Connect with us

Africa & Middle East

အီရန်အစိုးရအား “ချေမှုန်း” ပြီး အီရန် နျူကလီးယား သိပ္ပံပညာရှင်များအား တိုက်ခိုက်နေကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ဆို

ဂျေရုဆလမ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် အီရန် အဆင့်မြင့် နျူကလီးယား သိပ္ပံပညာရှင် “အချို့” အား တိုက်ခိုက်ခဲ့ပြီး “ယခင်ကမရှိခဲ့ဖူးသည့်အင်အား” ဖြင့် အီရန်အပေါ် “တိုက်ခိုက်မှုလုပ်ဆောင်” သွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက မတ် ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေးသည် အီရန်အစိုးရအား “ချေမှုန်း” နေသလို တစ်ချိန်တည်းတွင် ၎င်းတို့၏ “လက်ဘနွန်ရှိ ကိုယ်စားလှယ်” ဟစ်ဇ်ဘိုလာအဖွဲ့ကိုလည်း “တိုက်ခိုက်ချေမှုန်း” နေကြောင်း နေတန်ယာဟုက ဆိုသည်။ အီရန်ဟူသည့် “အစ္စရေး သေရေးရှင်ရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု” အား ဖြေရှင်းရန် စွမ်းရည်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နေတန်ယာဟုက ၎င်းအနေဖြင့် အီရန်အား ပစ်မှတ်ထားသည့် ပွင့်ပွင့်လင်းလင်းနှင့် လျှို့ဝှက်လှုပ်ရှားမှုများစွာကို ဦးဆောင်ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ အီရန်က နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်ဖော်ဆောင်ခြင်းကို တားဆီးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ အီရန်အပေါ် လုပ်ဆောင်ခဲ့သည့် စစ်ရေးတိုက်ခိုက်မှုများသည် အီရန်၏စွမ်းရည်ကို များစွာလျှော့ချလိုက်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအနက် အစ္စရေးစစ်တပ်က ၂၀၂၅ ခုနှစ် ဇွန်လတွင် အီရန်နျူကလီးယားစီမံကိန်း အဆင့်မြင့်သိပ္ပံပညာရှင်များကို “သေစေနိုင်သောတိုက်ခိုက်မှု” လုပ်ဆောင်ခဲ့ပြီး “လတ်တလောရက်ပိုင်းတွင် (အီရန်အဆင့်မြင့် သိပ္ပံပညာရှင်) အချို့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့” ကြောင်း ၎င်းက ဆိုသည်။
လတ်တလောကာလအတွင်း အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုနှင့်စပ်လျဉ်း၍ အီရန် နျူကလီးယား အခြေခံအဆောက်အဦ၊ ဒုံးကျည်နှင့် ပစ်ခတ်ရေးကိရိယာအဖွဲ့၊ စစ်ဘက်ရုံးချုပ်၊ အခွင့်အာဏာဗဟိုစင်တာနှင့် ပိုမိုများပြားသောပစ်မှတ်များအား ဖျက်ဆီးနေကြောင်း နေတန်ယာဟုက ဆိုသည်။ “ကျွန်တော်တို့က စတင်တိုက်ခိုက်ပါမယ်” ၊ “ယခင်ကမရှိခဲ့ဖူးသည့်အင်အား” ဖြင့် အီရန်အပေါ် “တိုက်ခိုက်မှုလုပ်ဆောင်” သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
内塔尼亚胡称正“粉碎”伊朗政权 袭击伊核科学家
新华社耶路撒冷3月13日电(记者庞昕熠 冯国芮)以色列总理内塔尼亚胡12日晚称,近日袭击了“几名”伊朗高级核科学家,并将“以空前力量”对伊朗“发动进攻”。
内塔尼亚胡称,以色列正在“粉碎”伊朗政权,同时正在“打击并粉碎”其“在黎巴嫩的代理人”真主党。他称,有实力处理伊朗这个“以色列生存的最大威胁”。
内塔尼亚胡表示,他领导了多项针对伊朗的公开和秘密行动,目标是阻止伊朗发展核武器和弹道导弹。他称,此前针对伊朗开展的军事打击已大大减弱伊朗能力。其中,以军去年6月对伊朗核项目高级科学家发动“致命袭击”,“近日又袭击了几名(伊朗高级科学家)。”
谈到近期对伊朗军事行动,内塔尼亚胡称,正在摧毁伊朗核基础设施、导弹和发射器阵列、军方总部、权力中心以及更多目标。他说,“我们将主动出击”,“以空前力量”对伊朗“发动进攻”。(完)
图说:3月1日,以色列总理内塔尼亚胡在位于特拉维夫的以色列国防部发表声明。 新华社发(以色列政府新闻办公室供图)