Africa & Middle East
အမေရိကန် စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအား နှိုင်းယှဉ်ပြထားသည့် ဂြိုဟ်တုဓာတ်ပုံများ အီရန် မီဒီယာ ထုတ်ပြန်
တီဟီရန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အီရန် Fars သတင်းအေဂျင်စီက မတ် ၂၄ ရက်တွင် နှိုင်းယှဉ်ပြထားသည့် ဂြိုဟ်တုဓာတ်ပုံများထုတ်ပြန်ခဲ့ရာ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများမှာ အီရန်၏ ပစ်မှတ်တိကျစွာ တိုက်ခိုက်မှုခံထားရပြီး အခြေစိုက်စခန်းအတွင်းရှိ စစ်ရေးအဆောက်အဦများစွာ ဖျက်ဆီးခံထားရသည်ကို ဖော်ပြထားသည်။
ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်တပ်၏ Isa Air Base (OBBS) လေတပ်အခြေစိုက်စခန်းအတွင်းရှိ Patriot ဒုံးကျည်စနစ်၏ ရေဒါတစ်ခု ပျက်စီးနေသည်ကို ဂြိုဟ်တုဓာတ်ပုံ နှိုင်းယှဉ်ချက်များတွင် ဖော်ပြထားသည်။
ထို့အပြင် ဆော်ဒီအာရေဗျရှိ အမေရိကန်စစ်တပ်၏ Al-Kharj Oasis စစ်အခြေစိုက်စခန်းနှင့် ကူဝိတ်နိုင်ငံရှိ Ali Al Salem လေတပ်အခြေစိုက်စခန်းအတွင်း ကင်းထောက်ယာဉ်သိုလှောင်ရုံ၊ ဒရုန်းသိုလှောင်ရုံ၊ စစ်သည်အရာရှိများ၏ အဆောင်၊ ဂြိုဟ်တုဆက်သွယ်ရေး အင်တာနာနှင့် ကြိုတင်သတိပေးရေဒါ စသည့် အဆောက်အဦများအားလုံး တိုက်ခိုက်ခံထားရသည်။ (Xinhua)
——————
(Chinese Version)
伊朗媒体公布美军基地遭打击卫星对比图
新华社德黑兰3月24日电 伊朗法尔斯通讯社24日公布多组卫星对比图,显示美军位于巴林、沙特阿拉伯、科威特的基地遭到伊朗精确打击,基地内多处军事设施被摧毁。
卫星对比图显示,美军位于巴林的谢赫伊萨空军基地内,一处“爱国者”导弹系统的雷达被摧毁。
此外,美军位于沙特海尔季绿洲军事基地和科威特阿里·萨利姆空军基地内的侦察机库、无人机库、军官宿舍、卫星通信天线以及预警雷达等设施均遭到打击。(完)
图说:3月7日,在伊朗首都德黑兰,集会者在遭袭的甘地医院前挥舞伊朗国旗。 新华社记者 沙达提 摄
