Europe
ယူကရိန်းက အရှေ့အလယ်ပိုင်းဒေသသို့ ဒရုန်းတိုက်ဖျက်ရေးပညာရှင် ၂၀၀ ကျော် စေလွှတ်ခဲ့ဟု ဇယ်လန်းစကီး ပြောကြား
လန်ဒန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ယူကရိန်းက အရှေ့အလယ်ပိုင်းဒေသသို့ ဒရုန်းတိုက်ဖျက်ရေးဆိုင်ရာ စစ်ဘက်ပညာရှင် ၂၀၁ ဦး စေလွှတ်ပြီးဖြစ်ရာ အီရန် ဒီဇိုင်းဆွဲထားသည့် “Eyewitness” စီးရီး ဒရုန်းများကို ရင်ဆိုင်ဖြေရှင်းရန် သက်ဆိုင်ရာနိုင်ငံများကို ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ အခြား ၃၄ ဦးကိုလည်း စီမံဖြန့်ကြက်ရန် အသင့်ပြင်ထားပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁၇ ရက် ဗြိတိန်လွှတ်တော် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
ယင်းပုဂ္ဂိုလ်များသည် မည်သို့ကူညီပံ့ပိုးရမည်ကိုလည်းကောင်း၊ “Eyewitness” စီးရီး ဒရုန်းများကို မည်သို့ကာကွယ်ရမည်ကိုလည်း သိရှိကြသည့် စစ်ဘက်ပညာရှင်များ ဖြစ်ကြောင်း၊ ယူကရိန်းအဖွဲ့သည် လက်ရှိ ယူအေအီး၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများတွင် လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အခြားသူများမှာ ကူဝိတ်သို့ သွားရောက်နေကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းသည် လက်ရှိတွင် ကြားဖြတ်ဟန့်တားနိုင်သည့်ဒရုန်းကို နေ့စဉ် အစင်းရေ ၂,၀၀၀ ကျော်ခန့် ထုတ်လုပ်နိုင်စွမ်းရှိပြီး ၎င်းအနက် ထုတ်လုပ်မှုစွမ်းရည် ထက်ဝက်ကို မဟာမိတ်များထံ ပံ့ပိုးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇယ်လန်းစကီး၏ ဟောပြောမှုတွင် “ခေတ်မီ ကာကွယ်ရေးအင်အား” ကို မဟာမိတ်နှင့် ယူကရိန်း အတူတကွ တည်ဆောက်ရန်လည်း တိုက်တွန်းထားသလို လက်တွေ့စစ်ပွဲအတွေ့အကြုံများကို ယူကရိန်းအနေဖြင့် မျှဝေသွားလိုကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ရေအောက် မောင်းသူမဲ့ရေယာဉ်နှင့် ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်၌ လည်ပတ်နိုင်သည့် လူမဲ့စက်ပစ္စည်းများကို သုတေသနပြုထုတ်လုပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အီရန်က ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများအသုံးပြု၍ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်း စသည့် ပစ်မှတ်များကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းနိုင်ငံအချို့ ဂယက်ရိုက်ခတ်မှုဒဏ်ခံခဲ့ရသည်။ (Xinhua)
——————–
(Chinese Version)
泽连斯基:乌克兰向中东派出200余名反无人机专家
新华社伦敦3月17日电(记者赵家淞)乌克兰总统泽连斯基17日在英国议会发表演讲时说,乌方已向中东地区派出201名反无人机军事专家,协助相关国家应对伊朗设计的“目击者”系列无人机,另有34人已准备部署。
泽连斯基称,这些人是“知道如何提供帮助、如何防御‘目击者’无人机”的军事专家。乌方团队目前已在阿拉伯联合酋长国、卡塔尔和沙特阿拉伯展开工作,另有人员正在前往科威特途中。
他表示,乌克兰目前具备日产大约2000架拦截型无人机的能力,并愿向盟友供应其中一半产能。
泽连斯基在演讲中还呼吁盟友与乌克兰共同建设“现代防御力量”,称乌方愿意分享实战经验。他还说,乌克兰正在研发水下无人艇和可在海洋环境中运行的无人装备。
美国和以色列2月28日对伊朗发起大规模军事行动,伊朗用弹道导弹和无人机对以色列以及美国在中东地区的军事基地等目标发起反击,一些中东国家受到波及。(完)
1. 2月14日,在德国慕尼黑,乌克兰总统泽连斯基在慕尼黑安全会议上发表讲话。新华社记者 李颖 摄
