Africa & Middle East
ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုဆိုင်ရာ အခြေခံမူများကို အီရန် ရှင်းလင်းပြောကြား
တီဟီရန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၂ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းမရှိကြောင်း၊ စစ်ပွဲအခြေအနေကြောင့် လိုအပ်သောအစီအမံများကို လိုက်နာမှုအောက်တွင် သင်္ဘောများသည် အဆိုပါရေကြောင်းလမ်းတွင် ဆက်လက်သွားလာနိုင်ကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်း၊ ရေကြောင်းသွားလာမှု ဘေးကင်းရေးနှင့်ပတ်သက်သည့် အီရန်၏ အခြေခံမူရပ်တည်ချက်ကို ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ရေးကျူးကျော်မှုစတင်ခဲ့ပြီးဖြစ်သောကြောင့် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားရှိ အခြေအနေသည် အန္တရာယ်ရှိလာပြီး ဒေသတွင်း သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်း၊ ရေကြောင်းသွားလာမှု ဘေးကင်းရေးကို တိုက်ရိုက်ထိခိုက်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ မိမိကိုယ်ကိုယ်ကာကွယ်ခွင့်ကို တရားဝင်ကျင့်သုံးရန်အတွက် အီရန်သည် အစီအမံများစွာကို လုပ်ဆောင်ခဲ့ပြီး ကျူးကျော်သူများနှင့် ၎င်းတို့၏ထောက်ခံသူများက ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့၏ ကျူးကျော်ရေးရည်မှန်းချက်များကို မြှင့်တင်ရာတွင် အလွဲသုံးစားမပြုစေရေး သေချာစေခဲ့ကြောင်း ကြေညာချက်က ဖော်ပြထားသည်။
အမေရိကန်၊ အစ္စရေးနှင့် ကျူးကျော်မှုတွင် ပါဝင်သော အခြားနိုင်ငံပိုင် သင်္ဘောများသည် ပုံမှန်၊ ရန်လိုမှုမရှိသော သွားလာမှု အခြေအနေနှင့် မကိုက်ညီမှုများကို အီရန်အနေဖြင့် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံပိုင် သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်မှုရှိသည့် ရန်လိုမှုမရှိသော သင်္ဘောများသည် အီရန်အပေါ် ကျူးကျော်မှု လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ပံ့ပိုးဆောင်ရွက်ခြင်း မရှိဘဲ အီရန်ဘက်က ထုတ်ပြန်ထားသော ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းနှင့် အစီအမံများကို လိုက်နာမည်ဆိုလျှင် အီရန်အာဏာပိုင်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဟော်မုဇ်ရေလက်ကြား စဉ်ဆက်မပြတ် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဘက်စုံ ပြန်လည်ရရှိရန် အီရန်အား ပစ်မှတ်ထားသော စစ်ရေး ကျူးကျော်မှုနှင့် ခြိမ်းခြောက်မှုများကို လုံးဝရပ်တန့်ရမည်ဖြစ်သလို အီရန် တည်ငြိမ်မှုကို ဖျက်ဆီးသော အမေရိကန်နှင့် အစ္စရေးတို့၏ လှုပ်ရှားမှုများကို လုံးဝရပ်တန့်ရမည်ဖြစ်ကြောင်း၊ အီရန်၏ တရားဝင် အကျိုးစီးပွားများသည် လေးစားမှု အပြည့်အဝ ရရှိရမည်ဖြစ်ကြောင်း ကြေညာချက်တွင် အလေးအနက်ထား ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ထိုနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် အထက်ပါ အခြေခံမူများကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အီရန်သည် ခြိမ်းခြောက်မှုတွင် အညံ့ခံမည်မဟုတ်ကြောင်း၊ “ခြိမ်းခြောက်မည့်အစား၊ လေးစားမှုထားပါ၊ ကုန်သွယ်ရေး လွတ်လပ်မှုမရှိပါက၊ ရေကြောင်းသွားလာရေး ရှိမှာမဟုတ်” ဟု တစ်ချိန်တည်းမှာပင် ၎င်းက အလေးထား ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က မတ် ၂၁ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန်၊ သို့မဟုတ်ပါက အီရန်၏ “ဓာတ်အားပေးစက်ရုံအမျိုးမျိုး” ကို ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
伊朗阐述霍尔木兹海峡通行原则
新华社德黑兰3月22日电(记者沙达提 尹炣)伊朗外交部22日发表声明,称霍尔木兹海峡并未被封锁,在遵守因战争形势而采取的必要措施前提下,船舶仍可继续在该水道航行。同时,声明阐述了伊方关于霍尔木兹海峡航运和航行安全的原则立场。
伊朗外交部在声明中表示,美国和以色列对伊朗发动军事侵略之后,波斯湾和霍尔木兹海峡局势危险,地区航运和航行安全受到直接影响。为行使合法自卫权,伊朗采取一系列措施,以确保侵略者及其支持者不会将霍尔木兹海峡滥用于推进其侵略目标。
声明说,属于美国、以色列以及其他参与侵略国家的船只不符合正常和非敌对通行条件,伊朗将依法予以处理;属于其他国家或与其有关联的非敌对船只,只要没有参与或配合针对伊朗的侵略行动,并遵守伊朗方面公布的安全规章和措施,即可在与伊方主管部门协调后,安全通过霍尔木兹海峡。
声明强调,要全面恢复霍尔木兹海峡的可持续安全与稳定,针对伊朗的军事侵略和威胁必须停止,美国和以色列破坏伊朗稳定的行动必须停止,伊朗合法利益必须得到充分尊重。 伊朗外交部长阿拉格齐当天通过社交媒体阐述了上述原则。他同时强调,伊朗不会屈服于威胁,“与其威胁,不如尊重。没有贸易自由,就没有航行自由”。
美国总统特朗普21日晚在社交媒体发文,威胁伊朗48小时内开放霍尔木兹海峡,否则将摧毁伊朗“各类发电厂”。(完)
图说:2月17日,伊朗外交部长阿拉格齐在瑞士日内瓦万国宫举行的裁军谈判会议上发言。新华社记者 石松 摄
