North America
အီရန်၏ သန့်စင်ပြီးယူရေနီယံများကို ရုရှားတွင် ပြောင်းရွှေ့ထားရန် ပူတင် အဆိုပြု၊ ထို့အပေါ် ထရမ့် ငြင်းဆိုဟု အမေရိကန် မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ရုရှားသမ္မတ ပူတင်နှင့် မကြာမီရက်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်ရာ၌ စစ်ပွဲ အမြန်ဆုံး အဆုံးသတ်ရေးအတွက် အကျိုးရှိစေရန် အီရန်၏ သန့်စင်ပြီးယူရေနီယံများကို ရုရှားတွင် ရွှေ့ပြောင်းထားရန် တစ်ဖက်က အဆိုပြုသည့်အပေါ် ထရမ့်က ငြင်းဆိုခဲ့ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ မတ် ၁၃ ရက် သတင်းအရ သိရသည်။
ပူတင်က ထရမ့်နှင့် မတ် ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ စစ်ပွဲအဆုံးသတ်ရေးနှင့်စပ်လျဉ်းသည့် အကြံပြုချက်အချို့ကို အဆိုပြုခဲ့ကြောင်း၊ ၎င်းအနက် အမေရိကန်နှင့် အီရန် ရရှိနိုင်သော သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်၏ သန့်စင်ပြီးယူရေနီယံများကို ရုရှားတွင် ပြောင်းရွှေ့ထားရန် ပါဝင်ကြောင်း သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
ဤအဆိုပြုချက်မှာ ရုရှားဘက်က ပထမဆုံးအကြိမ် အဆိုပြုခြင်းမဟုတ်သလို အမေရိကန်ဘက်ကလည်း အစဉ်တစိုက် လက်ခံမှုမရှိခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ ယမန်နှစ် မေလက အမေရိကန်နှင့် အီရန် အကြား နျူကလီးယားအရေး တစ်ဆင့်ခံဆွေးနွေးမှုကာလတွင်လည်းကောင်း၊ ယခုအကြိမ် အီရန်အပေါ် အမေရိကန်က စစ်ရေးလှုပ်ရှားမှုများ အကြီးအကျယ်မဆောင်ရွက်မီ သီတင်းပတ် အနည်းငယ်အလိုတွင်လည်းကောင်း ရုရှားဘက်က အလားတူအဆိုပြုချက်မျိုး ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ထိုအမေရိကန်အရာရှိက “အမေရိကန်ရဲ့ရပ်တည်ချက်ဖြစ်တဲ့ ဒီ သန့်စင်ပြီးယူရေနီယံတွေရဲ့ လုံခြုံရေးကို သေချာစေဖို့ ကျုပ်တို့လုပ်ဆောင်ရမယ်” ဟု ပြောကြားခဲ့သည်။
Axios သတင်းဝက်ဘ်ဆိုက်၏ မတ် ၇ ရက် သတင်းများတွင် အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု၏ နောက်ပိုင်းကာလများတွင် အီရန်နိုင်ငံအတွင်းသို့ အထူးတပ်ဖွဲ့စေလွှတ်၍ သန့်စင်ပြီးယူရေနီယံများကို သိမ်းပိုက်ရယူရန် ထည့်သွင်းစဉ်းစားနေကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်က တိုက်ခိုက်မှုများမပြုမီ ကျင်းပသော အမေရိကန်-အီရန် ဆွေးနွေးပွဲတွင် သန့်စင်ပြီးယူရေနီယံများကို ပြည်ပနိုင်ငံသို့ လွှဲပြောင်းရန် အီရန်ဘက်က ငြင်းဆိုခဲ့ကြောင်း၊ အမေရိကန်ဘက်ကမူ အီရန်၌ ကျန်ရှိသော သန့်စင်ပြီးယူရေနီယံအားလုံးကို အမေရိကန်သို့ ပို့ဆောင်ရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ သတင်းများအရ သိရသည်။ (Xinhua)
—————–
(Chinese Version)
美媒:普京提议将伊朗浓缩铀转放俄罗斯 特朗普拒绝
新华社华盛顿3月13日电 据美国阿克西奥斯新闻网站13日报道,美国总统特朗普日前与俄罗斯总统普京通话时,对方提议将伊朗浓缩铀转移到俄罗斯,以利于尽快结束战事,特朗普予以拒绝。
报道援引消息人士的话说,普京9日与特朗普通话时,就结束战事提出几项建议,其中包括将伊朗浓缩铀转移到俄罗斯,作为美国与伊朗可能达成协议的一部分。
一名美国官员说,这并非俄方首次提出这一提议,但美方一直没有接受。报道说,去年5月美国同伊朗进行间接核谈判期间,以及此次美国对伊朗发起大规模军事行动之前几周,俄方均提出类似提议。
这名美国官员称:“美方立场是,我们必须确保这些浓缩铀的安全”。
阿克西奥斯新闻网站7日报道称,美国和以色列考虑在对伊朗军事行动的后期派遣特种部队进入伊朗,夺取浓缩铀。
据美国媒体报道,今年2月在美国发起袭击前举行的美伊间接核谈判中,伊方拒绝向国外转移浓缩铀,而美方要求将伊朗所有剩余浓缩铀运往美国。(完)
1. 2025年8月15日,美国总统特朗普(右)与俄罗斯总统普京在美国阿拉斯加州安克雷奇市埃尔门多夫-理查森联合军事基地举行会晤后共同出席联合记者会。 新华社记者 吴晓凌 摄
