Connect with us

Europe

မဟာဗျူဟာ အရန်သိုလှောင်ထားသည့် ရေနံများအား ဈေးကွက်အသွင်းသို့ ဖြန့်ချိနေပြီဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ဆို

အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းအဝင်ဝအနီးရှိ ပင်လယ်နီရေပြင်တွင် မောင်းနှင်သွားသော ရေနံသင်္ဘောတစ်စင်းအား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ မဟာဗျူဟာ အရန်သိုလှောင်ထားသည့် ရေနံစည် သန်း ၄၀၀ ကို ထုတ်ယူသုံးစွဲမည်ဟု ၎င်းအဖွဲ့ဝင်နိုင်ငံများက တစ်ပြေးညီ ဆုံးဖြတ်ပြီးနောက် သက်ဆိုင်ရာသိုလှောင်ထားသည့်ရေနံများအား ဈေးကွက်အတွင်းသို့ စတင် ဖြန့်ဖြူးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအကြိမ် ဖြန့်ဖြူးသည့် အရန်ရေနံများမှာ ယေဘုယျအားဖြင့် ရေနံစိမ်းကို အဓိကထားခြင်းဖြစ်ပြီး ဥရောပဒေသများတွင်မူ အဓိကအားဖြင့် ရေနံကုန်ချောများ ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အမေရိကတိုက်နိုင်ငံများက ထုတ်လုပ်မှုပမာဏကို တိုးမြှင့်၍ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

နိုင်ငံအသီးသီးက တာဝန်ယူရမည့် ဝေစုပမာဏကို အသေးစိတ်ထပ်မံသတ်မှတ်လာခြင်းနှင့်အတူ ရေနံစိမ်းနှင့် ရေနံကုန်ချောတို့၏ တိကျသော ခွဲတမ်းအချိုးအစားနှင့် အများပြည်သူဆိုင်ရာ အရန်သိုလှောင်မှုထောက်ပံ့သည့်ပမာဏ စသည်တို့မှာ ချိန်ညှိပြောင်းလဲမှုများ ရှိနိုင်သေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်း တင်းမာမှုအရှိန်မြင့်တက်လာခြင်းကြောင့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် မတ် ၁၉ ရက် ဈေးကွက်ဖွင့်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၆ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီး ဥရောပ၏ သဘာဝဓာတ်ငွေ့နှင့် ရေနံဈေးနှုန်းများမှာလည်း ယင်းနေ့ နံနက်အရောင်းအဝယ်ပြုလုပ်ချိန်တွင် သိသာထင်ရှားစွာ မြင့်တက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံအနေဖြင့် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ စစ်ရေးတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့ရေနံထောက်ပံ့မှု ကျပ်တည်းသည့် အခြေအနေကို တုံ့ပြန်ရန်အတွက် မဟာဗျူဟာမြောက် အရန်သိုလှောင်ထားသော ရေနံ စည်ပေါင်း သန်း ၄၀၀ ထုတ်ပေးရန် တစ်ပြေးညီ သဘောတူညီခဲ့ကြကြောင်း မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ ယနေ့အချိန်အထိ ချိန်ညှိရန်အတွက် အရန်သိုလှောင်ထားသည့်ရေနံကို ပမာဏအများဆုံး ထုတ်ပေးခြင်း ဖြစ်သည်။ (Xinhua)
—————-
(Chinese Version)
国际能源署:战略石油储备已开始投放市场
新华社巴黎3月19日电(记者崔可欣)国际能源署19日发布新闻公报说,在其成员国一致决定动用4亿桶战略石油储备后,相关储备已开始向市场投放。
公报说,此次投放的石油储备总体将以原油为主,在欧洲地区则主要是成品油。与此同时,美洲国家将通过提高产量补充市场供应。
公报还说,随着各国进一步细化各自承担的份额,原油与成品油的具体分配比例及来自公共储备的供应规模等仍可能调整。
受中东局势升级影响,伦敦布伦特原油期货价格19日开盘后一度升至每桶116美元以上,欧洲天然气和石油价格当日早盘也明显上涨。
国际能源署11日宣布,32个成员国一致同意释放4亿桶战略石油储备,以应对因美国和以色列军事打击伊朗导致全球石油供应紧张的局面。这是国际能源署迄今协调规模最大的一次石油储备释放。(完)

1. 这是3月11日,油轮在靠近埃及苏伊士运河入口处的红海海域行驶。 新华社发(艾哈迈德·戈马摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.