Asia
အမျိုးသားထောက်လှမ်းရေးယန္တရားတစ်ခု တည်ထောင်ရန် ဂျပန်အစိုးရ တွန်းအားပေးလုပ်ဆောင်ခြင်းက လူထုသဘောထားဆိုင်ရာ သံသယများ ဖြစ်ပေါ်
တိုကျို၊ မတ် ၁၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ “အမျိုးသားထောက်လှမ်းရေးအစည်းအဝေး” ကို ဗဟိုပြုသော၊ “အမျိုးသားထောက်လှမ်းရေးအေဂျင်စီ” အား အသေးစိတ်လုပ်ငန်းအဖွဲ့အစည်းအဖြစ် ထားရှိသော ထောက်လှမ်းရေးယန္တရားတစ်ခုကို အသစ်တည်ဆောက်ရန် စီစဉ်ထားသည့် သက်ဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်သို့ အဆိုပြုသည့် ဆုံးဖြတ်ချက်ကို ဂျပန် အစိုးရက မတ် ၁၃ ရက်တွင် အတည်ပြုခဲ့သည်။
ဥပဒေမူကြမ်းအရ “အမျိုးသားထောက်လှမ်းရေးအစည်းအဝေး” ကို ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ကာ အဖွဲ့ဝင်များတွင် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စသည့် အရာရှိ ၁၁ ဦးပါဝင်ပြီး လုံခြုံရေးအာမခံချက်၊ အကြမ်းဖက်တိုက်ဖျက်ရေး စသည့် ကဏ္ဍများ၏ “အရေးကြီးသော ထောက်လှမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ” နှင့် နိုင်ငံခြားသူလျှိုဆိုင်ရာ “ပြည်ပ ထောက်လှမ်းရေး လှုပ်ရှားမှုများ” အပေါ် တာဝန်ယူ စိစစ်သုံးသပ်မည်ဖြစ်သည်။ “အမျိုးသားထောက်လှမ်းရေးအေဂျင်စီ” သည် ၎င်း၏ လုပ်ငန်းရေးရာအဖွဲ့အစည်းအနေဖြင့် အစိုးရဌာနအသီးသီး၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို ဘက်စုံညှိနှိုင်းဆောင်ရွက်ခွင့် အာဏာကို အပ်နှင်းထားသည်။ ဂျပန်အစိုးရသည် ယခုလွှတ်တော်တွင် သက်ဆိုင်ရာဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် စီစဉ်ထားပြီး၊ ယခုနှစ်အတွင်း အဆိုပါယန္တရားကို တရားဝင်တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဂျပန် Kyodo သတင်းဌာန၏ မတ် ၁၃ ရက်က မှတ်ချက်တွင် “ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အာဏာ အဆက်မပြတ် ကြီးမားလာပြီး လူမှုရေးစောင့်ကြည့်မှုတွေ ပိုမိုမြှင့်တင်လာပါက ပုဂ္ဂိုလ်ရေးရာလွတ်လပ်ခွင့်ကို ချိုးဖောက်နိုင်ခြေရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားတဲ့ ‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်’ ကို ဖျက်ဆီးနိုင်ခြေရှိတယ်” ဟု ဖော်ပြထားသည်။
သက်ဆိုင်ရာ လှုပ်ရှားမှုများသည် စတင်ပြင်ဆင်ချိန်မှစ၍ ယင်းအပေါ် သံသယများရှိခဲ့ကြသည်။ အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှ စုဆောင်းရရှိသော ထောက်လှမ်းရေးအချက်အလက်များသည် နိုင်ငံရေးတွင် အသုံးချခံရနိုင်ခြေရှိကြောင်း အတိုက်အခံပါတီ “အလယ်အလတ်လမ်းစဉ် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့” ၏ ကိုယ်စားလှယ် Junya Ogawa က အောက်လွှတ်တော်အစည်းအဝေးတွင် ထောက်ပြခဲ့သည်။
အာဏာရပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်ငြားလည်း မူဝါဒအားလုံးသည် မဲဆန္ဒရှင်များ၏ ယုံကြည်မှုရရှိမည်ဟု မဆိုလိုကြောင်း၊ အကယ်၍ အစိုးရသည် “နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရေး” ဟူသော အမည်ဖြင့် ပြည်သူများ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အကန့်အသတ်မဲ့ စုဆောင်းပါက လူ့အသိုင်းအဝိုင်း၏ သံသယများကို ဖယ်ရှားရန် ခက်ခဲနိုင်ကြောင်း ဂျပန် The Mainichi သတင်းဌာန၏ ယင်းမတိုင်မီ အယ်ဒီတာ့အာဘော်တစ်ခုတွင် ထောက်ပြခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
日本政府推动设立国家情报机制 引发舆论质疑
新华社东京3月13日电(记者李子越 孙宇)日本政府13日通过决议,决定向国会提交相关法案,拟新设以“国家情报会议”为核心、“国家情报局”为具体事务机构的情报机制。日本舆论对此动向表达质疑与担忧。
根据法案,“国家情报会议”由首相担任议长,成员包括内阁官房长官、外务大臣、防卫大臣等11名阁僚,负责对安全保障、反恐等领域的“重要情报活动”,以及外国间谍相关的“海外情报活动”进行审议。“国家情报局”作为其事务机构,被赋予对各政府部门机构情报工作的综合协调权。日本政府计划在本届国会推动相关法案通过,并力争在今年内正式设立该机制。
日本共同社13日的评论说:“如果情报机构权力持续扩大,对社会监控加强,可能导致个人隐私被侵犯,破坏宪法所保障的‘表达自由’。”
相关动向自酝酿阶段就一直受到质疑。在野党“中道改革联合”代表小川淳也曾在众议院会议上指出,“国家情报局”搜集的情报存在被政治利用的风险。
《每日新闻》此前的社论指出,即使执政党在选举中取得胜利,也并不意味着所有政策都能获得选民的信任。若政府以“维护国家安全”的名义无限制收集公民隐私信息,社会疑虑恐难消除。(完)
图说:这是2026年1月14日在日本东京拍摄的日本国会外景。新华社记者 杨智翔 摄
