Connect with us

Africa & Middle East

ကမ္ဘာ့ကုန်သွယ်စီးပွားကဏ္ဍ အသက်သွေးကြော တားဆီးပိတ်ဆို့ခံရခြင်း သို့မဟုတ် အရှေ့အလယ်ပိုင်းအခြေအနေက ကမ္ဘာတစ်ဝန်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်ခြင်း

ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းနေသည့် ထိုင်းကုန်တင်သင်္ဘောအား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Royal Thai Navy/Handout via Xinhua)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲသည် ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ရှိလာပြီဖြစ်ရာ ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်ရေး “အသက်သွေးကြော” ဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှုသည် ဆိုးရွားသည့်အဟန့်အတားများ ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့် ကမ္ဘာ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ ခုန်တက်သွားခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် အခင်းအကျင်း ချိန်ညှိပြင်ဆင်ရခြင်း စသည့် ကွင်းဆက်သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
သုံးသပ်သူအချို့က အကယ်၍ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုသည် ဆက်လက်ရပ်တန့်နေမည်ဆိုပါက ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေးစနစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် အဆိုးရွားဆုံးသော အကျပ်အတည်းနှင့် တွေ့ကြုံရမည် ဖြစ်ကြောင်း သတိပေး ပြောကြားထားသည်။

ကုန်သွယ်စီးပွားကဏ္ဍ အသက်သွေးကြော တားဆီးပိတ်ဆို့ခံရခြင်းက ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ရှုပ်ထွေးမှု ဖြစ်ပေါ်စေ

ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံ၊ သဘာဝဓာတ်ငွေ့ရည် (LNG) ပေးပို့မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးစနစ်၏ အသက်သွေးကြော စင်စစ်ပင်ဖြစ်သည်။ အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ၏ ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်တွင် ဟော်မုဇ်ရေလက်ကြား၏ နေ့စဉ် ပျမ်းမျှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်မှုပမာဏမှာ စည်ပေါင်း ၂၀ သန်းခန့်ရှိပြီး နှစ်စဉ် စွမ်းအင်ကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၆၀၀ နီးပါး ရှိကြောင်း သိရသည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး စစ်ရေးတိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ ဤမဟာဗျူဟာမြောက် ရေကြောင်းလမ်း၏ လုံခြုံရေးအခြေအနေမှာ ရေခဲမှတ်သို့ ကျဆင်းသွားခဲ့သည်။

စစ်ပွဲကြောင့် ဖြစ်ပွားသည့် လက်တွေ့ ပိတ်ဆို့တားဆီးမှု၏ ရိုက်ခတ်ဒဏ်ကြောင့် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုပမာဏသည် ကမ်းပါးပြိုသည့်အသွင်ဖြင့် ထိုးကျသွားခဲ့ရာ စီးပွားရေးလုပ်ငန်းသုံးသင်္ဘော အများစုမှာ ရေလက်ကြားပြင်ပတွင်ပင် ကျောက်ချထားခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခြင်းများ မဖြစ်မနေပြုလုပ်ခဲ့ရသည်။

မတ် ၁ ရက်မှ ၁၃ ရက်အထိ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့်သင်္ဘော ၇၇ စင်းသာ ရှိကြောင်း ဗြိတိန် Lloyd’s Register ရေယာဉ်သင်္ဘော သတင်းအချက်အလက်ဌာနက ဖော်ပြခဲ့သည်။ ယင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၂၀၂၅ ခုနှစ် မတ် ၁ ရက်မှ ၁၁ ရက်အထိ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် သင်္ဘော ၁,၂၂၉ စင်းအထိ ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်ရေး ထိပ်သီးကုမ္ပဏီကြီးများက ဘေးအန္တရာယ် ရှောင်ရှားရေးလှုပ်ရှားမှုများ အသီးသီး လုပ်ဆောင်ကြသည်။ ဒိန်းမတ်နိုင်ငံ Maersk သင်္ဘောလိုင်း၊ ဆွစ်ဇာလန်နိုင်ငံ မြေထဲပင်လယ်သင်္ဘောလိုင်း (MSC)၊ ပြင်သစ်နိုင်ငံ CMA CGM Group နှင့် ဂျာမနီနိုင်ငံ Hapag-Lloyd AG ကုမ္ပဏီတို့သည် မကြာမီရက်ပိုင်းကပင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် ရေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်နားခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အသီးသီး ကြေညာခဲ့ကြပြီး ၎င်းတို့၏ သင်္ဘောများကို သတ်မှတ်ထားသော ဘေးကင်းလုံခြုံရာဒေသများသို့ သွားရောက်ရန် သို့မဟုတ် အာဖရိက တောင်ဘက်စွန်းရှိ Good Hope အငူကို ပတ်၍ မောင်းနှင်ရန် ညွှန်ကြားထားသည်။

မကြာမီရက်ပိုင်းက အလွန်တရာစည်ကားခဲ့ဖူးသည့် ဒူဘိုင်းမြို့ Jebel Ali ဆိပ်ကမ်းသည် ဝေဟင်ကြားဖြတ်ဟန့်တားသည့်ဒုံးကျည်များမှ ပေါ်ထွက်လာသည့် အစအနများကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လုပ်ငန်းလည်ပတ်မှုများကို အချိန်အတိုင်းအတာတစ်ခုအထိ မဖြစ်မနေ ယာယီရပ်ဆိုင်းခဲ့ရသည်။ ထိုသို့ သိမ်မွေ့ပျော့ပျောင်းသည့် ပိတ်ဆို့မှုမျိုးက ဖြစ်ပွားသော ထိခိုက်နစ်နာမှုမှာ တရားဝင် ပိတ်ဆို့မှုနှင့် တန်းတူနီးပါးရှိကြောင်းနှင့် လုပ်ငန်းရှင်အများစုမှာ ပုံမှန် စီးပွားရေး ရေကြောင်းသွားလာမှုများကို ထိန်းထားနိုင်ခြင်း မရှိတော့ကြောင်း ဗြိတိန် The Economist မဂ္ဂဇင်းက သုံးသပ်ယူဆထားသည်။

ထပ်ဆင့် ပရီမီယံကြေးများက သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားအောင် တွန်းပို့လျက်ရှိ

စစ်ပွဲကာလ ရှည်ကြာလာခြင်းက သယ်ယူပို့ဆောင်ခ၊ အာမခံကြေးနှင့် လောင်စာဆီဈေးနှုန်း ဟူသော ကဏ္ဍသုံးရပ်မှတစ်ဆင့် ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်ရေးစရိတ်ကို အဆင့်ဆင့် မြင့်တက်စေသည်။ ရေကြောင်းလမ်း ပတ်၍မောင်းနှင်ရခြင်းနှင့် သယ်ယူပို့ဆောင်နိုင်စွမ်း လျော့နည်းခြင်းကြောင့် ကမ္ဘာ့ပင်လယ်ရေကြောင်းခရီးစဉ်၏ သယ်ယူပို့ဆောင်ခကို သိသိသာသာ မြင့်တက်စေသည်။ Good Hope အငူကို ပတ်၍ မောင်းနှင်ရခြင်းကြောင့် ခရီးစဉ်အကွာအဝေးသည် ရေမိုင် ၃,၅၀၀ မှ ၄,၀၀၀ ခန့် အထိ တိုးလာပြီး သယ်ယူပို့ဆောင်သည့် အချိန်မှာ ၁၀ ရက်မှ ၁၄ ရက် အထိ ပို၍ ကြာမြင့်စေသည်။ ပေ ၂၀ ရှိသည့် စံကွန်တိန်နာ တစ်လုံး၏ ငှားရမ်းခမှာ ကန်ဒေါ်လာ ၂၀၀ ခန့် ဈေးတက်လာရာ ယင်းမှာ သယ်ယူပို့ဆောင်ခ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးမြင့်သည့် အဓိပ္ပာယ် ဖြစ်သည်။ CMA CGM သင်္ဘောလိုင်းသည် ကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၂,၀၀၀ မှ ၄,၀၀၀ အထိဖြစ်သော “အရေးပေါ် ပဋိပက္ခအတွက် ထပ်ဆောင်းပေးရန် အခကြေးငွေများ” စတင်ကောက်ခံနေပြီ ဖြစ်သလို Hapag-Lloyd ကုမ္ပဏီကောက်ခံသည့် “စစ်ပွဲအန္တရာယ်အတွက် ထပ်ဆောင်းပေးရန် အခကြေးငွေ” မှာလည်း စံကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၁,၅၀၀ အထိ ရှိသည်။

အာမခံဈေးကွက်၏ တုံ့ပြန်မှုမှာ အထူးပင် ပြင်းထန်လှသည်။ ပဋိပက္ခ ကျယ်ပြန့်လာခြင်းနှင့်အတူ စစ်ပွဲအာမခံ၏ ပင်လယ်ရေကြောင်းအာမခံကြေးမှာ ထိုးတက်လာသည်။
ရေနံတင်သင်္ဘောအများစု၏ တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၂၀၀ မှ ကန်ဒေါ်လာ သန်း ၃၀၀ အတွင်းရှိရာ အာမခံနှုန်းထားသစ် ၃ ရာခိုင်နှုန်းမှာ သင်္ဘောကိုယ်ထည်၏ စစ်ပွဲအန္တရာယ် ပရီမီယံကြေး ကန်ဒေါ်လာ ၇.၅ သန်းခန့် ဖြစ်သည်ကို ဆိုလိုကြောင်း၊ ပဋိပက္ခ မဖြစ်ပွားမီ အာမခံနှုန်းထားမှာမူ ၀.၂၅ ရာခိုင်နှုန်းသာရှိကြောင်း အမေရိကန် Jefferies Group ၏ သုံးသပ်သူက ထောက်ပြထားသည်။

မတ်လ ၅ ရက်မှစ၍ ရေကြောင်းရေးရာအာမခံကုမ္ပဏီများသည် ပင်လယ်ကွေ့ရေကြောင်းလိုင်း၏ စစ်ပွဲအန္တရာယ် အာမခံကြေးစံနှုန်းများကို ဖျက်သိမ်းခဲ့သည်။ သင်္ဘောပိုင်ရှင်များအနေဖြင့် ခရီးစဉ်များ ပြေးဆွဲမှုကို ထိန်းထားလိုပါက အလွန်အမင်းမြင့်မားသည် အာမခံကြေးကို မဖြစ်မနေပေးဆောင်ရမည် ဖြစ်ပြီး အချို့ ဈေးနှုန်းများသည် သင်္ဘောကိုယ်ထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီဖြစ်သည်။ ခန့်မှန်းတွက်ချက်မှုများအရ ကန်ဒေါ်လာ ၁၃၈ သန်း တန်ဖိုးရှိသည့် အလွန်ကြီးမားသော ရေနံတင်သင်္ဘောတစ်စင်းသည် ရေလက်ကြားဖြတ်သန်းမှု တစ်ကြိမ်အတွက် ပေးချေရမည့် အာမခံကြေးမှာ ကန်ဒေါ်လာ ၁၄ သန်းအထိ မြင့်မားနိုင်ကြောင်း သိရသည်။

လောင်စာဆီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းကလည်း လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို တိုက်ရိုက် မြှင့်တင်လိုက်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မတည်မငြိမ်ဖြင့် မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ အဓိက ရေကြောင်းပို့ဆောင်ရေးအချက်အချာရှိ သင်္ဘောလောင်စာဆီဈေးနှုန်းများသည် များစွာ မြင့်တက်လာသည်။ Maersk ၏ အမှုဆောင်အရာရှိချုပ် Vincent Clerc က “ဒီလိုဈေးနှုန်းမြင့်တက်လာတာတွေက ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအပေါ် ဖြစ်စေ၊ စားသုံးသူတွေအပေါ်ဖြစ်စေ ရောက်သွားပါလိမ့်မယ် ” ဟု သတိပေး ပြောကြားခဲ့သည်။

ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်က ဖိအားဒဏ်ကြောင့် ချိန်ညှိပြောင်းလဲနေရ

ရေကြောင်းပို့ဆောင်မှုအခင်းအကျင်းများကို မလွှဲမရှောင်သာ ချိန်ညှိပြောင်းလဲနေရခြင်းကြောင့် နက်ရှိုင်းသော ပြင်ပသို့ ယိုလျှံသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကိုလည်း လိုက်လျောညီထွေသည့် အခင်းအကျင်းဖြစ်အောင် မဖြစ်မနေ ချိန်ညှိနေရသည်။

အဓိက ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှုကွင်းဆက် ပြတ်တောက်သည့်အန္တရာယ်နေ့စဉ်နှင့်အမျှ ထင်ရှားလာသည်။ အရှေ့အလယ်ပိုင်းသည် စွမ်းအင်ဗဟိုချက် ဖြစ်ရုံသာမက အလူမီနီယံနှင့် ဓာတ်မြေဩဇာ စသည့် စက်မှုလုပ်ငန်းသုံးကုန်ကြမ်းများ၏ အဓိက တင်ပို့ရာနေရာလည်း ဖြစ်သည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၏ ယူရီးယားဓာတ်မြေဩဇာ သုံးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်နေရသလို တစ်ကမ္ဘာလုံး၏ ဆာလ်ဖာ ထောက်ပံ့မှု ထက်ဝက်နီးပါးသည် ပင်လယ်ကွေ့ဒေသများမှလာခြင်း ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှုများ ရပ်တန့်သွားခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဓာတုစက်မှုလုပ်ငန်း ထောက်ပံ့မှုကွင်းဆက်သည် ပြတ်တောက်တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အနုစိတ်ထုတ်လုပ်ရသည့် လုပ်ငန်းများ (Precision Manufacturing) မှာလည်း အလားတူပင် ပြင်းပြင်းထန်ထန် အထိနာလျက်ရှိသည်။ သိုလှောင်ထားသည့်ပမာဏက အသွားအပြန်ခရီးစဉ်အတွင်း နောက်ထပ် သီတင်းနှစ်ပတ်ကြာ ကြန့်ကြာမှုကို ရင်ဆိုင်ရန် ခက်ခဲခြင်းကြောင့် ဂျာမနီ၊ အမေရိကန် စသည့် မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများသည် အာရှ အပိုပစ္စည်းထောက်ပံ့မှု နှောင့်နှေးခြင်း၏ သက်ရောက်မှုကို လာမည့် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း ခံစားရနိုင်သည်ဟု ခန့်မှန်းရကြောင်း သုံးသပ်သူများက ယူဆကြသည်။

ပင်လယ်ရေကြောင်းလမ်းများ ပြတ်တောက်မှုကို ရင်ဆိုင်ရခြင်းကြောင့် တန်ဖိုးကြီးကုန်စည်များ သို့မဟုတ် အလျင်လိုသည့် ကုန်စည်အချို့မှာ လေကြောင်းသယ်ယူပို့ဆောင်ရေးဘက်သို့ ကူးပြောင်းကြသည်။ တောင်အာရှမှ ဥရောပသို့ လေကြောင်းသယ်ယူပို့ဆောင်ခမှာ ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး၊ ထိုကဲ့သို့ “ကုန်ကျစရိတ်ဝန် လွှဲပြောင်းခြင်း” ကြောင့် ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး၏ အမြတ်အစွန်းရရှိနိုင်မှု အလားအလာမှာ လျင်မြန်စွာ လျော့နည်းလျက်ရှိသည်။
ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံ (UNCTAD) က မကြာသေးမီက သတိပေးချက်ထုတ်ပြန်ရာ၌ ဟော်မုဇ်ရေလက်ကြား၏ သယ်ယူပို့ဆောင်ရေးပြတ်တောက်သွားခြင်းသည် ပင်လယ်ရေကြောင်း စွမ်းအင်သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းများမှာ ပထဝီနိုင်ငံရေး တင်းမာမှုများ၏ သက်ရောက်မှုကို မည်မျှအလွယ်တကူ ခံစားရနိုင်သည်ကို မီးမောင်းထိုးပြနေကြောင်း၊ ဤသက်ရောက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် ကုန်စည်ဈေးကွက်အပေါ် ဧရာမကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt သတင်းစာရှင်းလင်းပွဲတက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
新闻分析|全球经贸“动脉”遭遇梗阻——解读中东局势对全球航运影响
新华社北京3月17日电 题:全球经贸“动脉”遭遇梗阻——解读中东局势对全球航运影响   新华社记者汪平
美以伊战事持续已超过两周,作为全球航运“命门”的霍尔木兹海峡航运严重受阻,由此引发全球航运成本飙升和供应链布局调整等连锁反应。有分析警告,若霍尔木兹海峡通行持续陷入瘫痪,全球物流体系将遭遇自新冠疫情暴发以来最具破坏性的困境。
“动脉”梗阻引发航运紊乱
霍尔木兹海峡在全球石油、液化天然气供应和运输中承担重要角色,是全球航运体系中的一条名副其实的“动脉”。据美国能源信息局估计,2025年霍尔木兹海峡日均原油及石油产品运输量约2000万桶,每年能源贸易额接近6000亿美元。自美以军事打击伊朗以来,这一战略通道的安全性降至冰点。
受战事导致的事实性梗阻影响,霍尔木兹海峡通行量断崖式下跌,大量商船被迫在海峡外围停摆或改道。英国劳埃德船舶信息社表示,3月1日至13日,仅77艘船只通过霍尔木兹海峡。相比之下,2025年3月1日至11日,通过这一海峡的船只达1229艘。
全球航运巨头纷纷采取避险行动。丹麦马士基航运公司、瑞士地中海航运公司、法国达飞海运集团、德国赫伯罗特公司等近日均已宣布暂停或停止途经霍尔木兹海峡的航线,指示旗下船舶前往指定安全避难区或选择绕行非洲好望角。
日前,曾经繁忙的迪拜杰贝阿里港因空中拦截导弹产生的碎片引发火灾,一度被迫暂时停止运营。英国《经济学人》杂志分析认为,这种“软性关闭”造成的损害与正式封锁几乎相同,大多数运营商已无法维持正常的商业航行。
多重溢价推高物流成本
战事延宕正通过运费、保险费和燃油价格三个维度,层层推高全球航运成本。
受绕道航行及运力削减影响,全球海运航线运价显著上涨。绕行好望角导致航程增加约3500至4000海里,运输时间延长10至14天。一个20英尺的标准集装箱租赁成本上涨约200美元,这意味着运费上涨约15%至20%。达飞海运已开始对每个集装箱加收2000至4000美元不等的“紧急冲突附加费”,赫伯罗特公司收取的“战争风险附加费”也高达每标箱1500美元。
保险市场的反应尤为剧烈。随着冲突扩大,战争保险的海上保险费飙升。美国杰富瑞集团分析师指出,由于大多数油轮的价值在2亿美元到3亿美元之间,3%的新保险费率意味着船体战争风险溢价约750万美元,而冲突前保险费率仅为0.25%。自3月5日起,多家海事保险公司取消了海湾航线的标准战争风险保险。船东若想维持通航,必须支付极高的保费,部分报价已飙升至船体价值的10%。据测算,一艘价值1.38亿美元的超大型油轮穿越海峡的单次保险支出可能高达1400万美元。
燃油价格飙升也直接抬升了运营成本。随着国际原油价格震荡上行,全球主要航运枢纽的船舶燃料价格大幅上涨。马士基首席执行官文森特·克莱尔警告:“这些涨价将转嫁给我们的客户,转嫁给消费者。”
全球供应链网络承压调整
航运格局的被动调整正产生深层外溢影响,迫使全球供应链进行相应的布局调整。
关键原材料供应链的断裂风险日益凸显。中东不仅是能源中心,也是铝、化肥等工业原料的重要输出地。目前,全球约三分之一的尿素需通过霍尔木兹海峡转运,全球近一半的硫磺供应也来自海湾地区,霍尔木兹海峡航运停滞已导致全球农业和化工业供应链面临中断风险。
精密制造业同样遭受重创。有分析认为,由于库存规模难以应对往返途中额外两周的延误,德国、美国等地汽车装配厂预计在两到三周内就会感受到亚洲零部件供应延迟的影响。
面对海路中断,部分高价值或时效性强的货物正转向空运。从南亚至欧洲的空运价格已上涨约70%,这种“成本转嫁”正迅速压缩产业链利润空间。
联合国贸发会议近日警告,霍尔木兹海峡交通中断凸显海上能源运输要道易受地缘政治紧张局势影响,这种影响将对全球供应链和商品市场造成巨大冲击。(完)
1. 这张泰国海军3月11日发布的照片显示,一艘泰国货船在霍尔木兹海峡海域遭袭起火新华社发(泰国海军供图)
2. 3月10日,在美国首都华盛顿,白宫新闻秘书莱维特出席记者会。新华社发(李源清摄)