Connect with us

Asia

Dokdo ကျွန်းနှင့်ပတ်သက်သည့် ဆာနာအဲတာကာအိချိ၏ မှတ်ချက်များအပေါ် “ပြတ်ပြတ်သားသားနှင့် အလေးအနက်ထား တုံ့ပြန်မည်” ဟု တောင်ကိုရီးယားအစိုးရ ဆို

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားအစိုးရအနေဖြင့် ဂျပန်နိုင်ငံ၏ Dokdo ကျွန်း အချုပ်အခြာအာဏာနှင့်ပတ်သက်သည့် “မသင့်လျော်သော တောင်းဆိုမှု” မှန်သမျှ ကို “ပြတ်ပြတ်သားသားနှင့် အလေးအနက်ထား တုံ့ပြန်သွားမည်” ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) နှင့် စပ်လျဉ်းသော ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ၏ မှတ်ချက်များကို ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

Dokdo ကျွန်းသည် သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား နှင့် နိုင်ငံတကာဥပဒေ စသည့်အားလုံးတွင် တောင်ကိုရီးယား၏ ရှိရင်းစွဲ နယ်မြေပိုင်နက်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဆာနာအဲ တာကာအိချိက မတ် ၁၂ ရက်တွင် “Takeshima Day” ဟူသော အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များစေလွှတ်ခြင်းတက်ရောက်စေခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် “Takeshima ကျွန်းဟာ ဂျပန်နယ်မြေပိုင်နက်ဖြစ်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအား ရှင်းရှင်းလင်းလင်းသိစေမယ်” ဟု ကြေညာခဲ့ကြောင်း သတင်းအရ သိရသည်။
“Takeshima Day” အခမ်းအနားကို ဂျပန်နိုင်ငံ Shimane ခရိုင်အစိုးရက နှစ်စဉ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြီးမှူးကျင်းပကြောင်း သတင်းတွင် ဖော်ပြထားသည်။
“Takeshima Day” အခမ်းအနားနှင့် ဂျပန်၏ ရပ်တည်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအခမ်းအနားနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

Dokdo ကျွန်းသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ပင်လယ်ပြင်တွင် တည်ရှိပြီး ဧရိယာအားဖြင့် ၀.၁၈ စတုရန်းကီလိုမီတာခန့် ရှိသည်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဂျပန် အားလုံးတို့သည် အဆိုပါကျွန်း၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ကြသည်။ လက်ရှိတွင် တောင်ကိုရီးယားသည် အဆိုပါကျွန်းကို လက်တွေ့ထိန်းချုပ်ထားခြင်းဖြစ်သည်။ (Xinhua)

…………………………
(Chinese Version)
韩国政府:将“坚决严正应对”高市早苗涉独岛言论
新华社首尔3月13日电(记者黄莹莹)据韩联社13日报道,韩国外交部当天就日本首相高市早苗涉独岛(日本称“竹岛”)言论表示,韩国政府将“坚决严正应对”日本涉独岛主权问题的任何“不当主张”。
报道说,韩国外交部官员表示,独岛在历史、地理和国际法上均属于韩国固有领土。
据报道,高市早苗12日就派遣阁僚出席所谓“竹岛日”活动一事宣称:“将让国际社会明确认识到竹岛是日本领土。”
报道称,“竹岛日”活动每年2月22日由日本岛根县政府主办。韩国外交部在“竹岛日”当天曾发表声明,对该活动及日方立场表示强烈抗议。
独岛位于朝鲜半岛东部海域,面积约0.18平方公里。韩国、朝鲜、日本都宣称对该岛拥有主权。目前,韩国实际控制该岛。(完)
图说:这是2025年12月22日在韩国首尔拍摄的青瓦台。新华社记者 姚琪琳 摄