထိုနေ့တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ COP31 အစည်းအဝေး အိမ်ရှင်နိုင်ငံ လုပ်ငန်းပြင်ဆင်မှုအခြေအနေ သတင်းစာရှင်းလင်းပွဲ တက်ရောက်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်သည် သန့်ရှင်းစွမ်းအင်၏ မဏ္ဍိုင်ကြီးနှစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းအနက် နျူကလီးယားစွမ်းအင်သည် အားကိုးရသော၊ အချိန်အခါမရွေးဖြစ်သော စွမ်းအင်အနေဖြင့် မပါမဖြစ် ဖြစ်ကြောင်း၊ လက်ရှိ တစ်ကမ္ဘာလုံးတွင် နျူကလီးယားစွမ်းအင် ပြန်လည်ဦးမော့လာသည့် အလားအလာ သိသာထင်ရှားကြောင်း၊ တည်ဆောက်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အားသည် ၇၀ ဂဂ္ဂါဝပ်ခန့်ရှိပြီဖြစ်ပြီး နှစ် ၄၀ အတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တူကီယဲနိုင်ငံ ပတ်ဝန်းကျင်၊ မြို့ပြအသွင်ပြောင်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှု ဝန်ကြီး Murat Kurum က လက်ရှိ တစ်ကမ္ဘာလုံး ပထဝီနိုင်ငံရေး ပဋိပက္ခက စွမ်းအင်ထောက်ပံ့မှုကွင်းဆက်၏ အကဲဆတ်မှုကို ပေါ်လွင်စေကြောင်း၊ ရာသီဥတုပြောင်းလဲမှုက သယ်ဆောင်လာသော ပြဿနာများ အဆက်မပြတ်ဆိုးရွားလာပြီး တစ်ကမ္ဘာလုံးစားနပ်ရိက္ခာနှင့် စွမ်းအင်စနစ်တို့သည် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် COP31 အစည်းအဝေးတွင် သန့်ရှင်းစွမ်းအင် အသွင်ကူးပြောင်းမှု၊ ရာသီဥတု ကြံ့ကြံ့ခံနိုင်ရည်ရှိသောမြို့ပြ တည်ဆောက်မှု၊ ရာသီဥတုလှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်ခြင်းယန္တရား စသည့်အကြောင်းအရာများအား အဓိကထား ဂရုပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
国际能源署署长:全球在建核电装机容量创新高
新华社伊斯坦布尔3月12日电(记者王科文 王腾飞)国际能源署署长法提赫·比罗尔12日说,目前全球在建核电装机容量已达约70吉瓦,创40年来新高。
《联合国气候变化框架公约》第三十一次缔约方大会(COP31)将于今年11月9日至20日在土耳其安塔利亚举行。
比罗尔当天在伊斯坦布尔出席COP31主席国筹备进程新闻发布会时说,可再生能源和核能将成为清洁能源的两大支柱,其中核能作为一种可靠的、全天候的能源不可或缺。目前全球核能复苏趋势显著,在建核电装机容量已达约70吉瓦,达到40年来的最高水平。
土耳其环境、城市化和气候变化部长、COP31候任主席穆拉特·屈吕姆在会上指出,当前全球地缘政治冲突凸显能源供应链的脆弱性,气候变化带来的问题不断加剧,全球粮食和能源系统都面临压力,因此COP31将重点关注清洁能源转型、气候韧性城市建设、气候行动落实机制等议题。(完)
图说:这是1月1日拍摄的漳州核电2号机组(画面右侧)(无人机照片)。新华社记者 林善传 摄
