International Organizations
ကုလသမဂ္ဂက လက်ဘနွန်အပေါ် အရေးပေါ်ကူညီရေး ရန်ပုံငွေတောင်းခံမှုအစီအစဉ် စတင်
ဘေရွတ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ပဋိပက္ခကြောင့် ထိခိုက်မှုခံရသည့် လက်ဘနွန်ပြည်သူများအား ကူညီရန်အတွက် ကန်ဒေါ်လာ ၃၀၈ သန်း အရေးပေါ်ကူညီရေး ရန်ပုံငွေတောင်းခံမှုအစီအစဉ် စတင်မည်ဖြစ်ကြောင်း လက်ဘနွန်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၁၃ ရက်တွင် ကြေညာခဲ့သည်။
လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် Nawaf Salam က ယခုအကြိမ်ပဋိပက္ခသည် လက်ဘနွန်ပြည်သူများ၏ ရွေးချယ်မှု မဟုတ်ကြောင်း၊ “အပစ်အခတ်ရပ်စဲမှုက မဖြစ်မနေလိုအပ်ချက် ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သည်။ လက်ဘနွန်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဦးဆောင်သည့် အစ္စရေးနှင့် ဆွေးနွေးညှိနှိုင်းမှုတွင်ပါဝင်ရန် အဆင်သင့်ပြင်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သလို အစိုးရအနေဖြင့် လက်နက်ကို နိုင်ငံတော်လက်ထဲတွင် ကိုင်ဆောင်ထားခြင်းအား အာမခံပေးမည့် ဆုံးဖြတ်ချက်ကိုလည်း အလေးထားပြောကြားခဲ့သည်။
မတ် ၂ ရက်မှစ၍ အစ္စရေးက လက်ဘနွန်အပေါ် တိုက်ခိုက်မှုကြောင့် လူ ၇၇၃ ဦး သေဆုံးကာ ၁,၉၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် သေဆုံးသူ ကလေးငယ်လူဦးရေအနေဖြင့် ၁၀၃ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ကလေးငယ်လူဦးရေမှာမူ ၃၂၆ ဦးအထိ တိုးပွားလာကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
联合国启动对黎巴嫩紧急援助筹款项目
新华社贝鲁特3月13日电(记者申峰 曹昌浩)正在黎巴嫩访问的联合国秘书长古特雷斯13日宣布,将启动3.08亿美元紧急人道主义筹款项目,以帮助受冲突影响的黎巴嫩民众。
黎巴嫩总理萨拉姆表示,这场冲突并非黎巴嫩人民的选择,“停火已成为迫切需要”。他还重申黎巴嫩已准备好参与国际社会主导的对以谈判,并强调政府决心确保武器仅掌握在国家手中。
黎巴嫩公共卫生部13日说,自3月2日以来,以色列对黎巴嫩的袭击已造成773人死亡、1933人受伤。其中,死亡儿童人数已增至103人,受伤儿童人数增至326人。(完)
图说:3月13日,在黎巴嫩首都贝鲁特,黎巴嫩总理萨拉姆(右)欢迎联合国秘书长古特雷斯访问黎巴嫩。新华社发(比拉尔·贾维希摄)
