Africa & Middle East
လက်ရှိတွင် လက်ဘနွန်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် အစီအစဉ်မရှိဟု အစ္စရေး ဆို
ဂျေရုဆလမ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် အနာဂတ်ရက်အနည်းငယ်အတွင်း၌ လက်ဘနွန်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးဘက်အနေဖြင့် “လက်ဘနွန်အစိုးရဘက်က အစီအမံလက်တွေ့ကျကျ လုပ်ဆောင်ပြီး အစ္စရေးထံ ဟစ်ဇ်ဘိုလာအဖွဲ့ ပစ်ခတ်မှုကို တားဆီးရန် မျှော်လင့်” ကြောင်း Gideon Saar က ထိုနေ့တွင် အစ္စရေးနိုင်ငံ မြောက်ပိုင်း မြို့လေးတစ်မြို့၌ မီဒီယာများအား ပြောကြားခဲ့သည်။
Gideon Saar ၏ အဆိုပါသဘောထားထုတ်ပြန်ချက်သည် အစ္စရေး Haaretz သတင်းစာ၏ မတ် ၁၄ ရက် သတင်းဖော်ပြချက်နှင့် ဒွိဟဖြစ်နေသည်။ အဆိုပါသတင်းတွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အစ္စရေးနှင့် လက်ဘနွန် ကိုယ်စားလှယ်များသည် ရက်အနည်းငယ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြခဲ့သည်။
Gideon Saar က အစ္စရေးနှင့် အမေရိကန်သည် တူညီသည့်ဆုံးဖြတ်ချက်ရှိကြကြောင်း၊ “ကျွန်တော်တို့ ရည်မှန်းချက် ဖော်ဆောင်ပြီးတဲ့အထိ အီရန်နဲ့ ဆက်လက်တိုက်ပွဲဆင်နွှဲသွားပါမယ်” ၊ အစ္စရေးအနေဖြင့် လေကြောင်းကာကွယ်ရေးဒုံးကျည် “မရှားပါး” ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် လတ်တလောရက်ပိုင်းတွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ စစ်ရေးလှုပ်ရှားမှု မကြာခဏ လုပ်ဆောင်လျက်ရှိသည်။ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က မတ် ၁၄ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ကိုင်အဖွဲ့ဝင်များသည် ထိုနေ့ညမှစ၍ လက်ဘနွန်နိုင်ငံ တောင်ပိုင်း လက်ဘနွန်၊ အစ္စရေး နယ်စပ်နှင့် နီးကပ်သည့် Khiam မြို့တွင် အစ္စရေးစစ်တပ်နှင့် တိုက်ရိုက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုခဲ့သည်။ (Xinhua)
——————–
(Chinese Version)
以色列称目前没有计划与黎巴嫩直接会谈
新华社耶路撒冷3月15日电(记者庞昕熠 冯国芮)以色列外交部长萨尔15日表示,以色列没有计划在未来几天与黎巴嫩政府直接会谈。
萨尔当天在以北部一城镇对媒体表示,以方“希望黎巴嫩政府采取切实措施,阻止真主党向以色列开火”。
萨尔的这一表态与以色列《国土报》14日的报道相矛盾。该报道曾援引知情人士的话说,以色列和黎巴嫩的代表预计在几天内举行会谈。
萨尔说,以色列和美国有着共同的决心,“将继续与伊朗作战,直到我们的目标实现为止”。他还说,以色列“不缺”防空拦截弹。
以军近日在黎南部频繁开展军事行动。黎巴嫩真主党14日晚发表声明说,真主党武装人员自当晚在该国南部靠近黎以边界的希亚姆镇与以色列军队展开直接交火。(完)
图说:这是3月13日在以色列北部与黎巴嫩接壤的边境地区拍摄的以军集结部队。新华社发(吉尔·科恩·马根摄)
