Asia
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ၍ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ပြင်ပသို့ယိုလျှံသော သက်ရောက်မှုအကြောင်း ဆွေးနွေး
မနီလာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အာဆီယံအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် မတ် ၁၃ ရက်က အွန်လိုင်းတွင် အထူးအစည်းအဝေးကျင်းပ၍ အရှေ့အလယ်ပိုင်းဒေသအခြေအနေကြောင့် ဒေသတွင်းစီးပွားရေး တည်ငြိမ်မှု၊ စွမ်းအင်လုံခြုံမှုနှင့် အာဆီယံနိုင်ငံမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုအပေါ် ဖြစ်ပေါ်စေနိုင်သည့် သက်ရောက်မှုများကို ဆွေးနွေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားသူဘက်အသီးသီးအနေဖြင့် ရန်လိုသည့်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ပဋိပက္ခကြောင့် သယ်ဆောင်လာသည့် ပြင်ပသို့ယိုလျှံသော သက်ရောက်မှုများကို ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပြီး အဓိကအားဖြင့် စွမ်းအင်ထောက်ပံ့မှုကွင်းဆက်၊ ကုန်စည်ပစ္စည်းဈေးနှုန်း၊ မက်ခရိုစီးပွားရေးတည်ငြိမ်မှုနှင့် လက်ရှိ ပဋိပက္ခဒေသ၌ ရောက်ရှိနေသည့် အာဆီယံနိုင်ငံမှ နိုင်ငံသားများ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှု စသည့် အကြောင်းအရာများ ပါဝင်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် ဖိလစ်ပိုင်သည် အဖွဲ့ဝင်နိုင်ငံအသီးသီးအား လှုပ်ရှားမှု လျင်မြန်စွာလုပ်ဆောင်၍ ပြည်ပရောက် အာဆီယံနိုင်ငံမှ နိုင်ငံသားများ ဘေးကင်းလုံခြုံမှုကို အာမခံရန်၊ ဒေသတွင်း စွမ်းအင်လုပ်ငန်းကွင်းဆက်တည်ငြိမ်မှုအား အာမခံရန် တိုက်တွန်းခဲ့သည်။
အစည်းအဝေး ဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က အစည်းအဝေးပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လက်ရှိအရေးကြီးဆုံးမှာ ပဋိပက္ခဖြစ်ပွားသည့်ဘက်အသီးသီးအနေဖြင့် ရန်လိုသည့်လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ခြင်းကို တွန်းအားပေးရန်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် အုပ်စုလိုက်လှုပ်ရှားမှုသည် အာဆီယံ၏ အရေးကြီးဆုံး ကိုင်တွယ်စီမံမှုနည်းလမ်းဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောကာလတွင် ဖိလစ်ပိုင် လူမှုအဖွဲ့အစည်းများစွာက မြို့တော်မနီလာရှိ အမေရိကန်သံရုံး အနီးတစ်ဝိုက်တွင် စီတန်းလှည့်လည် ဆန္ဒပြလှုပ်ရှားမှုများ လုပ်ဆောင်၍ ဆောလျင်စွာ အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့သည်။ (Xinhua)
——————
(Chinese Version)
东盟召开特别外长会讨论中东局势外溢影响
新华社马尼拉3月13日电(记者张怡晟 李萌)东盟成员国外长13日在线上召开特别会议,讨论中东局势对地区经济稳定、能源安全和东盟国家公民安全可能产生的影响,呼吁中东冲突各方立即停止敌对行动。
据菲律宾外交部介绍,各国外长就冲突带来的外溢影响进行了深入讨论,重点涉及能源供应链、大宗商品价格、宏观经济稳定,以及当前身处冲突地区的东盟国家公民人身安全等问题。作为东盟轮值主席国,菲律宾呼吁各成员国迅速采取行动,保障东盟国家公民在海外的安全,保障地区能源供应链稳定。
会议主席、菲律宾外交部长拉扎罗在会后举行的新闻发布会上表示,当务之急是推动冲突各方立即停止敌对行动。团结与集体行动仍然是东盟最有效的应对方式。
近期,菲律宾多个社团组织在首都马尼拉美国大使馆附近举行抗议游行,呼吁尽快停火。(完)
