Africa & Middle East
“အပစ်အခတ်ရပ်စဲရန် အီရန်ဘက်က ဘယ်သောအခါကမျှ မတောင်းဆိုခဲ့ဖူးကြောင်း” အီရန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် မီဒီယာထံ ပြောကြား
တီဟီရန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အပစ်အခတ်ရပ်စဲရန် အီရန်ဘက်က ဘယ်သောအခါကမျှ မတောင်းဆိုခဲ့ဖူးကြောင်း၊ အမေရိကန် သမ္မတ ထရမ့်က ယင်းမှာ “အနိုင်ရဖို့မဖြစ်နိုင်တဲ့ တရားမဝင်စစ်ပွဲ” ဖြစ်သည်ကို သဘောပေါက်နားလည်လာသည်အထိ အီရန်အနေဖြင့် ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရန် အီရန်ဘက်က ဘယ်သောအခါကမျှ မတောင်းဆိုခဲ့ဖူးသည့်အပြင် စေ့စပ်ညှိနှိုင်းရန်ပင် မတောင်းဆိုခဲ့ဖူးကြောင်း အာရက်ဂ်ချီက အမေရိကန်မီဒီယာ CBS ၏ “Face the Nation” အစီအစဉ် မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။ “လိုအပ်တဲ့ ကာကွယ်ရေးမှန်သမျှ ပြုလုပ်ဖို့ ကျွန်တော်တို့ အသင့်ပြင်ထားတယ်။ ဒါကတော့ လက်ရှိအချိန်ထိ ကျွန်တော်တို့ အမြဲလုပ်နေတဲ့ဟာပါပဲ၊ သမ္မတ ထရမ့်က ဒါဟာ အနိုင်ရဖို့မဖြစ်နိုင်တဲ့ တရားမဝင်စစ်ပွဲဆိုတာကို သဘောပေါက်နားလည်လာတဲ့အထိ ကျွန်တော်တို့ ဒီလို ဆက်လုပ်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာရက်ဂ်ချီ၏ ဤပြောကြားချက်များသည် မကြာသေးမီရက်က ထရမ့်၏ ပြောကြားချက်များကို တုံ့ပြန်ခြင်းဖြစ်သည်။ အမေရိကန်မီဒီယာ NBC ၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခန်းတွင် ထရမ့်က အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရန်အတွက် အီရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း “စည်းမျဉ်းနှင့်သတ်မှတ်ချက်များ လုံလောက်အောင် ကောင်းမွန်မှု မရှိသေးသောကြောင့်” ၎င်းအနေဖြင့် သဘောတူညီချက်ရယူရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်သည် အီရန် Kharg ကျွန်းကို တိုက်ခိုက်ခဲ့ကြောင်းလည်း ထရမ့်က မေးမြန်းခန်းတွင် အတည်ပြုခဲ့သည်။ Kharg ကျွန်းအပေါ် အမေရိကန်၏ တိုက်ခိုက်မှုသည် အဆိုပါကျွန်း နေရာအများစုကို “လုံးဝဖျက်ဆီးပစ်နိုင်ခဲ့” သော်လည်း “ပျော်ဖို့သက်သက်အတွက် ကျွန်တော်တို့ နောက်ထပ် ဗုံးကြဲတိုက်ခိုက်နိုင်ခြေရှိသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သမ္မတ ထရမ့် ‘ပျော်ဖို့ကောင်းတယ်’ လို့ ထင်ရဖို့သက်သက်အတွက်” လူများ အသက်ဆုံးရှုံးနေရသည်ဟု အာရက်ဂ်ချီက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
伊朗外长告诉美媒“伊朗从未请求停火”
新华社德黑兰3月15日电 伊朗外长阿拉格齐15日表示,伊朗从未请求停火,伊朗将继续防御,直到美国总统特朗普认识到这是一场“无法获胜的非法战争”。
阿拉格齐在接受美国哥伦比亚广播公司《面向全国》节目采访时说,伊朗从未请求过停火,甚至从未要求过谈判。“我们准备进行任何必要的防御。这是我们迄今为止一直在做的,我们将继续这样做,直到特朗普总统认识到这是一场无法获胜的非法战争。”
阿拉格齐此番表态是对特朗普日前言论的回应。特朗普14日接受美国全国广播公司电话采访时称,伊朗已准备为停火进行谈判,但他尚未准备好达成协议,“因为条款还不够好”。
特朗普还在采访中证实,美军对伊朗哈尔克岛发动了袭击。他说,美方对哈尔克岛的打击“完全摧毁”了该岛大部分地区,但“我们可能还会再炸几次,只是为了开心”。
阿拉格齐就此抨击说,有人正在丧生,“仅仅因为特朗普总统觉得‘开心’”。(完)
图说:1月12日,伊朗外长阿拉格齐(右)在首都德黑兰出席外国使节会议。新华社发(扎瓦德摄)
