Connect with us

North America

ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်သို့ ထပ်မံ မြင့်တက်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဆီဆိုင်တစ်ခုတွင် ဆီဖြည့်ရန်တန်းစီနေကြသော မြို့နေပြည်သူများအား ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပထဝီနိုင်ငံရေး တင်းမာမှုအခြေအနေ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းများသည် မတ် ၁၅ ရက် ညပိုင်းတွင် အရောင်းအဝယ် သီတင်းပတ်အသစ် စတင်ရာ၌ ရေနံတစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်သို့ ထပ်မံ မြင့်တက်ခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မတ် ၁၅ ရက် ည ၇ နာရီ ၅၀ မိနစ်အထိ နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလတွင် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ အမြင့်ဆုံးအနေဖြင့် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၁.၃၂ အထိ မြင့်တက်ခဲ့သလို မေလတွင် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းများသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၆.၁၇ အထိ မြင့်တက်ခဲ့သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသော မော်တော်ယာဉ်များအား ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
国际油价再度突破每桶100美元
新华社纽约3月15日电(记者施春)由于美国和以色列袭击伊朗导致地缘紧张局势持续,国际原油期货价格15日晚开始新一周交易时再度突破每桶100美元关口。截至美东时间15日晚7时50分,纽约商品交易所4月交货的轻质原油期货价格最高升至每桶101.32美元;5月交货的伦敦布伦特原油期货价格一度升至每桶106.17美元。(完)
1. 3月15日,市民在斯里兰卡科伦坡一处加油站排队加油。新华社发(加扬·萨米拉摄)
2. 3月9日,在澳大利亚墨尔本的一个加油站,汽车排队加油。新华社发(金诚摄)