Africa & Middle East
တိုက်ပွဲအစီရင်ခံစာ အီရန် ထုတ်ပြန်၊ USS Gerald R. Ford လေယာဉ်တင်သင်္ဘော၏ ထောက်ပံ့ပို့ဆောင်ရေးကို တိုက်ခိုက်မည်ဟု သတိပေး
တီဟီရန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် အမေရိကန်စစ်တပ်၏ ဒုံးကျည်ကာကွယ်ရေးစနစ် တစ်မျိုးဖြစ်သည့် THAAD ၄ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့အပြင် သိုလှောင်ထားသော ဒုံးကျည် များများပြားပြား မသုံးရသေးကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပြောရေးဆိုခွင့်ရှိသူက မတ် ၁၅ ရက်တွင် တိုက်ပွဲအစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ သက်ဆိုင်ရာသင်္ဘောများနှင့် ရေနံသင်္ဘော ၁၈ စင်းကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး အဓိကမဟာဗျူဟာမြောက်ပစ်မှတ် ၂၀၀ ကို တိုက်ခိုက်မှုအစီအစဉ်တွင် ထည့်သွင်းထားသဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ နေ့စဉ်စစ်ပွဲကုန်ကျစရိတ်မှာ ဒေါ်လာ ၁.၅ ဘီလီယံအထိ ရှိလာခဲ့ကြောင်း အီရန် Tasnim သတင်းဌာနက အဆိုပါတိုက်ပွဲအစီရင်ခံစာကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန်နှင့် အစ္စရေး ပစ်မှတ်များနှင့် စပ်လျဉ်း၍ အီရန်ဘက်က ဒုံးကျည် အစင်းရေ ၇၀၀ ခန့်နှင့် ဒရုန်း အစင်းရေ ၃,၆၀၀ ခန့် ပစ်လွှတ်ခဲ့ပြီး လက်ရှိပစ်လွှတ်လိုက်သော ဒုံကျည်းအများစုမှာ လွန်ခဲ့သော ၁၀ နှစ်မတိုင်မီက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ် ဇွန်လတွင် အစ္စရေးဘက်က အီရန်အပေါ် လုပ်ဆောင်ခဲ့သော “၁၂ ရက်ကြာ စစ်ပွဲ” အပြီး တီထွင်ထုတ်လုပ်ထားသော ဒုံးကျည်အသစ်များစွာကို အသုံးမပြုရသေးကြောင်း IRGC ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန် ရေတပ် USS Gerald R. Ford လေယာဉ်တင်သင်္ဘောအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု ပေးအပ်သော သက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ရေးပစ်မှတ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အီရန် လက်နက်ကိုင်အဖွဲ့ Khatam al-Anbiya ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ က အဆိုပါနေ့တွင် ပြောကြားခဲ့သည်ဟု Tasnim သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
USS Gerald R. Ford ဖျက်သင်္ဘောအုပ်စုသည် လက်ရှိတွင် ပင်လယ်နီ၌ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် အကြီးစား စစ်ရေးတိုက်ခိုက်မှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)
………………………………..
(Chinese Version)
伊朗发布战报 警告打击“福特”号航母后勤
新华社德黑兰3月15日电 伊朗伊斯兰革命卫队发言人15日发布战报,称伊朗方面已摧毁美军4个末段高空区域导弹防御系统(“萨德”),并且尚未动用许多导弹库存。
伊朗塔斯尼姆通讯社援引这份战报报道,伊方迄今击中18艘美国和以色列相关船只及油轮,并将200个关键战略目标列入打击计划,使美以每日战争开销达15亿美元。
伊朗伊斯兰革命卫队发言人称,针对美国和以色列目标,伊朗迄今发射大约700枚导弹和3600架无人机,且目前发射的导弹绝大部分生产于约10年前,去年6月以色列对伊朗挑起的“12日战争”后研发的许多更新型导弹尚未使用。
塔斯尼姆通讯社报道,伊朗武装部队哈塔姆安比亚中央总部发言人当天表示,为美国海军“福特”号航空母舰提供后勤和服务的相关设施将被列为打击目标。
“福特”号航母打击群目前在红海参与美国和以色列对伊朗的大规模军事行动。(完)
图说:3月15日,一艘货船在阿拉伯湾航行,驶向霍尔木兹海峡,摄于阿拉伯联合酋长国。(新华社/美联社)
