Africa & Middle East
အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုကို အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် ပြင်းထန်စွာ ရှုတ်ချ
တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က မတ် ၁၈ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ထိုကဲ့သို့သော ကျူးကျော်မှုလုပ်ရပ်များသည် အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ထောက်ခံသူများအတွက် မည်သည့်အကျိုးမျှမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ထိန်းချုပ်မရသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ရာ ယင်းသက်ရောက်မှုသည် တစ်ကမ္ဘာလုံးကိုပင် ထိခိုက်စေနိုင်ကြောင်း ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံ Bushehr ပြည်နယ် South Pars နှင့် Asaluyeh ရှိ ရေနံဓာတုစက်ရုံအချို့ကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့ကြောင်း မတ် ၁၈ ရက် အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အီရန်အမျိုးသားဓာတ်ငွေ့ကုမ္ပဏီသည် မတ် ၁၈ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် South Pars ဓာတ်ငွေ့လုပ်ကွက်ရှိ အဆောက်အအုံအချို့ကို ပျက်စီးစေခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်သော မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် သက်ဆိုင်သော ရေနံအဆောက်အအုံများကို အမေရိကန်စစ်အခြေစိုက်စခန်းနှင့် တန်းတူအဆင့် သတ်မှတ်ထားရှိပြီး ၎င်းတို့ကို အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါနေ့တွင်ပင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ် တပ်မှူး Tangsiri က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
………………………
(Chinese Version)
伊朗总统强烈谴责美以袭击伊能源基础设施
新华社德黑兰3月18日电(记者陈霄 沙达提)伊朗总统佩泽希齐扬18日在社交媒体上发文,强烈谴责美国和以色列袭击伊朗能源基础设施。
佩泽希齐扬表示,这种侵略行径对美国和以色列及其支持者来说毫无益处,只会使局势更加复杂,并可能造成无法控制的后果,其影响甚至可能波及全球。
据伊朗媒体18日报道,伊朗布什尔省南帕尔斯和阿萨卢耶部分石油化工设施遭美国和以色列袭击。伊朗国家天然气公司18日发表声明说,袭击造成南帕尔斯气田部分设施受损,无人员伤亡。袭击引发的大火目前已被扑灭,天然气生产还在进行。
同一天,伊朗伊斯兰革命卫队海军司令坦格西里在社交媒体发文说,与美国相关的石油设施将与美国军事基地处于同一级别,它们将遭受猛烈攻击。(完)
图说:2月11日,伊朗总统佩泽希齐扬在德黑兰举行的伊朗伊斯兰革命胜利47周年庆典活动上讲话。新华社记者 沙达提 摄
