Connect with us

North America

အမေရိကန်က အမှတ် ၈၂ လေထီးတပ်မမှ စစ်သည် ၂,၀၀၀ ခန့်အား အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Wilshire Federal အဆောက်အဦရှေ့တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အီရန်နှင့် သံတမန်ရေးလှုပ်ရှားမှု လုပ်ဆောင်နေသည့်တစ်ချိန်တည်းတွင် ပိုမိုများပြားသော စစ်ရေးရွေးချယ်ချက်များ ရရှိစေရန်အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်ကြည်းတပ် အမှတ် ၈၂ လေထီးတပ်မမှ စစ်သည် ၂,၀၀၀ ခန့်အား အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် The New York times က မတ် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါတပ်ဖွဲ့သည် အမှတ် ၈၂ လေထီးတပ်မ၏ လျှပ်တစ်ပြက် တုံ့ပြန်ရေးတပ်ဖွဲ့မှ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လျှပ်တစ်ပြက် တုံ့ပြန်ရေးတပ်ဖွဲ့တွင် စစ်သည် ၃,၀၀၀ ခန့်ရှိပြီး ၁၈ နာရီအတွင်း ကမ္ဘာ့မည်သည့်နေရာကိုမဆို ဖြန့်ကြက်နေရာချထားနိုင်ကြောင်း၊ ယခုအကြိမ် အရှေ့အလယ်ပိုင်းသို့စေလွှတ်သည့် တပ်ဖွဲ့များတွင် အမှတ် ၈၂ လေထီးတပ်မ ကွပ်ကဲရေးမှူးနှင့် စစ်ဦးစီးဝန်ထမ်း ဒါဇင်ချီ၊ တပ်ရင်းနှစ်ခု၏ စစ်သည်အင်အားများ ပါဝင်ကာ တပ်ရင်းတစ်ခုစီတွင် စစ်သည် ၈၀၀ ခန့်ရှိကြောင်း သတင်းအရ သိရသည်။
လက်ရှိတွင် အဆိုပါစစ်သည်များအား အရှေ့အလယ်ပိုင်းဒေသ၌ အသေးစိတ်ဖြန့်ကြက်နေရာချထားမည့် နေရာကို မသိရှိရသေးကြောင်း၊ အနာဂတ် ရက်အနည်းငယ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ ပိုမိုများပြားသည့် စစ်သည်များ စေလွှတ်သွားနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိက ဆိုသည်။
အမေရိကန်အနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအား ထောက်ပံ့ပေးရန်အတွက် အမှတ် ၈၂ လေထီးတပ်မမှ လူဦးရေ ၃,၀၀၀ ခန့်ရှိသည့် စစ်ဆင်ရေးတပ်မဟာတစ်ခု ရွေးချယ်စေလွှတ်ရန် စဉ်းစားနေကြောင်း၊ ၎င်းစစ်သည်များကို အီရန်၏ ရေနံတင်ပို့မှုအချက်အချာ Kharg ကျွန်းအား သိမ်းပိုက်ရန်အတွက် အသုံးပြုနိုင်ကြောင်း The New York Times က မတ် ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)

——————–
(Chinese Version)
美调派第82空降师约2000名士兵前往中东
新华社华盛顿3月24日电 据美国《纽约时报》24日援引美国国防部官员消息报道,国防部已调派美陆军第82空降师约2000名士兵前往中东,以备总统特朗普在与伊朗展开外交行动的同时有更多军事选项。
报道说,该部队将从第82空降师的快速反应部队中派出,该快速反应部队有约3000名士兵,能够在18小时内部署到世界任何地方。此次派往中东的部队包括第82空降师指挥官和数十名参谋人员,以及2个营的兵力,每个营约有800名士兵。
美国防部官员称,目前尚不清楚这批士兵在中东的具体部署地点,未来几天可能会派遣更多士兵前往中东地区。
《纽约时报》23日报道说,美国正考虑从第82空降师抽调一个约3000人的作战旅,支援对伊朗军事行动,可能会用于夺取伊朗石油出口枢纽哈尔克岛。(完)
图说:美国海军陆战队士兵在洛杉矶威尔希尔联邦大楼的入口处站岗(2025 年 6 月 13 日摄) 新华社发(邱晨摄)