North America
အမေရိကန်-အီရန် စေ့စပ်ဆွေးနွေးမှုသတင်းများကြောင့် ကမ္ဘာ့ရေနံဈေး သိသိသာသာ ကျဆင်းလာ
နယူးယောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန် စေ့စပ်ဆွေးနွေးနေသည်ဟူသော သတင်းများကြောင့် ကမ္ဘာ့ ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် မတ် ၂၄ ရက် ညပိုင်းတွင် ၅ ရာခိုင်နှုန်းကျော် သိသိသာသာ ကျဆင်းခဲ့သည်။
အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မတ် ၂၄ ရက် ည ၈ နာရီ ၂၀ မိနစ်အထိ နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX) ၏ မေလတွင် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ယင်းနေ့ မွန်းလွဲပိုင်း ဈေးကွက်ပိတ်သိမ်းချိန်တွင် ကန်ဒေါ်လာ ၄.၆၄ ဒေါ်လာ လျော့နည်းပြီး ရေနံတစ်စည်လျှင် ကန်ဒေါ်လာ ၈၇.၇၁ ဒေါ်လာဖြင့် ၅.၀၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မေလတွင် ပေးပို့မည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည်လည်း ယင်းနေ့ ဈေးကွက်ပိတ်သိမ်းချိန်တွင် ကန်ဒေါ်လာ ၆.၂၉ ဒေါ်လာ လျော့နည်းပြီး ရေနံတစ်စည်လျှင် ကန်ဒေါ်လာ ၉၈.၂ ဒေါ်လာဖြင့် ၆.၀၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
The New York Times ၏ ယင်းနေ့ သတင်းများအရ လက်ရှိ စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရန် အချက် ၁၅ ချက်ပါသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်အား အမေရိကန်က ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် အမေရိကန်အနေဖြင့် အီရန်နှင့် တစ်လကြာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း အခြားသတင်းများအရ သိရသည်။ (Xinhua)
——————
(Chinese Version)
美伊谈判传闻导致国际油价显著走低
新华社纽约3月24日电(记者刘亚南)受有关美国与伊朗进行谈判的传闻影响,国际原油期货价格在24日晚些时候显著下跌超5%。
截至美东时间24日晚8点20分,纽约商品交易所5月交货的轻质原油期货价格从当日午后收盘价下跌4.64美元,至每桶87.71美元,跌幅为5.02%;5月交货的伦敦布伦特原油期货价格从当日收盘价下跌6.29美元,至每桶98.20美元,跌幅为6.02%。
据《纽约时报》当日报道,美国已经通过巴基斯坦向伊朗传递一份旨在结束当前军事冲突的涵盖15个要点的停战协议。另据报道,美国同时寻求与伊朗实现为期一个月的停火。(完)
1. 3月11日,顾客在法国北部的阿斯克新城一处加油站加油。新华社发(塞巴斯蒂安·库尔吉摄)
