Connect with us

International Organizations

ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်သူများအနေဖြင့် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်လျှောက်လှမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

အမေရိကန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ဗင်နီဇွဲလားနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
သက်ဆိုင်သူများအနေဖြင့် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်လျှောက်လှမ်းရန်တိုက်တွန်းကြောင်းကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက မတ် ၂၃ ရက် လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေးစိစစ်သုံးသပ်မှုတွင် ပါဝင်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ ယူကရိန်းအရေးနှင့်ပတ်သက်သည့်အပြန်အလှန်ဆွေးနွေးမှုအမျိုးမျိုးကို ခပ်စိပ်စိပ် မြှင့်တင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံက ယင်းအပေါ် ကြိုဆိုကြောင်း၊ ဆွေးနွေးမှုစကားဝိုင်းသည် ငြိမ်းချမ်းရေး အစပြုရာနေရာဖြစ်ပြီး ဆွေးနွေးမှုများကို ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်သွားပါက ပြဿနာအား ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်း ရှာဖွေတွေ့ရှိနိုင်ပြီးငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
အကျပ်အတည်းဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ်အမြဲ လက်ကိုင်ထားကာ အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရန် မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ အဆိုပြုသော “လုပ်ဆောင်သင့်သည့်အချက် ၄ ချက်” သည် တရုတ်နိုင်ငံ၏ ယူကရိန်းအရေးကို ဖြေရှင်းရာတွင် အခြေခံမူများဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသင့်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာသင့်ကြောင်း၊ နိုင်ငံအသီးသီး၏ ကျိုးကြောင်းဆီလျော်သော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အလေးအနက်ထားသင့်ကြောင်း၊ အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရန်အထောက်အကူပြုသော ကြိုးပမ်းအားထုတ်မှုအားလုံးကိုထောက်ခံသင့်ကြောင်း တရုတ်နိုင်ငံအနေဖြင့် ယူဆသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အကျပ်အတည်းသည် ယနေ့တိုင် ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ပတ်သက်နေသော ဝိရောဓိများမှာ ရှုပ်ထွေးပြီး ဆက်စပ်နေသည့် အကျိုးစီးပွားမှာလည်း ဘက်အသီးသီးနှင့် သက်ဆိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများနှင့် အကျိုးတူပါဝင်သူများ အားလုံး ပါဝင်လာခြင်း၊ အပြန်အလှန်ဆွေးနွေးမှုအတွင်း မတူကွဲပြားမှုများကိုထားရှိ၍ တူညီမှုများကို ရှာဖွေခြင်း၊ စေ့စပ်ညှိနှိုင်းမှုအတွင်း သဘောတူညီချက် စုဆောင်းခြင်း၊ အကျပ်အတည်းအားနိုင်ငံရေးအရ ဖြေရှင်းရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ဦးတည်ချက်ဆီသို့ အတူတကွ ကြိုးပမ်းသွားခြင်းတို့ကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား၊ ယူကရိန်း နှစ်နိုင်ငံသည် အိမ်နီးချင်းများဖြစ်ကြပြီး လိုအပ်သည်မှာ အမုန်းတရားများမဟုတ်ဘဲ စိတ်ကောင်းစေတနာထားခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုများမဟုတ်ဘဲ အပြန်အလှန်လေးစားခြင်းဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။

ရုရှား၊ ယူကရိန်း နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အမျိုးသားအခြေခံ၊ ရေရှည်အကျိုးစီးပွား ရှုထောင့်မှ အပြန်အလှန်၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပေးခြင်း၊ဘက်စုံ၊ ရေရှည်တည်တံ့၍ စည်းနှောင်နိုင်စွမ်းရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆောလျင်စွာရရှိရန် ကြိုးပမ်းခြင်းကို တရုတ်နိုင်ငံက အားပေးကြောင်း၊ ယူကရိန်းအကျပ်အတည်း၏အရင်းခံမှာ ဥရောပလုံခြုံရေးပဋိပက္ခများ၏ စုပေါင်းဖြစ်ပွားမှု၊ လုံခြုံရေး လိုအပ်ချက်နှင့် ယုံကြည်မှု လိုအပ်ချက်များ စုပုံလာမှု၊ စဉ်ဆက်မပြတ်ယိုယွင်းလာမှု၏ ရလဒ်ဖြစ်ကြောင်း၊ သက်ဆိုင်သူများ အနေဖြင့် အကျပ်အတည်းမှ သင်ခန်းစာယူသင့်ပြီးလုံခြုံရေးသည် ခွဲခြား၍မရဟူသော အခြေခံမူကို ထိန်းသိမ်းသင့်ကာ ဥရောပတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန်ဟန်ချက်ညီသော၊ ထိရောက်မှုရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သောဒေသတွင်းလုံခြုံရေးမူဘောင် တည်ဆောက်မှုကို မြှင့်တင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခ၊ စစ်ပွဲတွင် အနိုင်ရသူမရှိကြောင်း၊ စစ်ရေးနည်းလမ်းက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမည်မဟုတ်ကြောင်း၊ ဆောလျင်စွာ အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ခြင်း၊ နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းရန် ရှာဖွေခြင်းသာလျှင် တစ်ခုတည်းသော လက်တွေ့လျှောက်လှမ်းနိုင်သည့် လမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု ရပ်တည်ချက်ကို ဆက်လက် လက်ကိုင်ထားကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် အားစိုက်ဆောင်ရွက်သွားပြီး သက်ဆိုင်ရာဘက်အသီးသီးနှင့်အတူ ထိတွေ့ဆက်ဆံညှိနှိုင်းမှုများ ထိန်းသိမ်းသွား၍ အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် မလျှော့သောဇွဲဖြင့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စွန်းလေက အလေးအနက်ထား ပြောကြားခဲ့သည်။(Xinhua)
……………………
(Chinese Version)
中方呼吁乌克兰危机相关方坚持通过谈判打开通向和平的大门
新华社联合国3月23日电(记者吉黎)中国常驻联合国副代表孙磊23日在安理会审议乌克兰问题时发言,呼吁相关各方坚持通过谈判打开通向和平的大门。
孙磊说,年初以来,围绕乌克兰问题的各种对话密集推进,中方对此表示欢迎。谈判桌是和平的起点,只要坚持谈下去,就一定能找到解决问题的办法,打开通向和平的大门。
孙磊表示,自危机爆发以来,中方始终坚持劝和促谈、推动危机政治解决。中方提出的“四个应该”是中国处理乌克兰问题的根本遵循。中方认为,各国主权、领土完整都应该得到尊重,《联合国宪章》宗旨和原则都应该得到遵守,各国合理安全关切都应该得到重视,一切有利于和平解决危机的努力都应该得到支持。危机延续至今,涉及的矛盾错综复杂,牵扯的利益攸关各方。中方支持各当事方和利益攸关方都参与到和谈进程中来,在对话中求同存异,在谈判中积累共识,共同朝着政治解决危机、实现持久和平的方向努力。
孙磊说,俄罗斯、乌克兰两国比邻而居,需要的是善意而不是仇恨,是相互尊重而不是对立对抗。中方鼓励俄乌双方从本民族根本和长远利益出发,照顾彼此合理关切,争取早日达成全面、持久、有约束力的和平协议。乌克兰危机的本质是欧洲安全矛盾的总爆发,是安全赤字和信任赤字长期积累、不断恶化的结果。相关各方应从危机中汲取教训,秉持安全不可分割原则,推动构建均衡、有效、可持续的地区安全架构,实现欧洲长治久安。
孙磊强调,冲突战争没有赢家,军事手段带不来持久和平,早日停火止战、寻求政治解决是唯一可行之道。中方将继续秉持客观公正立场,致力于劝和促谈,同有关各方保持接触沟通,为政治解决危机作出不懈努力。(完)
图说:这是12月23日在位于纽约的联合国总部拍摄的联合国安理会就委内瑞拉局势举行的紧急会议现场。新华社发(联合国供图/埃瑟金德尔·德贝贝摄)