Connect with us

Europe

အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို အန္တရာယ်ဖြစ်စေနိုင်ဟု ဂျာမနီ မီဒီယာ ဆို

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရှိ ဆီဆိုင်တစ်ဆိုင်ရှေ့တွင် မောင်းနှင်သွားသော ကားများကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး စစ်ပွဲစတင်ချိန်မှစ၍ ကမ္ဘာတစ်ဝန်းတွင် ရေနံပြတ်လပ်မှုများကို အာရုံစိုက်နေကြသည့် တစ်ချိန်တည်းတွင် ဓာတ်မြေဩဇာဈေးကွက်သည်လည်း ဟန်ချက်ပျက်ခဲ့ကြောင်း၊ ယင်းစစ်ပွဲသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဂျာမနီ Frankfurter Allgemeine Zeitung ဝက်ဘ်ဆိုက်တွင် မကြာသေးမီက ဖော်ပြသည့် “ဓာတ်မြေဩဇာအကျပ်အတည်းနှင့် ကမ္ဘာကြီးရင်ဆိုင်နေရ” ဟူသော ဆောင်းပါးတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာ ကုန်သွယ်မှုပမာဏ သုံးပုံတစ်ပုံခန့်နှင့် ကန့် တင်ပို့မှု ထက်ဝက်နီးပါးမှာ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားရကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ ဈေးကွက်သုတေသနဌာနဖြစ်သည့် Kepler ကုမ္ပဏီ၏ ကိန်းဂဏန်းများအရ ယခုကာလများ၌ ပင်လယ်ကွေ့ဒေသတွင် သောင်တင်နေသည့် ကုန်တင်သင်္ဘော ၂၁ စင်း ရှိကြောင်း၊ ယင်း ရေယာဉ်သင်္ဘောများတွင် စုစုပေါင်း ဓာတ်မြေဩဇာ တန်ချိန် ၁ သန်း ခန့် တင်ဆောင်ထားကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေး ပိတ်ဆို့ခံရပြီးနောက်ပိုင်း ဓာတ်မြေဩဇာဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ယူရီးယားဈေးနှုန်းများမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့် ရောက်ရှိခဲ့သည်။

ကမ္ဘာ့မြောက်ဘက်ခြမ်း ဒေသအများအပြားတွင် ထွန်ယက်စိုက်ပျိုးသည့်ကာလ စတင်နေပြီ ဖြစ်သလို သီးနှံများ ကြီးထွားနေချိန်လည်းဖြစ်ရာ မြေဩဇာအသုံးပြုရန် အလိုအပ်ဆုံး အချိန်အခါဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။ နိုင်ငံတကာ စွမ်းအင်သုတေသနအဖွဲ့အစည်းဖြစ်သည့် ICIS ကုမ္ပဏီ ဓာတ်မြေဩဇာရေးရာ သုံးသပ်သူ Chris Vlachopoulos က “တောင်သူလယ်သမားတွေအတွက် ပြောရမယ်ဆိုရင် ဒီစစ်ပွဲက အဆိုးရွားဆုံး အခြေအနေမှာ ဖြစ်ပွားတာပါပဲ” ဟု ပြောကြားသည်။ တောင်သူလယ်သမားများအနေဖြင့် လက်ရှိတွင် ပိုမိုမြင့်မားသည့် ဓာတ်မြေဩဇာဈေးဝန်ကို ထမ်းထားခြင်း၊ ဓာတ်မြေဩဇာအသုံးပြုမှုကို လျှော့ချခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း၊ အခြား သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း ဟူသော ရွေးချယ်စရာ အချို့နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ဓာတ်မြေဩဇာဈေးကွက်သည် ရာသီအချိန်အခါအလိုက် ထင်ရှားသည့် ပြောင်းလဲမှုရှိပြီး အခြေခံအားဖြင့် “အချိန်မီထောက်ပံ့ခြင်း” ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ ဓာတ်မြေဩဇာကို ကြိုတင်၍ ပမာဏအများအပြား ဝယ်ယူသိုလှောင်ထားလေ့မရှိဘဲ လယ်ယာစိုက်ပျိုးရေး၏ အချိန်အခါအလျောက် ဝယ်ယူ၍ သယ်ယူပို့ဆောင်လေ့ရှိသည်။

ဓတ်မြေဩဇာဈေးနှုန်း မြင့်တက်ခြင်းသည် လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှု အရင်းအနှီးကို တိုးမြင့်စေရာ လယ်သမားများ၏ စိုက်ပျိုးရန် ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ လက်ရှိအချိန်သည် အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ပျိုးကြဲစိုက်ပျိုးချိန် ဖြစ်ကြောင်း Chris Vlachopoulos က ယူဆသည်။ ဓာတ်မြေဩဇာသည် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် အလွန်အမင်း အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

စစ်ပွဲသည် ဓာတ်မြေဩဇာတင်သွင်းမှုကို မှီခိုနေရသည့် နိုင်ငံများကို သက်ရောက်မှုရှိရုံသာမက ကိုယ်တိုင်က ဓာတ်မြေဩဇာထုတ်လုပ်သော်လည်း ပင်လယ်ကွေ့ဒေသ စွမ်းအင်ကို မှီခိုနေရသည့် နိုင်ငံများအတွက်လည်း သက်ရောက်မှုရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ဂျာမနီ Kiel ကမ္ဘာ့စီးပွားရေး သုတေသနဌာန ကုန်သွယ်စီးပွားကဏ္ဍ ပညာရှင် Hendrik Mahlkow က စစ်ပွဲ၏ သက်ရောက်မှုကြောင့် “စားသောက်ကုန် ထောက်ပံ့ရေး ပြတ်လပ်မှု အန္တရာယ်က အမှန်တကယ် ရှိနေသည့်အပြင် ဆာဟာရ သဲကန္တရ တောင်ပိုင်း အာဖရိကတိုက်မှာ အဆိုးရွားဆုံး ဖြစ်နိုင်သည်” ဟု ယူဆသည်။ ယင်းဒေသရှိ ဓာတ်မြေဩဇာ ၉၀ ရာခိုင်နှုန်းကျော်သည် သွင်းကုန်ကို မှီခိုနေရကြောင်း၊ ပြောင်းဖူး ကဲ့သို့သော နိုက်ထရိုဂျင် မြေဩဇာလိုအပ်ချက် မြင့်မားသော သီးနှံများသည် ဓာတ်မြေဩဇာ ပြတ်လပ်မှုဒဏ်ကို အထူးခံစားရလွယ်ကြောင်း သိရသည်။

ဓာတ်မြေဩဇာ ပြတ်လပ်မှုသည် “တတီတီ မြည်နေသည့် အချိန်ကိုက်ဗုံး” တစ်လုံးပမာ ဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် သက်ရောက်မှုသည် လက်ရှိတွင် အတိအကျ ခန့်မှန်းရန် အလွန်ခဲယဉ်းရာ စစ်ပွဲ မည်မျှကြာ ဆက်လက် ဖြစ်ပွားမည် ဆိုသည့်အပေါ်တွင် များစွာ မူတည်ကြောင်း ဆောင်းပါးက ယူဆထားသည်။ (Xinhua)

——————–
(Chinese Version)
全球瞭望|德媒:美以伊战事或危及全球粮食安全
新华社法兰克福3月15日电(记者刘向)德国《法兰克福汇报》网站日前发表题为《世界正面临一场化肥危机》的文章说,美国和以色列对伊朗战事爆发以来,在全球关注石油短缺的同时,化肥市场也在失衡。这场战事可能危及全球粮食安全。
文章说,全球大约三分之一的化肥贸易量以及近一半的硫磺出口要经过霍尔木兹海峡。根据市场研究机构克普勒公司的数据,近期有21艘货船滞留在海湾地区,这些船只总共装载了近100万吨化肥。自从霍尔木兹海峡航运受阻以来,化肥价格迅速上涨。尿素价格一周内上涨约30%,创2022年以来最高水平。
文章说,在北半球许多地区,耕作季已经开始,作物正在生长,正是最需要施肥的时候。国际能源研究机构安迅思公司化肥分析师克里斯·弗拉霍普洛斯说:“对农民来说,这场战争发生在最糟糕的时间。”农民现在面临几个选择:承担更高的化肥价格、减少或放弃使用化肥、改种其他作物。
此外,化肥市场具有明显季节性,并且基本按照“即时供应”模式运行。化肥通常是根据农业种植日历购买和运输,而不是提前大量囤积。
弗拉霍普洛斯认为,化肥价格上涨会提高农业生产成本,并可能影响农民的种植决策,尤其是在北半球,正值播种季节。“化肥对全球粮食生产至关重要。”
文章说,战事不仅影响依赖化肥进口的国家,也影响那些本身生产化肥但依赖海湾地区能源的国家。
德国基尔世界经济研究所贸易经济学家亨德里克·马尔科认为,受战事影响,“食品供应短缺的风险确实存在,而且在撒哈拉以南非洲最为严重”。该地区超过90%的化肥依赖进口,像玉米这类对氮肥需求很高的作物,尤其容易受到化肥短缺的影响。
文章认为,化肥短缺如同一颗“嘀嗒作响的定时炸弹”,对全球粮食供应的影响目前很难准确评估,很大程度上取决于战事持续多久。(完)
1. 3月9日,车辆驶过德国首都柏林的一座加油站。新华社记者 张豪夫 摄