Connect with us

Africa & Middle East

အစ္စရေး၏ မကြာခဏ လုပ်ကြံမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “စံနှုန်း နှစ်မျိုး” မထားသင့်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီအား မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

အစ္စရေးသည် ၎င်း၏ “ဒေါသထွက်ဖွယ်ရာ” လုပ်ကြံမှုလက်ချက်များအား ပုံမှန်အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို လုံးဝဂရုမစိုက်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စံနှစ်မျိုး လက်ကိုင်မထားသင့်သလို အစ္စရေး၏ ဤ ”အဆင်အခြင်မဲ့ လုပ်ရပ်” များကို လျစ်လျူရှုမထားသင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက မတ် ၁၈ ရက်ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
လွန်ခဲ့သည့်တစ်ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လူမှုမီဒီယာပေါ်တွင် ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယိုတွင် ၎င်းနှင့် အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Michael Dale Huckabee တို့ စကားပြောနေကြပြီး အီရန်အရာရှိကြီးများအား လုပ်ကြံမှုဆိုင်ရာ ကတ်ပြားတစ်ကတ်ကို ပြသကာ ထိုနေ့တွင် “ဒီကနေ နာမည်နှစ်ခု ဖျက်လိုက်တယ်” ဟု ပြောကြားခဲ့ပြီး အစ္စရေးက အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး လာရီဂျာနီနဲ့ အီရန် Basij ပြည်သူ့စစ်အဖွဲ့ တပ်မှူး Gholamreza Soleimani တို့ကို လုပ်ကြံခဲ့သည်ကို အရိပ်အမြွက်ဖော်ပြခဲ့သည်။

အကယ်၍ အီရန်သမ္မတက အမေရိကန်သမ္မတ၊ လွှတ်တော်ခေါင်းဆောင်များနှင့် အဆင့်မြင့်ဗိုလ်ချုပ်ကြီးများ စသည်တို့ ပါဝင်သော “လုပ်ကြံမည့် အမည်စာရင်း” ကို နိုင်ငံခြားသံအမတ်ကြီးတစ်ဦးအား ပြသခဲ့ပြီး ယင်းနောက် ၎င်းတို့အား တစ်ဦးစီ ဖယ်ရှားသွားမည်ဟု ကြေညာခဲ့ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ခေါ်ယူမည်ဖြစ်ပြီး မီဒီယာများလည်း အလွန်အကျူး ပုံကြီးချဲ့ ဖော်ပြကြမည်ဖြစ်ကြောင်း၊ “အရေးယူပိတ်ဆို့မှုများ၊ ခြိမ်းခြောက်မှုများသာမက စစ်ပွဲများပင် လိုက်ပါလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို ‘နိုင်ငံတကာဥပဒေ’ နှင့် ‘ကမ္ဘာလုံးဆိုင်ရာ စည်းစနစ်’ ကို ထိန်းသိမ်းခြင်းဟူ၍ အမည်တပ် တန်ဆာဆင်ကြမည်ဖြစ်သည်” ဟု အာရက်ဂ်ချီက ရေးသားခဲ့သည်။
သို့သော် အစ္စရေးနှင့်ပတ်သက်လာလျှင် ပုံမှန် ဂိမ်းစည်းမျဉ်းများမှာ အသုံးမဝင်တော့ဟု အာရက်ဂ်ချီက ထောက်ပြခဲ့သည်။ “တရားဥပဒေစိုးမိုးရေးနှင့် စည်းစနစ် ထိန်းသိမ်းသူများ” ဆိုသူတို့မှာ နှုတ်ဆိတ်နေကြပြီး သာမန်ကာလျှံကာ ပြောဆိုရုံသာမက အစ္စရေးအား လက်နက်နှင့် အကာအကွယ်များပင် ပေးအပ်ကြကြောင်း၊ ယင်းမှာ စည်းမျဉ်းများသည် တစ်ဖက်သူအတွက်သာ အကျုံးဝင်ပြီး ကင်းလွတ်ခွင့်မှာမူ မဟာမိတ်များအတွက်သာ ဖြစ်သည့် ရည်ရွယ်ချက်ရှိရှိ ကျင့်ဝတ်ယိုယွင်းပျက်သုန်းခြင်းကို ထင်ဟပ်စေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အစ္စရေးသည် ၎င်း၏ အမေရိကန်မိတ်ဖက်များကို ကျင့်ဝတ်နှင့် နိုင်ငံရေးအရ ပိုမိုနက်ရှိုင်းသော ချောက်ထဲသို့ တစ်လှမ်းချင်း ဆွဲခေါ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် ကြီးမားသော စစ်ရေးလှုပ်ရှားမှု စတင်ခဲ့ရာ ယင်းဖြစ်ရပ်ကြောင့် ထိုစဉ် တာဝန်ထမ်းဆောင်နေသော အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီ၊ စစ်ဘက်နှင့် အစိုးရဆိုင်ရာ အဆင့်မြင့် အရာရှိများစွာကို လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးခဲ့သည်။ အီရန်သည် အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်းများစသည့် ပစ်မှတ်များအပေါ် တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ၎င်းနှင့် နေတန်ယာဟုတို့သည် အစ္စရေးစစ်တပ်အား ခွင့်ပြုချက်မလိုဘဲ “မည်သည့်အီရန်အဆင့်မြင့်အရာရှိကို မဆို” တိုက်ခိုက်ခွင့်ပြုရန် ပူးတွဲဆုံးဖြတ်ခဲ့ကြောင်း၊ “အီရန်သား အားလုံးသည် တိုက်ခိုက်ရေး ပစ်မှတ်များဖြစ်သည်” ဟု မတ် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………….
(Chinese Version)
伊朗外长:以色列频频暗杀 国际社会不应“双标”
新华社德黑兰3月18日电(记者陈霄 沙达提)伊朗外交部长阿拉格齐18日晚在社交媒体发文表示,以色列毫不顾及将其“令人发指”的暗杀手段常态化所带来的后果,而国际社会不应持双重标准,不应对以色列这一“鲁莽行径”置之不理。
前一天,以色列总理内塔尼亚胡在社交媒体发布一段视频,显示他与美国驻以大使迈克·赫卡比交谈,并向对方展示一张有关暗杀伊朗高层的卡片,称当天从上面“抹掉两个名字”,暗示以方暗杀了伊朗最高国家安全委员会秘书拉里贾尼和民兵武装“动员穷人组织”指挥官苏莱曼尼。
阿拉格齐写道,假如伊朗总统向一名外国大使展示一份“击杀名单”,上面有美国总统、国会领导人、高级将领等,随后宣布将逐个消灭他们。那么,联合国安理会将召开紧急会议,媒体会疯狂炒作,“制裁、威胁,甚至战争会随之而来——这一切都以‘国际法’和维护‘全球秩序’的名义包装起来”。
阿拉格齐指出,然而,当涉及以色列时,通常的游戏规则似乎不再适用。那些所谓“法治与秩序的守护者”却沉默不语,含糊其辞,甚至为以色列提供武器和庇护。这体现了一种蓄意的道德崩溃,即规则只适用于对手,豁免却专属于盟友。
他还说,以色列正将其美国伙伴一步步拖向更深的道德与政治深渊。
美国和以色列2月28日对伊朗发起大规模军事行动,时任伊朗最高领袖哈梅内伊和多名军政高级官员在空袭中丧生,伊朗对以色列以及美国在中东地区的军事基地等目标发起反击。以色列国防部长卡茨18日称,他和内塔尼亚胡共同决定,授权以军无需获得批准即可打击“任何伊朗高级官员”,“所有伊朗人都是打击目标”。(完)
图说:3月16日,伊朗外交部长阿拉格齐在首都德黑兰出席伊朗外交部举行的每周例行记者会。新华社记者 沙达提 摄